Sunday, August 01, 2010

MMSY 3rd Birthday အထိမ်းအမှတ်တွေ့ဆုံပွဲ (မန္တလေး)

MMSY 3rd Anniversary
MMSY 3rd Birthday အထိမ်းအမှတ်တွေ့ဆုံပွဲ(မန္တလေး)ကို ၁၀.၁.၂၀၁၀(တနင်္ဂနွေနေ့)တွင် မြို့တော်ဥယျာဉ်မှာ ပြုလုပ်ခဲ့ပါတယ်။

စုစုပေါင်း (၂၉)ဦးပါ။ ပထမဦးဆုံး မိတ်ဆက်ကြပါတယ်။ ပြီးတော့ MMSY မွေးနေ့ကိတ်လှီးပြီး ကိတ်ရယ်၊ သူငယ်ချင်းတွေတစ်ယောက်ချင်းစီယူလာကြတဲ့ မုန့်တွေ၊ အအေးဗူးတွေရယ်ကို ပျော်ပျော်ပါးပါး စားသောက်ကြရင်း စကားတွေပြောကြပါတယ်။ အဲဒီနောက် ဂိမ်းများကစားကြပါတယ်။ ဂိမ်းကစားပြီးတော့ အဖွဲ့လိုက် ပထမ ဒုတိယ များချီးမြှင့်ပြီး MMSY King & Queen ရွေးချယ်ပါတယ်။

နောက်တော့ ပဟေဠိနန်းတော်အစီအစဉ်လေးမှာ မေးခွန်းလေးတွေကိုပျော်ပျော်ပါးပါးမေးပြီး ပျော်ပျော်ပါးပါး ဖြေကြပါတယ်။ မေးခွန်းများကိုဖြေနိုင်သူ နောက်ဆုံး ဇကာတင်တစ်ယောက်မှ ပဟေဠိနန်းတော်အစီအစဉ်မှ နံပါတ်များရွေးချယ်ပြီး စိတ်ကြိုက်နံပါတ်ကို ရွေးယူခဲ့ပါတယ်။ ကျန်တဲ့နံပါတ်များကို ပဟေဠိနန်းတော်အစီအစဉ်မှာ ပါဝင်ဖြေဆိုသူများကို ကံစမ်းမဲပြုလုပ်ပေးခဲ့ပါတယ်။ ပဟေဠိနန်းတော်အစီအစဉ်ပြီးနောက် MMSY 3rd Bithday အမှတ်တရ အိတ်ဆောင်ပြက္ခဒိန်လေးများ သူငယ်ချင်းတွေအားလုံးကို ပေးတယ်။

အဲဒီနောက် စကားတွေပြော၊ မုန့်တွေစားကြရင်း MMSY 3rd Birthday အမှတ်တရ ရင်တွင်းစကားလေးတွေ ရေးကြတယ်။ အဲဒီနောက်တော့ ပြန်ချင်သူများပြန်သွားကြပြီး ကျန်ရှိသူများက မြို့တော်ဥယျာဉ်ထဲမှာ တိုက်ကားစီးကြ၊ လွန်းပျံလှေ(ပင်လယ်ဓါးပြ)ကြီးစီးပြီး မောသူမော၊ ခေါင်းမူးသူမူးနှင့် အသီးသီးလမ်းခွဲကာ အိမ်ပြန်ခဲ့ကြပါတယ်။

(တွေ့ဆုံပွဲအမှတ်တရကို အကျဉ်းချုပ်ရေးထားခြင်းပါ။)

No comments:

Post a Comment