အများတင်စား နေနဲ့လဟာ
ဘာဆိုလိုမှန်း ကိုယ်မတွေးမိ
ကိုယ်ပြောနေတဲ့ နေနဲ့လဟာ
မင်းနဲ့ကိုယ့်ကို ရည်ညွှန်းတာပါ … ။
မင်းဟာနေမင်း ကိုယ့်ရဲ့မျှော်လင့်ခြင်းပါပဲ
ကမ္ဘာကြီးအတွက် မရှိမဖြစ်တဲ့ နေမင်းဟာ
တစ်ခါတစ်လေမှာ ပူပြင်းလွန်းလို့
သက်ရှိအားလုံး နွမ်းနယ်ကြသတဲ့ … ။
ကိုယ့်ဘ၀လည်း ဒီလိုပါပဲ
မင်းဟာ ကိုယ့်အတွက်တော့ နေတစ်စင်းပေါ့
မင်းနဲ့ဝေးနေရင် ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မဲ့
တစ်ခါတစ်လေမှာ မင်းအတွက်ကြောင့်
ကိုယ် နွမ်းမောခဲ့ရတယ် … ။
ကိုယ့်ကိုယ်ကိုတော့ လမင်းပဲပေါ့
လမှာ ကိုယ်ပိုင်အလင်းရောင်မရှိခဲ့ပါ
နေရဲ့ရောင်ပြန်ပေးမှုကြောင့်သာ
လမင်းထိန်ထိန်သာခဲ့သတဲ့ … ။
မင်းအတွက်တော့ ကိုယ်ဟာလမင်း
ကိုယ့်မှာ မင်းကြောင့် ရှင်သန်နေရတယ်
ဒါကို မင်းလည်းသိပါတယ် … ။
ဒါပေမယ့်လည်း …
ကိုယ့်တင်စားမှု နေနဲ့လဟာ
မင်းအတွက်တော့ ...
ပုံပြင်တစ်ပုဒ်ပါပဲကွာ …….. ။
ပန်းတစ်ပွင့်
20.2.2006 (10:45 am)
သူငယ်ချင်းအတွက် အငှားခံစားသည်။
No comments:
Post a Comment