အားကောင်းတဲ့ အသေးအဖွဲ အမူအကျင့်တွေကနေ မင်းရဲ့ ကြီးမားအောင်မြင်တဲ့ တစ်နေ့တာကို တစ်ဆင့်ပြီးတစ်ဆင့် စတင်ပါ။
၁။ ပိုပြီး စောစောထပါ။ အိပ်ယာထနေကျအချိန်ထက် နေ့စဉ် ၅-မိနစ် ပိုစောထပါ။
၂။ အိပ်ယာထပြီးတာနဲ့ အိပ်ယာသိမ်းပါ။
၃။ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ် အညောင်းဆန့်ပါ။
၎။ အညောင်းဆန့်ပြီးတာနဲ့ ရေတစ်ဖန်ခွက်သောက်ပါ။
၅။ ပုံမှန်သောက်နေကျ ဗီတာမင်တွေရှိရင် သောက်ပါ။
၆။ ဗီတာမင်တွေသောက်ပြီးတဲ့အခါ သွားတိုက်ပါ။
၇။ မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကို ပြုံးပြပါ။ အဲ့ဒါဟာ မင်းရဲ့ ပျော်ရွှင်ခြင်းကို ပိုပြီးမြင့်တက်လာစေပါတယ်။
၈။ ၅-မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါ။ တဖြေးဖြေးနဲ့ အချိန်တိုးလုပ်ပါ။
၉။ လေ့ကျင့်ခန်းပြီးတာနဲ့ ကျန်းမာစေမယ့် အစာများနဲ့ မနက်စာစားပါ။
၁၀။ မနက်တိုင်းမှာ မိသားစုနဲ့အတူ မိနစ်အနည်းငယ်လောက် အတူဆုံတွေ့ပါ။
၁၁။ တစ်နေ့တာအတွက် မင်းရဲ့ ရည်မှန်းချက် ၃-ခုကို ချရေးပါ။
၁၂။ မင်းရဲ့ တစ်နေ့တာ ရည်မှန်းချက်တွေကို ၅-မိနစ်ခန့်အချိန်ယူပြီး တွေးတောမြင်ယောင်ကြည့်ပါ။
၁၃။ တွေးတောမြင်ယောင်မှုများကို အကျဉ်းမျှ ငြိမ်သက်စွာစဉ်းစားပါ။
၁၄။ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို ပြုကျင့်ပါ။
၁၅။ အိမ်က ထွက်ခါနီးတိုင်း "ချစ်တယ်"ဆိုပြီး ချစ်ကြောင်း ပြောဖို့ မမေ့ပါနဲ့။
Ref : Slideshare, Photos : Google
No comments:
Post a Comment