Tuesday, January 14, 2014

၁၄၂၈-ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ် အသံလွှင့်မိန့်ကြားသော တမန်တော်မြတ်ထေရုပ္ပတ္တိ

၁၄၂၈-ကြိမ်မြောက် တမန်တော်မွေးနေ့ အထိမ်းအမှတ် အသံလွှင့်မိန့်ကြားသော တမန်တော်မြတ်ထေရုပ္ပတ္တိ
ရန်ကုန်ခရိုင် ဗမက အတွင်းရေးမှူး ဦးကိုလေး အသံလွှင့်သည်။ (၂၉.၁၀.၅၅)


ဒီကနေ့ဟာ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်တဲ့ မုဟမ္မဒ်သခင် ကိုယ်တော်မြတ်ရဲ့ မီးရှူးသန့်စင်ဖွားမြင်တော်မူတဲ့နေ့ ဖြစ်ပါတယ်။ ချမ်းမြေ့သာယာခြင်းအပေါင်း ကိုယ်တော်မြတ်အပေါ် သက်ရောက်ပါစေသောဝ်။

ဒီလိုနေ့ထူးနေ့မြတ်မှာ ကမ္ဘာကစံနမူယူလောက်တဲ့ တမန်တော်မြတ်ရဲ့ သက်တမ်းရာဇဝင် တစ်စိတ်တစ်ဒေသကို အသံလွှင့်ပြောကြားခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်စွာနဲ့ ဂုဏ်ယူမိပါတယ်။

တမန်တော်မြတ်ဟာ ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်က အာရေဗျတိုင်းပြည် မက္ကဟ်မြို့တော်မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ အမျိုးအနွယ်တော်ဟာဆိုရင်လည်း အာရေဗျတိုင်းပြည်မှာ အမြင့်မြတ်ဆုံး ကုရိုက်ရှ်အနွယ်တော်များဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့ ဖခမည်းတော် အဗ်ဒုလ္လာဟ်သခင်ဟာဆိုရင် တမန်တော်မြတ် ဖွားမြင်သန့်စင်တော် မမူခင်ကဘဲ ကွယ်လွန်တော်မူခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မယ်တော် အာမိနဟ်သခင်မဟာလည်း တမန်တော်မြတ် သက်တော် ၆ နှစ်မှာ ကွယ်လွန်ပြန်ပါတယ်။ မိတဆိုးဖတဆိုး တမန်တော်လောင်းကလေးကို ဘိုးတော်အဗ်ဒုလ်မုသွလိဗ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ ဘိုးတော်လည်း မကြာမီပဲ ကွယ်လွန်တော်မူတာနဲ့ ဘထွေးတော် အဗူသွာလိဗ်ကတစ်ခါ ဆက်လက်စောင့်ရှောက်ကြည့်ရှုခဲ့ရပါတယ်။

Monday, January 13, 2014

အနက်ရှိုင်းဆုံး နှလုံးသားထောင့် တစ်နေရာမှာ တွယ်ငြိသွားတဲ့ပီတိ

ယင်းတော်နဲ့ မိတ္ထီလာက CAMP တချို့ကို ဒီနေ့ (ဇန်န၀ါရီ၁၁-၁၂) ရောက်တယ်။
အဓိကလုပ်ပေးဖြစ်တာက သူတို့တွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေး ကဏ္ဍပါ။

ဒီကဏ္ဍကို ကလေး၊ လူငယ်၊ အမျိုးသမီး ဆိုပြီး အကန့် ၃-ခု ပြန်ခွဲပြီး ပြောကြတော့ ကျွန်မ လူငယ်ဘက်ကို တာဝန်ယူခဲ့ရတယ်။ လူငယ်ဆိုပေမယ့် အသက် ၁၈ ကနေ ၃၅-၄၀ နှစ်အထိ ပါဝင်လာကြတယ်။
ပထမစစချင်းတော့ သူတို့တွေ ရင်ဖွင့်တာမှာ ပြောဆိုတာမှားသွားမှာ စိုးရိမ်တယ်ဆိုတဲ့ စိတ်လေး သူတို့မှာ ရှိနေတယ်။ ပြောရင်းနဲ့ နောက်ပိုင်းမှာ သူတို့တွေ ရင်းနှီးခင်မင်လာတယ်။

ရင်ဖွင့်ကြတာမှာ တချို့လူလတ်ပိုင်း အနည်းငယ်က မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုခဲ့ကြပြီး လူငယ် အများစုက နောက်ကြောင်းပြန် အကြောင်းအရာကို မပြောကြပဲ ဘ၀ရှေ့ခရီးအတွက် ပြောကြတယ်။ သူတို့မှာ မျှော်လင့်ချက် တောင်ပံအစုံကို တွေ့လိုက်ရတယ်။

သူတို့တွေ မျက်ရည်ကျငိုတာကို တည်ငြိမ်စွာ ပြန်ဆွေးနွေးပြောဆိုနိုင်တံ့စွမ်းရည်ကို အရှင်မြတ်ချီးမြှင့်မှုနဲ့ ကျွန်မ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။

နောက်ဆုံး သူတို့ပြောတဲ့စကားက ကျွန်မကို ပီတိဖြစ်စေခဲ့တယ်။

Friday, January 10, 2014

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်

- တူ ... တူ ... တူ ...
* ဟလို ... ဟုတ်ကဲ့ ပြောပါ ...

- ကိုမြတ်ကျော်နဲ့ပြောချင်လို့ ကိုမြတ်ကျော် ရှိလား ...
* ဖုန်းမှားနေပါတယ်။

- မမှားပါဘူး။ ဒီဖုန်းကို ခေါ်ထားတာပဲ။
* ဖုန်းမှားနေပါတယ်ရှင်။ အခုခေါ်တဲ့နံပါတ်ကို ခေါ်မထားပါဘူး။

- ခေါ်ထားပါတယ်။ အခု ဖုန်းကိုင်တာက ဘယ်သူလဲ။
* ဘယ်သူလဲဆိုတာထက် ဘယ်ကိုခေါ်တာလဲ သေချာပြန်စစ်ကြည့်ပါဦးအစ်မ။ အစ်မက ဘယ်ကလဲ။

- ကျွန်မ မန္တလေးက။ ဒီဖုန်းက အခု ဘယ်ကိုရောက်နေတာလဲ။
* အစ်မရေ ဒီဖုန်းက အခု ရန်ကုန်မှာပါ။ အစ်မ ဘယ်ကိုခေါ်နေတာလဲ။

မြန်မာနိုင်ငံတွင် TV ၌ လက်ဟန်ဖြင့် ပထမဆုံး သတင်း တင်ဆက်သူ မောင်လူငယ်(DVB)နှင့် မေးမြန်းခန်း

အမ်တူးအေ
မြန်မာယဉ်ကျေးမှုအရ အားလုံးကို လေးစားပါတယ်ဆိုသည့် Sign Language
Sign Language presenter အဖြစ် ဆောင်ရွက်တာမှာ ကိုလူငယ်က မြန်မာမှာ ပထမဆုံးဖြစ်တယ်လို့ သိရှိရတာကြောင့် ကိုလူငယ်ကို M-Media မှ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုလူငယ်ဟာ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှု သမိုင်းမှာ ထောင်ထဲတွင်ပင် သေဆုံးသွားခဲ့ရသည့် စာရေးဆရာမောင်သော်က (ဗိုလ်မှူးဘသော်)ရဲ့ မြေးတစ်ဦးလည်း ဖြစ်ပါတ

ပထမဆုံးအနေနဲ့ ကိုလူငယ်ရဲ့ နာမည်လေးရယ်၊ မိဘရယ်ကို မိတ်ဆက်ပေးပါလား။
ကျနော် နာမည်ရင်းက ဘိုဘိုကြိုင်ပါ။ ခင်မင်သူတွေက ကိုလူငယ်လို့ ခေါ်ကြပါတယ်။ မိဘက စကားမပြောတတ် နားမကြားတဲ့သူတွေပါ။ ကျနော်က အကြားအာရုံ မသန်စွမ်းသူပါ။

ဟုတ်ကဲ့ ကိုလူငယ်ရဲ့ မွေးသက္ကရာဇ်လေးနဲ့ မွေးဖွားရာ ဇာတိနဲ့ အခုနေထိုင်ရာ ကို ပြောပြပေးပါဦး။
ဟုတ်ကဲ့ ကျနော်ကို ၁၈ ရက် သြဂုတ် ၁၉၈၃ ရန်ကုန်မှာ မွေးတာပါ။ အခုတော့ ကျနော်အလုပ်ရှိရာ ဇင်းမယ်မှာ ရှိနေပါတယ်

ကိုလူငယ်က အကြားအာရုံ မသန်စွမ်းသူလို့ ဆိုပါတယ်။ ဒီလို ဖြစ်ရတာက မွေးရာပါလား။ ဒါမှမဟုတ် ဘေးအန္တရာယ် တစ်ခုခုကြောင့်များ ဖြစ်ခဲတာပါလား။
ကျနော် အသက် ၁၅ နှစ်မှာ ထိခိုက်မှု ဖြစ်ခဲ့တာပါ။ နားထဲကို ရေ၀င်လို့ နားတွင်း ကိုက်ခဲရာကနေ ပြည်တည့်ပြီးနောက် ပြန်ပျောက်တော့ လုံးဝ မကြားရတော့တာပါ။

ဟုတ်ကဲ့ပါ။ ဒါဖြင့် ကိုလူငယ်က ဒီအကြားအာရုံ ချို့တဲ့မှု မဖြစ်ခင်ထိတော့ တခြားကလေးတွေနည်းတူ သာမန်ကျောင်းမှာပဲ တက်ခဲ့တာလား။ ဒါမှမဟုတ် အကြားအာရုံမကောင်းသူတွေအတွက် သီးသန့်ကျောင်းမှာပဲ ပညာဆက်သင်ခဲ့တာလား။ ဘယ်အထိ ပညာသင်ကြားခဲ့ပါသလဲ။
ကျနော် ကလေးဘ၀ကတည်းက သာမန်ကျောင်းမှာ သင်ခဲ့တာပါ။ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိပါဘဲ။ အကြားအာရုံ မသန်စွမ်းသူတွေ ကျောင်းမှာတော့ မနေခဲ့ပါဘူး။ သူတို့တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုရှိတယ်။

ဟုတ်ကဲ့။ Sign Language နဲ့ presenter လုပ်တာမှာ မြန်မာကဆို ကိုလူငယ်က ပထမဦးဆုံးတစ်ယောက်ဖြစ်တယ်ပေါ့နော်။ ဒီလို Sign Language ကိုရော ဘယ်လိုများ သင်ကြား တတ်မြောက်ခဲ့ရပါသလဲ။
ဟုတ်ကဲ့။ သိပ်ကောင်းတဲ့ မေးခွန်းပါဘဲ။ ကျနော် မိဘက စကားမပြောတတ် နားမကြားသူတွေ ဆိုတော့ သူတို့ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ Sign Language ကို ကလေးဘ၀ကတည်းက ထိတွေ့မှုရှိခဲ့တယ်။ နောက်ပြီး အိမ်ကို လာလည်တဲ့ မိဘတွေရဲ့ မိတ်ဆွေ၊ ငယ်သူငယ်ချင်းတွေရဲ့ ဆက်သွယ်နေပုံတွေ အားလုံးကို ထိတွေ့နေရတာပါ။ နှစ်ပေါင်း ၂၀ ကျော် နားမကြားသူတွေနဲ့ နေလာခဲ့တော့ တက်မြောက်လာခဲ့တာပါ။

ဟုတ်ကဲ့ ထပ်ဖြည့်ပြောဖို့ ရှိသေးလားရှင့်။ မရှိရင် ကျွန်မ နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးချင်လို့ပါ။
ရပါတယ်။ မေးနိုင်ပါတယ်

ထပ်ပြီး မေးကြည့်ချင်တာက ကိုလူငယ်အနေနဲ့ မြန်မာ ပြည်တွင်းမှာ ဘယ်အသက်အရွယ်ထိ နေခဲ့ပြီး။ ထိုင်းကို ဘယ်အချိန်မှာ ရောက်ရှိခဲ့တာပါလဲ။
ဟုတ်ကဲ့ ကျနော် အသက် ၂၉ မှာ ထိုင်းကို ရောက်တာပါ။ လွန်ခဲ့တဲ့ ၂၀၁၂ ကပါ။

မြန်မာပြည်တွင်းမှာ နေစဉ်ကရော Sign Language နဲ့ပတ်သက်ပြီး ဒါမှမဟုတ် မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေ ရှိခဲ့ဖူးပါသလား။
မြန်မာနိုင်ငံက အခုမှာ ပွင့်လင်းစ ပြုလာတာပါ။  ပြောရရင် မသန်စွမ်းသူတွေက မြန်မာနိုင်ငံမှာ ၁.၃ သန်းလောက်ရှိတယ်လို့ လူမှုဝန်ထမ်းက ထုတ်ပြန်ထားပါတယ်။ နားမကြားတဲ့သူတွေက မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အသိပညာ ဗဟုသုတ မြင့်မားဖို့ သိနိုင်ဖို့အတွက် ရုပ်သံတွေမှာ သတင်းတွေကို လက်ဟန်ဘာသာစကားနဲ့ တင်ဆက်တာမျိုး မရှိတော့ သတင်းတွေ မရောက်တာ ငတ်နေတာ ကြာခဲ့ပါပြီး။ မသန်စွမ်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အသိပညာ အားနည်း နေသေးပါတယ်။ အခုတောင် မသန်စွမ်းဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ စီစဉ်နေကြပါတယ်။
နောက်တခုက အာဆီယံနဲ့ အာရှနိုင်ငံတွေမှာ မသန်စွမ်းတွေ အတွက် လုပ်ဆောင်မှု တိုးတက်နေကြပြီး မြန်မာကတော့ အာဆီယံမှာ ဘိတ်ဆုံးရောက်နေတာ ၀မ်းနည်းစရာပါ။
အဘိုးဖြစ်သူ ဦးဘသော် (ခ) စာရေးဆရာမောင်သော်က နှင့် ကိုလူငယ် ငယ်စဉ်က မှတ်တမ်းဓါတ်ပုံ
ဟုတ်ကဲ့ ဒါဆိုရင် အခုလို Sign Language Presenter အဖြစ် ကိုလူငယ် ထိုင်းကိုရောက်မှ စလုပ်ဖြစ်ခဲ့တာပေါ့နော်။
ဟုတ်ပါတယ်။ ပြည်တွင်းမှာ အခြေအနေက အခွင့်အရေး မပေးပါဘူး။ ဒီဗွီဘီက ပထမဆုံး စတင်ခဲ့တာပါ။ နားမကြားတွေအတွက် ၀မ်းသာစရာ သတင်းဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ။ DVB မှာ ပထမဆုံး စပြီး လုပ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလား။
ဒီဗွီဘီမှာ စခဲ့တုန်းက ကျနော် စိတ်လှုပ်ရှားနေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ ငါလုပ်မှ ဖြစ်တော့မယ်။ နားမကြားတွေအားလုံးအတွက်၊ ပြည်သူတွေအားလုံးအတွက် ငါ ကြိုးစားရမယ်။ နောက်ပြီး အလ္လာဟ်အရှင်ရဲ့ စောင့်မမှုကြောင့် လုပ်ဖြစ်သွားတာပါ။ ဖန်ဆင်းရှင်ကို အများကြီး ကျေးဇူးတင်သလို ဒီဗွီဘီဝိုင်းတော်သားတွေကို တကယ်ကျေးဇူးတင်တယ်။ သူတို့ တွန်းအားပေးမှုကြောင့် ကျနော် ဒီလို ဖြစ်လာခဲ့တာပါ။

ကိုလူငယ်က DVB မှာ ပထမဆုံး စလုပ်ခဲ့တယ်ဆိုတော့ နောက်ပိုင်း တခြား ဘယ်တွေမှာ လုပ်ဖြစ်ခဲ့ပါသလဲ။
ကျနော်ဘ၀မှာ ပထမဆုံး ရခဲ့တဲ့ အလုပ်ဖြစ်ပါတယ်။ တခြားဘယ်မှာ မလုပ်ခဲ့ပါဘူး။ အလုပ်နေရာ ပေးခဲ့တဲ့ ဒီဗွီဘီကို သံယောဇဉ် ဖြစ်နေတယ်။

ဟုတ်ကဲ့ ဒါဖြင့် အခုလက်ရှိထိလည်း ကိုလူငယ်က DVB မှာပဲနော်။ လုပ်သက် ဘယ်လောက် ကြာမြင့်ခဲ့ပါပြီလဲ။
အခုဆို ၂ နှစ် ပြည့်တော့မယ်။
ဟုတ်ကဲ့ ခုနက မေးခွန်းလေးကို ပြန်ကောက်ပါရစေ။ ကိုလူငယ်အနေနဲ့ DVB မှာ အလုပ်စ၀င်ဖြစ်ဖို့ ကြိုးစားခဲ့ရတာလေးတွေကို ပြောပြပေးပါလား။ ဘယ်လို အဆက်သွယ်လုပ်ခဲ့ရတယ်။ presenter ဖြစ်လာဖို့ အင်တာဗျူးဝင်ခဲ့ရပုံ၊ ကြိုတင် ပြင်ဆင်ခဲ့ရပုံလေးတွေပေါ့။
တကယ်တော့ ပြည်တွင်းမှာ ရှိစဉ်က ဘာအလုပ်မှာ မရခဲ့ပါဘူး။ မသန်စွမ်းတွေဘ၀ ခက်ခဲ့ပါတယ်။ မသန်စွမ်းတွေကို အလုပ်လုပ်ခွင့် အတားအဆီးတွေ အများရှိ ရှိနေပါတယ်။ ကျနော် အရင်ကတည်းက ဒီဗွီဘီကို စိတ်ဝင်စားခဲ့တာပါ။ ဒီဗွီဘီရဲ့ ဆန်းသစ်မှု၊ သတင်းဖော်ပြမှုတွေကို သဘောကျခဲ့သလို နားမကြားတွေလည်း သဘောကျခဲ့တယ်။ သူတို့က ဒီဗွီဘီမှာ လက်ဟန်သတင်းတင်ဆက်ရင် အားလုံးအတွက် အဆင်ပြေ နားလည်သဘောပေါက်မယ်ဆိုလို့ စတင်ဆက်သွယ်ခဲ့တာပါ။
အယ်ဒီတာနဲ့ အယ်ဒီတာချုပ်ရဲ့ ကျေးဇူးတွေ ရှိပါတယ်။ သူတို့က စွမ်းဆောင်နိုင်မှု၊ အသုံးဝင်တဲ့နေရာကို ပေးလို့ ဖြစ်လာခဲ့ လုပ်ဖြစ်ခဲ့တာပါ။

ဟုတ်ကဲ့။ ကိုလူငယ်ပြောသွားတယ်။ မြန်မာပြည်တွင်းမှာက မသန်စွမ်းတွေအတွက် အလုပ်လုပ်ခွင့်အတားအဆီးတွေ အများကြီးရှိနေတယ်ပေါ့နော်။ ပြည်တွင်းမှာက မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသာမက သူတို့သွားလာနေထိုင်ရေး ချောမွေ့မှုတွေလည်း မရှိဘူးလေ။ ဒီတော့ ကိုလူငယ် အနေနဲ့ ပြည်တွင်းက မသန်စွမ်းသူတွေအတွက် အဲဒါတွေကို ဘာများ ပြောကြားလိုပါသလဲ။
ဟုတ်ကဲ့။ မသန်စွမ်းသူတွေအတွက် ပြောချင်တာက ဘယ်တော့မှာ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တို့တွေဟာ ဘ၀ကို စိန်ခေါ်နေတဲ့ စစ်သည်တော်တွေလို့ မှတ်ယူပြီး ကြံကြံခံ ရင်ဆိုင် တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့။ ကိုလူငယ်က အစ္စလာမ်သာသနာဝင် တစ်ယောက်ဖြစ်တဲ့အပေါ်မှာရော အလုပ်လုပ်ရတာ အခက်အခဲရှိပါသလား။
အင်း။ တကယ်တော့ အစ္စလာမ်ဘာသာကို နားမလည်တဲ့သူတွေ ကြားထဲ ရောက်နေရင်
အခက်အခဲတော့ ရှိမှာပဲ။ အစ္စလာမ်ဘာသာကို နားလည်ပြီး ဘာသာအချင်းချင်း လူမျိုးအချင်းချင်း အပြန်အလှန်လေးစားပြီး နားလည်တဲ့သူတွေကြားထဲ ရောက်နေရင် အခက်အခဲကတော့ မရှိပါဘူး။ အလုပ်လုပ်ရတာတော့ အဆင်ပြေပါတယ်။ အားလုံးက ကူညီပေးကြပါတယ်။

ကိုလူငယ်က DVB ရဲ့ ဘယ်အပိုင်းမှာတာဝန်ထမ်းဆောင်ရပါသလဲ။
ကျနော် DVB မြန်မာပိုင်း ပြည်တွင်းသတင်းမှာ တာဝန်ထမ်းဆောင်ရတာပါ။

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကိုလူငယ်အနေနဲ့ Sign Language မှာ မြန်မာနိုင်ငံက ပထမဦးဆုံး Presenter အဖြစ် နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ပထမဆုံး ဆောင်ရွက်ခဲ့ရတဲ့အပေါ် စိတ်ခံစားချက် ဘယ်လိုများ ရှိပါသလဲ။
အမှန်အတိုင်း ပြောရရင် ကျနော်စိတ်ထဲမှာ အကြားအာရုံ မသန်စွမ်းသူတွေ အားလုံးအတွက် လုပ်ပေးချင်တဲ့ စိတ်ကြောင့်ပါ။ မသန်စွမ်းသူတွေအပေါ် ပြည်သူတွေက နားလည်ပေးစေချင်တယ်။ ဒီလို သတင်းတွေ တင်ဆက်နိုင်တော့ မသန်ပေးမဲ့ စွမ်းဆောင်နိုင်တယ်။ လောကမှာ အသုံးမ၀င်တဲ့ အရာဆိုတာ မရှိဘူး အသုံးပြုဖို့၊ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်တင်ပြပေးနိုင်တယ်ဆိုတဲ့ မက်ဆေ့ပေးချင်တာပါ။

ဟုတ်ကဲ့ပါ။ ကိုလူငယ်အနေနဲ့ ဖြေပေးတာလည်း တော်တော်များပါပြီ။ ကိုလူငယ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဟုတ်ကဲ့။ ပြည်သူပြည်သားတွေအနေနဲ့ မသန်စွမ်းသူတွေကို လက်တွဲခေါ်ပါ။ မသန်စွမ်းသူတွေ အတွက် အတားအဆီးဖြစ်နေတဲ့ အရာတွေကို တိုက်ဖျက်ပြီး မသန်စွမ်းသူတွေအတွက် ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတဲ့အရာတွေကို ကြံဆ လုပ်ဆောင်ရင်း All Inclusive Democratic Community ဖြစ်လာဖို့ အားလုံးကို တိုက်တွန်းပါတယ်။

ဟုတ်ကဲ့ ဖြေကြားပေးတဲ့ ကိုလူငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးပါ။