ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ မွတ်စလင်မ်မိသားစု မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် အလုပ်သင်ဆရာဝန် ဂုဏ်ပြုနှုတ်ဆက်ပွဲမှ အမှတ်တယများ
(၁၇.၂.၂၀၁၃ - တနင်္ဂနွေနေ့)
- ဘာသာတရားတိုင်းက ကောင်းတာကိုပဲ သွန်သင်ပါတယ်။ လူတွေကို ထိန်းချုပ်ပေးတာ ဘာသာတရားပဲ။သူ့ဘာသာ ကိုယ့်ဘာသာ အားလုံးက for good, ကောင်းတာတွေအတွက်ပါပဲ။ အားလုံး အချင်းချင်းကတော့ mutual respect ရှိရမယ်။မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ကြတယ်။ ဒီခေတ်ကြီးမှာ English, Computer, Communication ကျွမ်းကျင်ရမယ်။အခု ဒီ ဆေး(၁)မိသားစုဟာ ဆေး(၁)ရဲ့ မိသားစုသာ မဟုတ်ပဲ community ရဲ့ မိသားစုဖြစ်ရမယ်။ * ပါမောက္ခဒေါ်ကြည်ကြည်သင်း
- အခု ကျွန်တော်တို့တွေရဲ့ မိသားစုဟာ social group ပါ။ social work တွေလုပ်ကြဖို့ social network တွေလိုတယ်။ ရှိတယ်။ Facebook တို့ twitter တို့ အစရှိတာတွေဟာ social network တွေပါပဲ။ Online မှာ လုပ်နေကြပေမယ့် အပြင်မှာလည်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့် အပြင်မှာလည်း တွေ့ဆုံကြဖို့ လိုပါတယ်။ ဒါဟာ Unity ပါ။ အွန်လိုင်း activities တွေတင်မဟုတ်ပဲ အပြင် activities တွေမှာလည်း ပါဝင်ကြဖို့ လိုပါတယ်။ အုတ်တစ်ချပ်ဆိုတာဟာ သာမန်တော့ အုတ်တစ်ချပ်အနေနဲ့ရှိတာပါပဲ။ ဒါပေမယ့် အဲဒီ အုတ်ချပ်တွေ အများကြီးပေါင်းစုလိုက်ရင် ခိုင်မာတဲ့ တံတိုင်းကြီးဖြစ်သွားတယ်။ ဒါဟာ Unity ပါပဲ။ Unity ဖြစ်ဖို့ Harmony ဖြစ်ဖို့ လိုပါတယ်။အလ္လာဟ်အရှင်မြတ်က ကလောင်တံကို စတင်ဖန်တီးပေးခဲ့တာဟာ ပညာကို အလေးထားကြောင်း ပေါ်လွင်ပါတယ်။ တမန်တော်မြတ်လက်ထက်က ကုရ်အာန်ကို စုပြီးသင်ကြားကြတယ်။ လူနာတွေကို စုပြီး ဆေးကုသမှုပေးကြတယ်။ ဒါတွေဟာ volunteerlism ပါပဲ။ ဒီတော့ အားလုံးမှာ volunteer စိတ်ဓါတ်ရှိရမယ်။ * ပါမောက္ခ ဒေါက်တာဦးမျိုးဝင်း (ဇီဝဓါတု ဌာနမှူး - အငြိမ်းစား)