Saturday, June 02, 2012

ရှိုက်သံ


အိပ်ပျော်နေစဉ် . . .
"အင့်"ကနဲ ရှိုက်သံတစ်ချက် ကြားလိုက်တယ်
ဘယ်သူများလဲလို့ ရှာဖွေဖို့ မျက်လုံးဖွင့်လိုက်တယ်
မျက်လုံးအိမ်မှာ ပူစပ်စပ်မို့

ယောင်ရမ်းပြီးမျက်လုံးကို လက်နဲ့ပွတ်လိုက်မိတဲ့ခဏ
ပါးပြင်မှာ ပူနွေးမှုကြောင့် သတိထားမိစဉ် တဒင်္ဂ
ခေါင်းအုံးမှာ စိုရွှဲနေတဲမျက်ရည်တွေက
ရှိုက်သံရဲ့ တရားခံကို ရှာဖွေတွေ့ရှိလိုက်တယ်။


ပန်းတစ်ပွင့်
2-June 2012 (4:35 am)

No comments:

Post a Comment