တောင်းပါ သူပေးမည်
ကျွန်တော်က ခွန်အား ပေးသနားဖို့တောင်းတော့ .....အလ္လာဟ်က ကျွန်တော့်ကို သန်မာခိုင်ဖီးလာအောင် အခက်အခဲတွေ ပေးခဲ့တယ်။
ကျွန်တော်က ဉာဏ်ပညာ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ဖြေရှင်းနိုင်စွမ်းတွေရှိလာဖို့ ပြဿနာတွေ ပေးခဲ့တယ်။
ကျွန်တော်က ကြီးပွားချမ်းသာဖို့ လာဘ်လာဘတောင်းတော့ .....
အလ္လာဟ်က အလုပ်လုပ်ဖို့ ကာယနဲ့ ဉာဏစွမ်းအားတွေ ပေးခဲ့တယ်။
ကျွန်တော်က ရဲစွမ်းသတ္တိ ပေးသနားဖို့တောင်းတော့ .....
အလ္လာဟ်က ရုန်းကန်ကျော်လွှားဖို့ ရန်စွယ် အန္တရာယ်တွေကို ပေးခဲ့တယ်။
ကျွန်တော်က အချစ်မေတ္တာ တောင်းတော့ .....
အလ္လာဟ်က ကူညီဖေးမပေးဖို့လိုနေတဲ့ ဒုက္ခပင်လယ်ဝေနေသူတွေနဲ့ ကျွန်တော့်ကို တွေ့စေခဲ့တယ်။
ကျွန်တော်က မျက်နှာသာပေးဖို့တောင်းတော့ .....
အလ္လာဟ်က ၀ိရိယစိုက်ကာ ကြိုးစားအားထုတ်ပြီး လုပ်အားနဲ့ရယူနိုင်တဲ့ အခွင့်အလမ်းတွေကိုပေးခဲ့တယ်။
ကျွန်တော် လိုချင်တာတွေ ဘာတစ်ခုမှ မရခဲ့ပါဘူး။
ကျွန်တော် လိုအပ်တာတွေတော့ အားလုံးရခဲ့ပါတယ်။
အလ္လာဟ်က ကျွန်တော့်ဆုတောင်းကို ဖြည့်ခဲ့ပါတယ်။
[ဘာသာပြန်သူ - အလ်ဟာဂ်ျဦးအေးလွင်(B.Sc.) - အစ္စလာမ်ဓမ္မဗိမာန်]
No comments:
Post a Comment