Saturday, June 15, 2013

တောင်းပါ သူပေးမည်

တောင်းပါ သူပေးမည် 

ကျွန်တော်က ခွန်အား ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ကျွန်တော့်ကို သန်မာခိုင်ဖီးလာအောင် အခက်အခဲတွေ ပေးခဲ့တယ်။

ကျွန်တော်က ဉာဏ်ပညာ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ဖြေရှင်းနိုင်စွမ်းတွေရှိလာဖို့ ပြဿနာတွေ ပေးခဲ့တယ်။

ကျွန်တော်က ကြီးပွားချမ်းသာဖို့ လာဘ်လာဘတောင်းတော့ .....
အလ္လာဟ်က အလုပ်လုပ်ဖို့ ကာယနဲ့ ဉာဏစွမ်းအားတွေ ပေးခဲ့တယ်။

ကျွန်တော်က ရဲစွမ်းသတ္တိ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ရုန်းကန်ကျော်လွှားဖို့ ရန်စွယ် အန္တရာယ်တွေကို ပေးခဲ့တယ်။

ကျွန်တော်က အချစ်မေတ္တာ တောင်းတော့ .....
အလ္လာဟ်က ကူညီဖေးမပေးဖို့လိုနေတဲ့ ဒုက္ခပင်လယ်ဝေနေသူတွေနဲ့ ကျွန်တော့်ကို တွေ့စေခဲ့တယ်။

ကျွန်တော်က မျက်နှာသာပေးဖို့တောင်းတော့ .....
အလ္လာဟ်က ၀ိရိယစိုက်ကာ ကြိုးစားအားထုတ်ပြီး လုပ်အားနဲ့ရယူနိုင်တဲ့ အခွင့်အလမ်းတွေကိုပေးခဲ့တယ်။

ကျွန်တော် လိုချင်တာတွေ ဘာတစ်ခုမှ မရခဲ့ပါဘူး။
ကျွန်တော် လိုအပ်တာတွေတော့ အားလုံးရခဲ့ပါတယ်။
အလ္လာဟ်က ကျွန်တော့်ဆုတောင်းကို ဖြည့်ခဲ့ပါတယ်။

[ဘာသာပြန်သူ - အလ်ဟာဂ်ျဦးအေးလွင်(B.Sc.) - အစ္စလာမ်ဓမ္မဗိမာန်]


Wednesday, June 12, 2013

ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာ (Strategic Peace building)



ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာ (Strategic Peace building)
Lisa Schirch,
Conflict  Analysis and Resolution ( Ph.D )
George Mason University

ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နည်းဗျူဟာကို အနက်အဓိပ္ပါယ်ဖွင့်ခြင်း
( Defining Strategic Peace building )
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ……
  • လွယ်ကူသောအရာမဟုတ်သကဲ့သို့ စိတ်ကူးယဉ်ပြီး ဖြစ်အောင်လုပ်သောအရာတခုလည်း မဟုတ်ပါ ။
  • ပဋိပက္ခကိုအသွင်ပြောင်းလဲခြင်းမျိုးနှင့်လည်း မတူပါ ။
  • ကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်း လူ့အဖွဲ့အစည်းတခုအတွက်သာ မဟုတ်ပါ ။
  • အနောက်တိုင်းအတွေးအခေါ် စိတ်ကူးယုံကြည်ချက်များအပေါ် အဓိကထားအခြေခံခြင်း မဟုတ်ပါ ။
  • ပဋိပက္ခကိုမရှောင်ရုံသာမက မတရားမှုများနှင့် အကြမ်းဖက်မှုအသွင်ဆောင်ပြီး စုစည်းဖြစ်ပေါ်လာသော ပဋိပက္ခကိုလည်း မသိကျိုးကျွံမပြုပါ ။
  • ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ဆိုင်သောနည်းဗျူဟာသည် ဆက်သွယ်ပေးသော နယ်ပယ်တခုဖြစ်သည်။

Monday, June 10, 2013

မိုးရေထဲမှာ ခဏတာ

မနေ့က နေ့လည်ပိုင်းမှာ ရန်ကုန်မိုးက မေခလာသီချင်းထဲကလို အငြိုးနဲ့ရွာသလား အောက်မေ့ရတယ် .....

Photo Credit >>> google

တစ်ဘက်မှာ အစီအစဉ်တစ်ခုရှိနေပေမယ့် အခြားဘက်ကလည်း meeting ရှိတာ ... အဲဒါကို မသွားဖြစ်တာလည်း တော်တော်ကြာနေတော့ meeting လာပါဦး ... မျက်နှာလေးတော့ မြင်ပါရစေဦးဆိုတဲ့အထိ ပြောလာကြတော့ ... အဲဒီဘက်လည်း ပြေးရတယ် .... မိုးရွာနေတာ မသွားချင်ပေမယ့် အပြေးသွားရတော့တယ် ...

မိုးရွာတော့ လမ်းတွေကလည်း ပိတ်နေတယ် ... မင်္ဂလာဈေးနားလည်းရောက်ရော ကားတွေက ဘယ်လိုမှ မသွားနိုင်အောင်ပိတ်နေတာနဲ့ ခြေကျင်ပဲ လျှောက်သွားလိုက်တော့တယ် ...

ယုဇနပလာဇာရှေ့ လမ်းကျယ်နားလည်းရောက်ရော .... လမ်းပေါ်မှာရေတွေကလျှံနေတာပဲ ... စိတ်တော်တော်ညစ်သွားတယ် ... ဒါပေမယ့် မတတ်နိုင်ဘူးလေ မသွားလို့မှ မဖြစ်တော့တာ ...