နုရည်ထွန်း ဆက်သွယ် မေးမြန်းသည်။
စင်္ကာပူနိုင်ငံ GCE O-Level က ထူးချွန် မြန်မာကျောင်းသူလေး မယွန်းရတီနိုင်
![]() |
အောင်စာရင်းကြေညာပြီး Certificate လက်ခံရယူနေသည့် ညီမငယ် ယွန်းရတီနိုင် |
.
စင်္ကာပူနိုင်ငံ Westwood
Secondary School မှာ ပညာသင်ကြားနေတဲ့ ညီမငယ် မယွန်းရတီနိုင်ဟာ ၂၀၁၆-ခု ဇန်န၀ါရီလ (၁၁)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းအရ GCE
O-Level စာမေးပွဲကို ဘာသာစုံဂုဏ်ထူး (7-D)ထွက်ရှိပြီး
တစ်ကျောင်းလုံးမှာ ပထမဆုရရှိခဲ့ပြီး တစ်ကျောင်းလုံးရဲ့ Top -1 ဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ညီမငယ် ယွန်းရတီနိုင်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုမှတ်တမ်းတင်လိုတာရယ် တခြားသော မောင်ငယ်ညီမငယ်များ စံနမူနာယူနိုင်စေဖို့ရန် ရည်ရွယ်ပြီး ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါတယ်။
.
ညီမလေးရေ၊ ညီမလေးက စင်ကာပူ GCE O-Level ကို ဘာသာစုံ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်ဆိုတာ သိရတယ်လေ။ အဲဒါကြောင့် ညီမလေး ထူးချွန်စွာအောင်မြင်ခဲ့သလို နောက်လာမယ့် မောင်ညီမငယ်တွေ စံနမူနာယူလို့ရအောင် ညီမလေးရဲ့ အောင်မြင်မှုလေးတွေ မေးမြန်းမယ့် အစီအစဉ်လေး စလိုက်ကြရအောင်နော်။
ဟုတ်ကဲ့ အစ်မ။
.
ညီမလေးရဲ့
နာမည်ကို ပြောပြပေးပါဦး။ အာရဗီနာမည်ရော၊ မြန်မာနာမည်ရော။
သမီးရဲ့
မြန်မာအမည်က ယွန်းရတီနိုင်ပါ။ အာရဗီအမည်ကတော့ Rahila ပါ။
.
မိဘတွေကရော။
မိဘတွေက
ဦးတင်ကိုနိုင်နဲ့ ဒေါ်သီတာကျော်ပါ။ အဖေက စင်္ကာပူမှာ
Residential
Technical Officer ရာထူးနဲ့ အလုပ်လုပ်ရင်း သမီးနဲ့ အတူ နေထိုင်ပါတယ်။
အမေကတော့ အခုလောလောဆယ်မှာ နယူးယောက်ခ်မှာ အလုပ်လုပ်ပါတယ်။
.
.
ညီမလေးအသက်နဲ့
မွေးသက္ကရာဇ်ပြောပြလို့ရမလား။
မွေးသက္ကရာဇ်က ၁၉၉၇-ခု၊ မေလ (၁၂)ရက်ဆိုတော့ အခုဆို သမီး အသက် (၁၈)နှစ်ရှိပါပြီ။
.
ညီမလေးရဲ့
ပညာရေးအခြေအနေနဲ့ ကျောင်းမှာ ထူးချွန်မှုလေးတွေကို ပြောပြပေးပါဦး။
မြန်မာပြည်မှာတုန်းက ဆဌမတန်းအထိ တက်ခဲ့ပါတယ်။ ဗိုလ်တစ်ထောင်(၂)မှာတက်ခဲ့ပြီး (၆)တန်းနှစ် အလယ်မှာ ထွက်ခဲ့တာပါ။ မြန်မာပြည်မှာတုန်းကတော့
သမီးမှတ်မိသလောက်ဆိုရင် သမီးက ထူးထူးခြားခြား ထူးချွန်ခဲ့တာ သိပ်မရှိဘူး။
သမီးလိုက်နိုင်သလောက်ပဲ လုပ်ခဲ့တာ။ ဒီရောက်တော့မှ သမီးသေချာ ကြိုးစားဖြစ်ခဲ့တာ။
ဒီစင်္ကာပူကို ရောက်တော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ၅-တန်းက စပြီးတက်ရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ဒီက Public School ကို ၀င်ရတာ။ နည်းနည်းတော့ကြာတယ်။ တစ်နှစ်လောက်နေမှ တက်ရတာ။ (၅)တန်းကနေ စတက်ရတယ်။ Pioneer Primary School မှာ စတက်ခဲ့ပါတယ်။
ဒီစင်္ကာပူကို ရောက်တော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ၅-တန်းက စပြီးတက်ရတယ်။ စာမေးပွဲဖြေပြီး အောင်တော့မှ ဒီက Public School ကို ၀င်ရတာ။ နည်းနည်းတော့ကြာတယ်။ တစ်နှစ်လောက်နေမှ တက်ရတာ။ (၅)တန်းကနေ စတက်ရတယ်။ Pioneer Primary School မှာ စတက်ခဲ့ပါတယ်။
.