အချို့ က ဆိုကြပါသည်။
“စမ်းချောင်းတစ်ခု သည် အာရုံခံစားမှုတို့ ရှိရန် မလိုအပ်၊ စီးဆင်းတတ်ရန်သာ လိုသည်” တဲ့။
ကျွန်တော်သည် စမ်းချောင်းတစ်ခုသာဖြစ်ပါသည
ကျွန်တော့်ကျောပေါ်တွင် တစ်ခါတရံ ပန်းပွင့်ကလေးတို့ လိုက်ပါတတ်၍ ကျွန်တော့်ဝမ်းအောက်တွင်မူ ကျောက်စရစ်ပွင့်တို့ လိုက်ပါတတ်ပါသည်။
ကျွန်တော့်ရင်ခွင်ထဲ၌ မြူးတူးကူးခပ်သောအဏ္ဏဝါငယ်တိ
လှည့်ဖျားတတ်သော ချိတ်ဖျား၌ ဇီဝိန်ကြွေရလေသောရွှေငါးလေးတ
မည်သို့ ဆိုစေ...
စမ်းချောင်းတစ်ခု ဖြစ်သည့်အတွက် ကျွန်တော့်မှာ ရွေးချယ်ခွင့် လုံးဝ မရှိပါ။
အမှိုက်သရိုက်တို့ပါသည်ဖြစ်
ကွေ့ ကောက်စွာဖြစ်စေ၊ဖြောင့်တန်
ကျွန်တော်...ကျေနပ်စွာ...စီ
ကျွန်တော်...တိတ်ဆိတ်စွာ...
ပြီးတော့ ...ကျွန်တော် ကြည်လင်စွာ..အေးမြစွာ...စီး
မှတ်ချက် ။ “စမ်းချောင်းတစ်ခု သည် အာရုံခံစားမှုတို့ ရှိရန် မလိုအပ်၊ စီးဆင်းတတ်ရန်သာ လိုသည်” တဲ့။ မှန်ပါသည်။ သို့သော် ထိုစမ်းချောင်းငယ်၏ ဖြစ်တည် စီးဆင်းမှုကိုတော့ အာရုံခံစားတတ်သောအသင်တို့ မြင်တတ်ဖို့ လိုပါသည်။
အိမ်ဝေးသူ
====================
အစ်မ .... ကျွန်တော် အစ်မအတွက် လက်ဆောင်တစ်ခုပေးမယ်။ အစ်မကိုယ်စား အစ်မအတွက် ရေးပေးထားတာ။ ဒီစာစုက အစ်မ အပိုင်ပဲဆိုပြီး ပုံကို စာသားလေးနဲ့လိုက်ဖက်အောင် ကိုယ်တိုင် create လုပ်ပေးတဲ့ မောင်လေး Eain Waay Thu ကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ်
No comments:
Post a Comment