Tuesday, September 03, 2013

သူငယ်ချင်း

Fri
သူငယ်ချင်းလို့
ခေါင်းစဉ်တပ်ထားခဲ့တဲ့
ဇာတ်လမ်းလေး တစ်ပုဒ်ထဲမှာပေါ့လေ
သူငယ်ချင်းဆိုသူ
သူတစ်ယောက်အတွက် ကျန်တယောက်က
အသည်းကွဲစရာရှိလို့ အသည်းကွဲသင့်ပါသလား???

သူငယ်ချင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
စိတ်ကူးအိမ်မက်အရာရာဟာ
လေထဲက တိမ်တွေလို
တဖြည်းဖြည်းလွင့်မျောပြီပေါ့။



နောက်ဆုတ်ဖို့ အချက်ပေးသံမြည်နေပေမယ့်
ရှေ့ဆက်တိုးဖြစ်ခဲ့တာလည်း ငါမှားခဲ့တာပေါ့။

လူငယ်တယောက်အနေနဲ့
နှလုံးသားကို အခွင့်အရေးလေး
ပေးသင့်တယ်ထင်မိတာ
အခုတော့ ဦးနှောက်ကို ဦးစားပေးရမဲ့ အလှည့်ပြန်ရောက်တော့မယ်။

အကောင်းဆုံးတွေပေးချင်လို့
အမှားတွေမဖြစ်ချင်ခဲ့တာ အပြစ်မဟုတ်တဲ့ အချစ်စစ်တခုနဲ့ ချစ်နေချင်လို့ပါ။

အမျိုးသားရေးအတွေးများနဲ့
နှလုံးသားရေး မကျွမ်းကျင်တဲ့ငါ
မှားပြီးရင်းထပ်မှားပြန်တယ်။

အဆုံးသတ် သင်ခန်းစာကို ဖတ်မိချိန်မှာတော့
နိဂုံးအဆုံးသတ်အဖြစ်
ပြီးဆုံးခဲ့တဲ့အရာတွေနဲ့
မနက်ဖြန်များစွာဟာ
လွမ်းစရာတွေအပြည့်ပေါ့။

ဘာပဲဖြစ်ဖြစ်
ဘယ်လိုခေါင်းစဉ်တပ်တပ်
အဆုံးသတ်မှာ
တခြားဆုလာဘ်တွေကို
မလိုချင်တော့ပါဘူး။

နှစ်သက်မြတ်နိုးခဲ့ဖူးတာလေးကို
အသိအမှတ်ပြုပေးတယ်ဆိုရင်ပဲ
တကယ်ကို ကျေနပ်ပါပြီ။

နောက်ဆုံး မဟုတ်တဲ့
နောက်ဆုံး ပြောပြချင်မိတာလေးပေါ့။

ရှမ်းမင်းသား

No comments:

Post a Comment