စင်္ကာပူကို ရောက်စ တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ လမ်းလျှောက်ထွက်ရင်းနဲ့ foodcourt တစ်ခုအနားက ဖြတ်တဲ့အချိန် 'ကျလိ ကျလိ ... ကျိကျိ' ဆိုတဲ့ ငှက်အော်သံတွေ ကြားရတာနဲ့ မျက်လုံးဝေ့၀ဲ စူးစမ်းမိတော့ ငှက်လှောင်အိမ်တွေ တန်းစီချိတ်ထားတာ တွေ့လိုက်ရတယ်။
ငှက်ရောင်းတဲ့ဆိုင်လား ဒါမှမဟုတ် ငှက်တွေမွေးထားပြီး အလှပြထားတာလား မသိဘူးလို့ ထင်လိုက်တယ်။ အဲဒီကနေ ဆက်လျှောက်လာရင်းနဲ့ တချို့လည်း လမ်းလျှောက်၊ တစ်ချို့လည်း စက်ဘီးလေးနဲ့ ငှက်လှောင်အိမ်လေးတွေကို အပေါ်က cover လေးတွေနဲ့ အုပ်ပြီး ယူလာနေကြတာ မြင်ရတယ်။ သြော် ... ငှက်ပြပွဲ ဒါမှမဟုတ် ငှက်ရောင်းတဲ့နေရာ သွားကြတာဖြစ်မယ်။ ဒါပေမယ့် လူအများစုက တစ်ချိန်တည်းမှာ ယူသွားနေကြတာဆိုတော့ ထူးဆန်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိတယ်။