![]() |
လွန်ခဲ့တဲ့ ၂-နှစ်က မွေးခန်းထဲက ထွက်လာခါစ သမီးလေး |
လွန်ခဲ့တဲ့ ၂-နှစ်လောက်က ရန်ကုန်မှာ ကိုယ်နေတဲ့ အဆောင်က အဆောင်မှူး အစ်မ ကလေးမီးဖွားတော့ သူ့အမျိုးသားက ခရီးဝေးမှာ ရောက်နေတယ်။ သူတို့ ဆွေမျိုးသားချင်းတွေကလည်း နယ်က ဖြစ်နေတော့ အဆောင်မှူးအစ်မ ဘေးနားမှာ ဆွေမျိုးသားချင်းလည်း တစ်ယောက်မှ မရှိဘူး။
သူကလေးမွေးချင်လို့ ဗိုက်နာတာကလည်း သောကြာညဖြစ်နေတော့ စနေနေ့ အလုပ်ပိတ်တဲ့ ကိုယ်တစ်ယောက်ပဲ သူ့ဘေးနားမှာ အချိန်ပြည့်နေခဲ့ရတယ်။ ဆေးရုံပေါ်ရောက် သားဖွားခန်းထဲထိလည်း သူ့ဘေးနား ကိုယ် တစ်ချိန်လုံး နေခဲ့ရတယ် ... သူ ဗိုက်နာလွန်းလို့ အော်တဲ့ခံစားချက်ကိုကြည့်ရင်း ကိုယ့်ညီမလေး မီးဖွားချိန်က ညီမလေး ဘေးနားမှာတောင် ကိုယ် အဲ့လို နေမပေးနိုင်ခဲ့တာ သတိရရင်း ... အစ်မကို တစ်ချိန်လုံး အားပေးနေခဲ့ရတယ်။ သူ့မှာ ဗိုက်နာလွန်းလို့ ကိုယ့်လက်ကိုလည်း မလွှတ်တမ်း ဆွဲထားပြီး ညည်းနေရှာတယ် .... Nurse လည်း တစ်ယောက်မှ ငှားလို့ မရဘူး။ မနက်မိုးလင်းမှ Nurse ငှားလို့ရမယ်တဲ့လေ။
ဗိုက်နာလွန်းပြီး ကလေးမမွေးဖွားနိုင်လွန်းဖြစ်နေတ