* ပသီမာလာဆွေရေးသားသည်။
“သမီး၊ သမီးဟာ စာရေးစာဖတ်ဝါသနာပါသူပါ၊ ဒါပေမယ့် သမီးပြုစုတဲ့ တေး၊ ဂီတ၊ စာပေဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတာ အပါ လက်ခံပါတယ်။ သို့သော်လည်း ဂီတစာပေဆိုတာ တိုင်းပြည်အတွင်းမှာတေ့ မကျယ်ဝန်းလှဘူး၊ အများအကျိုးပြုစာပေဖြစ်တဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာတို့ကို ရွေးစေချင်တယ် သမီး”
ကျွန်မ၏ဖခင်ကြီးပြောခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။ သို့တိုင် ကျွန်မ၏ နားထဲတွင် ကြားယောင်လျက်ပါ။
စာရေးချင်ပါသည်။ စာရေးခြင်းဖြင့် ပြည်သူ့အကျိုးပြုချင်ပါသည်။ သမီးငယ် ၃-ယောက်နှင့် ခင်ပွန်းသည်၏ တာဝန်ကို မလစ်ဟင်းစေလိုသည် ဗာဟီရတို့ကြောင့် စိတ်ရှိသော်လည်း ကိုယ်မပါခဲ့နိုင်ပါ။
ယနေ့ ကျွန်မရင်တွင်း ခံစားမှုတစ်ရပ်ကို လူတွေအား ပြောပြ၍ ရင်ဖွင်ချင်မှုပေါ်ခဲ့ရသည်။ ကျွန်မရင်တွင်းခံစားရမှုကို ပြောပြလိုသော်လည်း ဘယ်သူတစ်ဦးတစ်ယောက်က လက်ခံနားထောင်လိုပါမည်နည်း။
ထုတ်ဝေကြသည့် စာစောင်တစ်ရပ်ရပ်တွင် ပါခဲ့ရသော် အနည်းဆုံး လူ ၁၀၀-၂၀၀ တို့ကို ရင်ဖွင့် ပြနိုင်မည်ဖြစ်ခြင်းကြောင့် ဤဆောင်းပါးကို ရေး၍ အစ္စလာမ့်မျက်ဝန်းသို့ ပို့ခဲ့ခြင်းဖြစ်ပါသည်။
၁၅-၄-၁၉၉၃ ခုနေ့ နံနက်စောစော သမီးငယ် ၃-ယောက်နှင့်အတူ ဖခင်၊ မိခင်ကြီးတို့အိမ် ရောက်ခဲ့ပါသည်။ ရောက်မဆိုက် ဖခင်ကြီးက
“ဥက္ကကြီး ဃာဇီဆုံးတာ သမီး ကြားပြီလား”
“ဟင် - မကြားသေးဘူး အပါ၊ ဘယ်တုန်းကလဲ”
“မနေ့ည ၉-နာရီ ၂၀ ကလို့ ဖုန်းသတင်းရတယ်။”
ဖခင်ကြီးဆက်ပြောနေသည့်စကားကိုပင် သဲကွဲစွာမကြားမိပါ။ ၀မ်းနည်းခြင်းကြီးစွာနှင့် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပါသည်။
ဥက္ကဋ္ဌကြီးဃာဇီသည် အစ္စလာမ်ဘာသာဝင် အားလုံးတို့ကို ချစ်ခင်သလို ကျွန်မတို့မိသားစုကိုလည်း ချစ်ခင်ခဲ့သူ ဖြစ်ပါသည်။
ဥက္ကဋ္ဌကြီးနှင့် ကျွန်မ၏ဖခင်ကြီးသည် နှစ်ကိုယ့်တစ်စိတ်ဟုပင် ဆိုချင်ပါသည်။
ဖခင်ကြီးနှင့် ရင်းနှီးမှုကြီးခဲ့သည့် ဥက္ကဋ္ဌကြီးသည် ကျွန်မတို့နှင့် ဆက်နွယ်မိပြန်သည့်အခါ သူ့စေတနာကား ကျွန်မတို့အပေါ် ကြီးခဲ့သည်ဟု ထင်မိပါသည်။ တွေ့သည့်နေရာတိုင်းတွင် ဦးခေါင်းကိုပတ်၍ အပါ-အမေတို့ နေကောင်းကြရဲ့လား မေးတယ်ပြောပါ ဆိုသည့်စကားသည် ဥက္ကဋ္ဌကြီး ကျွန်မအား အမြဲမပြတ် ပြောလေ့ရှိပါသည်။
ဒီကနေ့မှ နောက်ကြောင်းပြန်လျှင် ၁၄-နှစ်ခန့် ကြာခဲ့ပါပြီ။ ၁၉၇၉-ခု နိုဝင်ဘာလတွင် နှစ်ဖက်သောမိဘများ သဘောတူ ဆောင်ရွက်ပေးမှုဖြင့် ကျွန်မ အိမ်ထောင်ပြုခဲ့သည်။ ကျွန်မတို့ မင်္ဂလာအခမ်းအနားတွင် ဥက္ကကြီးကိုယ်တိုင် မန္တလေးမြို့သို့ ကြွလာပြီး ကိုယ်တိုင် နိကာဟ်ပြုပေးခဲ့သည်။ နေကာဖတ်ပေးစဉ် ထူးခြားမှုတစ်ရပ်ကို မမေ့နိုင်သေးပါ။ မင်္ဂလာအိမ်တစ်အိမ်တွင် သတို့သား သတို့သမီး နိကာဟ်ဖတ်ကြတော့မည်ဆိုလျှင် သတို့သမီးသည် နေရတစ်ခု(အခန်းတစ်ခန်း)တွင် အပျိုရံများဖြင့် မျက်နှာဦးခေါင်း ပုဝါခြုံ၍ သတို့သား၏ ကိုယ်စားလှယ်နှင့် သက်သေနှစ်ဦးလာသည်ကို စောင့်ကြရပြီး ကိုယ်စားပြုသူ၏ မေးသမျှကို ဖြေရသည်မှာ မျက်မှောက်တိုင် အစဉ်အလာဖြစ်လျက်ရှိပါသည်။
တစ်မူထူးခြား
ကျွန်မ၏နိကာဟ်ပွဲကား တစ်မူထူးခြားခဲ့ပါသည်။ နိကာဟ်ဖတ်ခါနီး “ဥက္ကဋ္ဌကြီး သတို့သမီးကိုမေးရမည့်ကိစ္စများ ဥက္ကဋ္ဌကြီးကိုယ်တိုင်မေး၍ မရပါသလား” ဖခင်ကြီး၏အမေးဖြစ်ပါသည်။
“ရတာပေါ့၊ ပိုကောင်းတာပေါ့” ဥက္ကဋ္ဌကြီး၏အဖြေကား ဤသို့ပင်ဖြစ်ခဲ့ပါသည်။
“သမီးကို အပြင်ထွက်ခဲ့ပါစေ”
အပျိုရံတို့ဥက္ကဋ္ဌကြီး ရှေ့မှောက်တွင် သတို့သားနှင့် ၃-ပေ အကွာ၌ ရိုသေမှု ဂါရ၀ပြု၍ ထိုင်ကြရပါသည်။ တရားတော်အရ ဥက္ကဋ္ဌကြီးမေးသမျှ ကျွန်မဖြေခဲ့ရသည်။ ပြီးတော့ “အားလုံးကြားကြသနော်”လို့ ဥက္ကဋ္ဌကြီး၏ အမေးကို ပရိသတ်အများက ကြားကြပါကြောင်း ဖြေကြားအပြီး နိကာဟ်ဒုအာတောင်း၍ လက်ထပ်ပေးခဲ့သည်မှာ ၁၄-နှစ်ခန့်ပင်ရှိသော်လည်း ဥက္ကဋ္ဌကြီးကွယ်လွန်ကြောင်း ကြားလိုက်ရသည့်အခါ လွန်ခဲ့သည့် ၁၄-နှစ်ခန့်က ပျော်ရွှင်စရာဖြစ်ခဲ့ရသော်လည်း ယနေ့တွင်ကား ဥက္ကဋ္ဌကြီးအား အောက်မေ့တသ ၀မ်းနည်းဖွယ်ဖြစ်ခဲ့ရပါသည်။
ဥက္ကဋ္ဌကြီး၏ စေတနာတရားအပြည့်နှင့် နိကာဟ်ဖတ် လက်ထက်ပေး၍ ဆုမွန်ဒုအာကို အလ္လာဟ်အရှင် အလိုတော်တူခြင်းကြောင့် ကျွန်မတို့တွင် သမီးကလေး (၃)ဦး ထွန်းကားခဲ့ရပါပြီ။ ၇-တန်း၊ ၃-တန်း၊ သူငယ်တန်း ကျောင်းသူများပင်ဖြစ်လျက်ရှိကြပြီး ဇနီးမောင်နှံ၏ ချစ်ခင်မှုမှာလည်း ခိုင်လျက်ပင် ရှိပါသည်။
ဥက္ကဋ္ဌကြီးအား ကျွန်မ နောက်ဆုံးတွေ့လိုက်ရသည်မှာ ၁၉၉၂-ခုနှစ် မန္တလေးမြို့တွင် ကျင်းပသည့် ၁၂-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ အစ္စလာမ့်ညီလာခံကြီးတွင် ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီး၏ အခြေအနေမှာ ကျန်းမာရေး အလွန်ချို့တဲ့နေခြင်းကို တွေ့ရသည်။ ကြီးစွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ အသက်လည်းရှည်ရန် နည်းနေပြီဟု ထင်ခဲ့ရသည်။ ဥက္ကဋ္ဌကြီး အသက်ရှည်ရာ ရှည်ကြောင်း ဒုအာပြုခဲ့မိသည်။
နံနက်ပိုင်းညီလာခံကိုယ်စားလှယ်ကို သီဆိုပြရာတွင် ဥက္ကဋ္ဌကြီးမလာရောက်နိုင်ခဲ့ပါ။ ညနေပိုင်းတွင် ဥက္ကဋ္ဌကြီး ကြွလာပြီး ညီလာခံစင်မြင့်မှနေ၍ ပသီမာလာဆွေ နံနက်ကဆိုခဲ့သည် တေးကဗျာ ပြန်ဆိုပေးရန် စင်မြင်ပေါ်သို့ ကြွပါဟု ဖိတ်ခေါ်သဖြင့် ဒုတိယအကြိမ် သီဆိုခဲ့ရပါသည်။
ကျွန်မသီဆိုခြင်းကို ဥက္ကဋ္ဌကြီးကိုယ်တိုင်နားဆင်၍ တေးဆိုပြီးလျှင် ကျွန်မအား လက်ဆွဲနှုတ်ဆက်လျက် ကျေးဇူးတင်တယ်၊ ၀မ်းသာတယ်ဟု ပြောခဲ့ခြင်းကို ကြားယောင်လျက်ပင် ရှိပါသေးသည်။ ညီလာခံခန်းမမှာ ဥက္ကဋ္ဌကြီးအး နောက်ဆုံးတွေ့လိုက် နှုတ်ဆက်လိုက်ရခြင်းပင်ဖြစ်ပါသည်။
ဖခင်ကြီး၏ စာပေအမွေ ဆက်ခံလိုပါသည်။
ပသီမာလာဆွေ

နောက်ဆုံးဂါရ၀ပြုခြင်း
ဥက္ကဋ္ဌကြီးအား ဂုဏ်ပြုလိုခြင်း၊ ၁၂-ကြိမ်မြောက်ညီလာခံကြီးအား ဂုဏ်ပြုလိုစိတ်ပေါ်လာသည့်အတွက် အောက်ပါ တေးကို ညီလာခံခန်းမတစ်နေရာတွင် ကိုယ်တိုင်ရေးစပ်၍ ညီလာခံစင်မြင့်မှ ကိုယ်တိုင်သီဆို၍ ဂါရ၀ ပြုခဲ့ရပါသည်။နံနက်ပိုင်းညီလာခံကိုယ်စားလှယ်ကို သီဆိုပြရာတွင် ဥက္ကဋ္ဌကြီးမလာရောက်နိုင်ခဲ့ပါ။ ညနေပိုင်းတွင် ဥက္ကဋ္ဌကြီး ကြွလာပြီး ညီလာခံစင်မြင့်မှနေ၍ ပသီမာလာဆွေ နံနက်ကဆိုခဲ့သည် တေးကဗျာ ပြန်ဆိုပေးရန် စင်မြင်ပေါ်သို့ ကြွပါဟု ဖိတ်ခေါ်သဖြင့် ဒုတိယအကြိမ် သီဆိုခဲ့ရပါသည်။
ကျွန်မသီဆိုခြင်းကို ဥက္ကဋ္ဌကြီးကိုယ်တိုင်နားဆင်၍ တေးဆိုပြီးလျှင် ကျွန်မအား လက်ဆွဲနှုတ်ဆက်လျက် ကျေးဇူးတင်တယ်၊ ၀မ်းသာတယ်ဟု ပြောခဲ့ခြင်းကို ကြားယောင်လျက်ပင် ရှိပါသေးသည်။ ညီလာခံခန်းမမှာ ဥက္ကဋ္ဌကြီးအး နောက်ဆုံးတွေ့လိုက် နှုတ်ဆက်လိုက်ရခြင်းပင်ဖြစ်ပါသည်။
‘ရှေ့သို့ညီညီ ချီလေမည်’
(ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ပသီမာလာဆွေ)[ဖွဲ့စည်းပုံ … အခြေခံ …. အုတ်မြစ် … ခိုင်ခိုင်မာ … တည်ဆောက်ခဲ့တဲ့ … (ကောင်စီ …. ကောင်စီ) … သာသနာရေးရာကောင်စီ …. ခရစ်သက္ကရာဇ် ၁၉၅၄ …. ဒီဇင်ဘာ (၅)ရက်မှာဖြင့် ဖွဲ့စည်းစတင်သည် …. ပထမဦးစွာ …. အတွင်းရေးမှူး ၀န်ကိုထမ်းတာ …. မုဟမ္မဒ်ဃာဇီ ….. ၀ိုင်းဝန်းလို့ ….. ပူးပေါင်းကာ …. ဘာသာရေးတွေ … မနှေးအောင် …. ရွက်ဆောင်ခဲ့တဲ့ ကောင်စီ ….. ]၂
ကမ္ဘာ့အလယ်မှာ … ရာဇ၀င်မှတ်တမ်း …. ရှိဖို့ … ကြိုးစားတဲ့ …. ဃာဇီ … နိုးကြားတဲ့ကောင်စီ … ကိုယ်စားလှယ်ပေါင်းများစွာ …. တွေ့ဆုံ … ပေါင်းစည်း …. စုရုံးခဲ့ကြပြီ … ဆွေးနွေးတဲ့ … နှီးနှောတဲ့ … ညီလာခံ …. ချမှတ်လေသော …. အဆုံးအဖြတ်တွေကို …. ခိုင်မာစွာ … အတည်ပြုလို့ …. တစ်ယောက်တစ်လက် … တစ်တပ်တစ်အား …. မျိုးဂုဏ်မညှိုးအောင် … စွမ်းဆောင် … စွမ်းဆောင် ခဲ့ကြသည် ….. ကောင်စီ … ခမ်းနားသိုက်မြိုက် … ညီလာခံကြီးများလည်း … အကြိမ်ကြိမ် ကျင်းပခဲ့ပါသည် …. ၁၉၉၂ မှာ … ၁၂-ကြိမ်မြောက် … ညီလာခံကြီးကို … မန္တလေး ရွှေနန်းမြို့မှာ …. ခန်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ပြီ …. ကောင်စီ …. အစ္စလာမ့်ကောင်စီ …. ကောင်စီ … သာသနာ့ကောင်စီ …. တိုးတက်မြင့်မား ….. အမျိုးဂုဏ်တိုးအောင် စွမ်းဆောင်လေတဲ့ ….. ခေါင်းဆောင်လေတဲ့ … ခေါင်းဆောင်ကောင်း ဥက္ကဋ္ဌကြီး ဃာဇီ ……….စိတ်ချမ်းမြေ့မှုများ ကင်းမဲ့လျက် အိမ်ပြန်ခဲ့ပြီး ဥက္ကဋ္ဌကြီး ဃာဇီ၏ ယာစင်စူရာဟ်ဘာသာပြန်ကို ကက်ဆက်မှာဖွင့်လျက် အစမှအဆုံးတိုင် နားထောင်ရင်း ဥက္ကဋ္ဌကြီး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းမိပါတော့သည်။
ဖခင်ကြီး၏ စာပေအမွေ ဆက်ခံလိုပါသည်။
ပသီမာလာဆွေ
အစ္စလာမ့်မျက်ဝန်းစာစောင်၊ (စာမျက်နှာ - ၇၅၊ ၇၆၊ ၇၇)မှ ကူးယူပါသည်။
No comments:
Post a Comment