Sunday, December 25, 2011

မန္တလေးပြန်ရောက်တဲ့ ပထမဆုံးတစ်နေ့တာ

မန္တလေးပြန်ရောက်တဲ့ ပထမဆုံးတစ်နေ့တာ


မနေ့က မန်းတလေးကိုပြန်လာတယ် .... ကားပေါ်မှာပဲရှိသေးတယ် သယ်ရင်းကျော်မိုးအောင်က ဖုန်းဆက်လာတယ် ...... ဒီနေ့ မိတင်ကို လာပါတဲ့ .... အောင်မြတ်လေး ငါက အခုမှ ပြန်လာတာ ကားပေါ်မှာပဲရှိသေးတယ်လို့ပြောတော့ သြော် ... မသိပါဘူး ငါက နင် ပြန်ရောက်ပြီထင်လို့တဲ့ .... ဒါနဲ့ ဒီနေ့မနက် အဘစွာကို ဖုန်းဆက်တော့ ဖုန်းက လုံးဝ ခေါ်လို့မရ၊ ဒါနဲ့ တစ်ခြားသယ်ရင်းတွေ ဟန်းဖုန်းကြီးတွေကိုခေါ်တော့ တစ်ယောက်မှ ခေါ်မရ ... ဒါနဲ့ ငါ့ဖုန်းတော့ မန်းတလေးရောက်တာနဲ့ ဂေါက်ပြီလို့ထင်နေတုန်း သယ်ရင်းကျော်မိုးအောင်ဆီက ဖုန်းဝင်လာတယ် ... ချက်ချင်းဖုန်းပြန်ကျသွားတယ် .... အိမ်ဖုန်းနဲ့ဆိုတော့ ခေါ်လို့များရမလားလို့ ပြန်ခေါ်တော့မရဘူး။ သူ့ဟန်းဖုန်းခေါ်တော့လည်း မရတော့ဘူး ....



ဒါနဲ့ နီမိုအိမ်ကိုသွားပြီး နီမို့မေမေအတွက် နီမိုပေးလိုက်တာတွေပေးပြီး ... အဘစွာအိမ်ကို ချီတက်လိုက်တယ် ... ဘဘက မရှိဘူး ... အဘ မေမေနဲ့ပဲတွေ့တယ် အဘက ခုနကပဲ အင်တာနက်ဆိုင်သွားပြီဆိုတာနဲ့ အဘရဲ့အတင်းကို ကောင်းကောင်းအုပ်ပြီး စပယ်ရှယ်တိုင်ပြောလိုက်တယ် .... အဘအကြောင်းတွေ တိုင်ပြောလို့နေမှာ အဘ မေမေက သမီးမပြန်ခင် ခေါက်ဆွဲလာစားဦး လုပ်ပေးမယ်တဲ့ ... ဟီးဟီး အဘ မေမေကို ကျေးဇူးတွေအထပ်ထင်တင်ရင်း လာစားမယ်အန်တီ .... အန်တီဘယ်နေ့လုပ်ကျွေးမလဲ ဆွာတေးကိုသာ ပြောခိုင်းလိုက်တော့လို့ပြောပြီး MMSY အင်္ကျီ အဘအတွက်ယူလာတာကို ပေးခဲ့ပြီး အဘစွာရဲ့ အင်တာနက်ဆိုင်ကို ဆက်ပြီချီတက်လိုက်တယ် ... ဟိုရောက်တော့လည်း အခုပဲ ထွက်သွားတာ ဆိုတာနဲ့ အဘ ပြန်လာရင် ပြောလိုက်ပါ ဖုန်းဆက်ဦးလို့ပြောပြီး ..... ၂၈-လမ်းက သယ်ရင်းယဉ်နွယ်သက်အိမ်ကို သွားလိုက်တယ် ..... သယ်ရင်းဆီရောက်တော့ ကလေးတွေကို စာသင်လက်စဆိုတော့ ခဏလေးစောင့်ဦးဆိုတာနဲ့ ကျော်မိုးအောင်ဆီ ဖုန်းခေါ်ကြည့်လိုက်တော့ ရသွားတယ်။ အခုဘယ်မှာလဲဆိုတော့ ယဉ်နွယ်သက်အိမ်မှာဆိုတော့ ငါ အခု လာခဲ့မယ်ဆိုတာနဲ့ စောင့်နေလိုက်တယ် ....

အဲဒီအချိန် အဘစွာကလည်း ဖုန်းဆက်လာတယ်။ ဒါနဲ့ သူ့ကို ၁၂-နာရီ 'ကြယ်'မှာပဲ ဆုံမယ်လို့ပြောလိုက်တယ်။ ကျော်မိုးအောင်ကို စောင့်ရင်းနဲ့ သယ်ရင်းအိမ်က အင်တာနက်သုံးရင်း ဆိုက်ထဲ ခဏလေး ၀င်ကြည့်လိုက်တယ်။  ၅-မိနစ်လောက်ပဲကြတယ် ကျော်မိုးအောင်လည်း ရောက်လာတာနဲ့ ဆုံကြတော့ ဘာလဲ ဘာအရေးကြီးနေလဲဆိုတော့ နင့် အဖေကို မနိုင်လို့ လာပြောတဲ့ ဟဲ့ ဘာကို မနိုင်တာလဲ အဖေကိုတောင်မနိုင်ရင် သမီးက အဖေထက်ဆိုးတယ် ဘာလဲဆိုတော့ နင့် အိမ်က စာအုပ်ဗီရိုရှင်းဖို့ အဲဒါ သတိပေးတာတဲ့။ အိမ်မှာ စာအုပ်ဗီရိုရှင်းလင်းရေးလုပ်ဖို့ မနက်ဖြန် - သဘက်ခါ ၂-ရက် အပွိုင့်မန့်ယူထားပြီးသား မပူနဲ့။ ရှင်းပြီးတာနဲ့ Scan လုပ်ရမယ့်ဟာမှန်သမျှ နင့်ဆီ အကုန်ပို့မယ် လို့ပြောလိုကတယ်။ သယ်ရင်း ယဉ်နွယ်သက်ကလည်း သူ့အဖေရဲ့ စာအုပ်ပုံမွှေပြီး ရှာဖွေထားတဲ့ သမိုင်းဝင်ဓါတ်ပုံလေးတွေ ကိုကျော်မိုးအောင်ကို ပေးမယ့်အကြောင်းပြောတယ်။ အဝေးရောက်နေတဲ့ သယ်ရင်းတစ်ယောက်ကလည်း ဒီနေ့ပဲ မန်းတလေးကို ရောက်မယ်ဆိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ညနေမှာ သယ်ရင်းတွေအားလုံးဆုံကြဖို့ ချိန်းလိုက်ကြတယ်။ စကားတွေပြောပြီးကြတော့ ၁၂-နာရီလည်း ထိုးနေပြီမို့ ကြယ်ကို ချီတက်လိုက်ပြန်တယ် ....

'ကြယ်'ရောက်တော့ ဘဘက မရောက်သေးဘူး။ ဒါနဲ့ ထမင်းပေါင်းတစ်ပွဲမှာစားရင်း စောင့်နေလိုက်တယ် .. ခဏနေတော့ ဘဘရောက်လာတယ် .... ရောက်ရောက်ချင်းပဲ ဘယ်မလဲ MMSY အင်္ကျီတဲ့ ... နင့် မေမေကို ပေးခဲ့ပြီလို့ပြောပြီး .... အလ္လာပ သလ္လာပ ပြောနေတုန်း (အမှန်ကတော့ ရန်ဖြစ်ကြတာ) သယ်ရင်းတစ်ယောက်က ဖုန်းဆက်လာတယ် .... အခု ဘယ်မှာလဲတဲ့ သူလာမလို့တဲ့။ ဒါနဲ့ ၂၇-လမ်းမှာရှိနေတယ် ခဏစောင့် နောက် နာရီဝက်နေရင် လာမယ်ဆိုပြီး။ အဘစွာနဲ့ ဆက်ပြီး ရန်ဖြစ်ကြတယ်။ အဲဒီအချိန်မှာပဲ ဖုန်းက ထပ်ဝင်လာပြန်တယ် ရန်ကုန်ကနေ အလင်းရောင် လှမ်းဆက်တာ .... သာကေတက ကလေးတွေကို ထမင်းကျွေးချင်တဲ့ အလှူရှင်ရှိနေလို့ ဘယ်လိုလုပ်ရမလဲတဲ့ ... ဂျွန်နဲ့ တိမ်မိုးလွင်ကိုသာ ဆက်သွယ်လိုက်တော့လို့ပြောလိုက်တယ်။ .... ဗုဒ္ဓဟူးနေ့ သယ်ရင်းတွေဆုံမယ့်အကြောင်း ဆွာလေးကိုပါပြောပြီး ပြန်ကြမယ်လုပ်တော့ ... အဘက ခေါက်ဆွဲဆိုင်ကို အစ်မရေ မှတ်သာထားလိုက်တော့တဲ့ .... အောင်မြတ်လေး.... တော်ပါပြီ အဘစွာရယ် ရှက်လိုက်တာ ငါ့ပဲ ရှင်းလိုက်တော့မယ်ဆိုပြီး လစ်ပြေးလာရတယ် ....... ဟော ဟဲ ......... မောတာ .......... ဒီလိုနဲ့ ခုနက ဖုန်းဆက်ထားတဲ့ သယ်ရင်းအိမ်ကိုဝင်ပြီး ယူစရာရှိတာယူပြီး သကာလ အိမ်ကို ပြန်ပြေးလာရတယ်။ နိဗ္ဗာန်ဆော်မဂ္ဂဇင်းအတွက် စာမူတောင်းလို့ ရေးမယ်စိတ်ကူးပြီး စာရေးတာ ဘာမှထွက်မလာလို့ စာမူအဟောင်းတွေပဲ ပြန်ရှာနေလိုက်တယ် ............ ဟူးးးးးးးးးးးးး

.......... မန္တလေးရောက် ပထမဆုံးတစ်နေ့တာ ..................

Online မှာ မေးလ်လာစစ်ရင်း ...... download လုပ်ရင်း စာတစ်ပုဒ်ရေးဖြစ်သွားတယ် .............. :)

No comments:

Post a Comment