IT ခေတ်ကြီးရဲ့ ကျွန်မတို့ လူမှုအသိုင်းအ၀ိုင်းမှာ ပျက်စီးလာတဲ့ စိတ်ဓါတ်တွေက အတော်လေး ကြောက်စရာကောင်းလှတယ် ..... ။
ဟိုးအရင်ခေတ်တွေက လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံခဲ့တဲ့ အမျိုးကောင်းသားတွေဟာ ရန်သူနဲ့ မျက်နှာချင်းဆိုင် စီးချင်းတွေ့တယ်၊ အယဉ်ကျေးဆုံးစကားတွေနဲ့ စာချွန်တော်အပြန်အလှန် ပို့တယ်။
ဒီဘက်ခေတ်ကြီးမှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသား အတော်လေး ရှားပါးသွားပါပြီ။ အမျိုးကောင်းသားလုံးဝ မရှိတော့တာ မဟုတ်ပေမယ့် အများစုရဲ့ စိတ်ဓါတ်တွေက နိမ့်ကျသွားကြတယ်။
အမျိုးသား အမျိုးသမီး အားလုံးမှာ ... ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သတ်မှတ်တာ၊ အမှန်တရားဘက် ရပ်နေသူတစ်ယောက်က ကိုယ့်ဘက်မပါတာ၊ ကိုယ်ပြောတဲ့စကားတိုင်းကို ဟုတ်ကဲ့၊ နာခံပါ့မယ်လို့ လိုက်မပြောပဲ အချက်အလက်နဲ့ ပြန်ပြောတာနဲ့ပဲ ကိုယ်နဲ့ စကားများ အချင်းများဖူးသူအဖြစ်သတ်မှတ်တာ၊ မနာလိုစိတ် တအားပေါက်ဖွားလာတာ၊ သူတစ်ပါးကို အပုတ်ချတတ်တဲ့ စိတ်ဓါတ်တွေ၊ ကိုယ်သာလျှင် တော်သည် တတ်သည်ဟု မာန်တက်လာတာတွေဟာ စိတ်ဓါတ် မပြည့်ဝသူတွေရဲ့ လုပ်ရပ်ပါပဲ။
ဒီလို စိတ်ဓါတ်တွေကိန်းအောင်းလာတဲ့ ခေတ်ကြီးဟာလည်း ကြောက်စရာကောင်းလှပြီး နောင်တက်လာမယ့် မျိုးဆက်တွေကို လက်ဆင့်ကမ်း ဆုံးမကြမယ့် အကြီးပိုင်းလူတွေမှာရှိတဲ့ ဒီစိတ်ဓါတ်ဟာ အနာဂတ်အတွက် ရင်လေးဖွယ်ရာပါပဲ .... ။
ဒါကြောင့် ကိုယ့်လူမှုအသိုင်းကို တကယ်တိုးတက်ဖွံ့ဖြိုးစေချင်သူမှ န်ရင် ကိုယ်တိုင်တွေရဲ့ စိတ်ဓါတ်ကို အရင်ဆုံး ပြုပြင်သင့်ပါတယ် .... ။
"အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။" (ကျမ်းမြတ်ကုရ်အာန် စူရာဟ်-၁၃၊ အာယသ်-၁၁)
ဟိုးအရင်ခေတ်တွေက လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံခဲ့တဲ့ အမျိုးကောင်းသားတွေဟာ ရန်သူနဲ့ မျက်နှာချင်းဆိုင် စီးချင်းတွေ့တယ်၊ အယဉ်ကျေးဆုံးစကားတွေနဲ့ စာချွန်တော်အပြန်အလှန် ပို့တယ်။
ဒီဘက်ခေတ်ကြီးမှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသား အတော်လေး ရှားပါးသွားပါပြီ။ အမျိုးကောင်းသားလုံးဝ မရှိတော့တာ မဟုတ်ပေမယ့် အများစုရဲ့ စိတ်ဓါတ်တွေက နိမ့်ကျသွားကြတယ်။
အမျိုးသား အမျိုးသမီး အားလုံးမှာ ... ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သတ်မှတ်တာ၊ အမှန်တရားဘက် ရပ်နေသူတစ်ယောက်က ကိုယ့်ဘက်မပါတာ၊ ကိုယ်ပြောတဲ့စကားတိုင်းကို ဟုတ်ကဲ့၊ နာခံပါ့မယ်လို့ လိုက်မပြောပဲ အချက်အလက်နဲ့ ပြန်ပြောတာနဲ့ပဲ ကိုယ်နဲ့ စကားများ အချင်းများဖူးသူအဖြစ်သတ်မှတ်တာ၊
ဒီလို စိတ်ဓါတ်တွေကိန်းအောင်းလာတဲ့ ခေတ်ကြီးဟာလည်း ကြောက်စရာကောင်းလှပြီး နောင်တက်လာမယ့် မျိုးဆက်တွေကို လက်ဆင့်ကမ်း ဆုံးမကြမယ့် အကြီးပိုင်းလူတွေမှာရှိတဲ့ ဒီစိတ်ဓါတ်ဟာ အနာဂတ်အတွက် ရင်လေးဖွယ်ရာပါပဲ .... ။
ဒါကြောင့် ကိုယ့်လူမှုအသိုင်းကို တကယ်တိုးတက်ဖွံ့ဖြိုးစေချင်သူမှ
"အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။" (ကျမ်းမြတ်ကုရ်အာန် စူရာဟ်-၁၃၊ အာယသ်-၁၁)
No comments:
Post a Comment