Monday, June 10, 2013

မိုးရေထဲမှာ ခဏတာ

မနေ့က နေ့လည်ပိုင်းမှာ ရန်ကုန်မိုးက မေခလာသီချင်းထဲကလို အငြိုးနဲ့ရွာသလား အောက်မေ့ရတယ် .....

Photo Credit >>> google

တစ်ဘက်မှာ အစီအစဉ်တစ်ခုရှိနေပေမယ့် အခြားဘက်ကလည်း meeting ရှိတာ ... အဲဒါကို မသွားဖြစ်တာလည်း တော်တော်ကြာနေတော့ meeting လာပါဦး ... မျက်နှာလေးတော့ မြင်ပါရစေဦးဆိုတဲ့အထိ ပြောလာကြတော့ ... အဲဒီဘက်လည်း ပြေးရတယ် .... မိုးရွာနေတာ မသွားချင်ပေမယ့် အပြေးသွားရတော့တယ် ...

မိုးရွာတော့ လမ်းတွေကလည်း ပိတ်နေတယ် ... မင်္ဂလာဈေးနားလည်းရောက်ရော ကားတွေက ဘယ်လိုမှ မသွားနိုင်အောင်ပိတ်နေတာနဲ့ ခြေကျင်ပဲ လျှောက်သွားလိုက်တော့တယ် ...

ယုဇနပလာဇာရှေ့ လမ်းကျယ်နားလည်းရောက်ရော .... လမ်းပေါ်မှာရေတွေကလျှံနေတာပဲ ... စိတ်တော်တော်ညစ်သွားတယ် ... ဒါပေမယ့် မတတ်နိုင်ဘူးလေ မသွားလို့မှ မဖြစ်တော့တာ ...


လုံချည်ကို ခြေသလုံးလောက်ထိ မပြီး မိုးရေနဲ့မြောင်းရေ ရောနေတဲ့ ရေညစ်ပတ်တွေထဲမှာ လမ်းလျှောက်လိုက်ရတယ် ... တခြားမိန်းကလေးတွေလည်း လုံချည်မရင်းလမ်းလျှောက်နေတာ တွေ့မိတော့ 'ထမီတိုတို၊ နေညိုညို၊ ရေစိုစို အိုးကလေးရွက်ကာ ချောင်းကမ်းနဖူးဆီမှာ၊ ခင်သူဇာ၊ ယဉ်အမူရာ၊ သမင်လည်ပြန်လှည့်ကြည့်သွားတယ် တသက်လုံးမမေ့တော့ပါ'ဆိုတဲ့ လွှမ်းမိုးသီချင်းကို ရွတ်မိတယ် .....

သွားနေကျလမ်းမဟုတ်တော့ ရေမြောင်းရှိနေရင် လဲကျမှာလည်း စိတ်ပူရသေး၊ မတော်တဆ လျှပ်စစ်ဓါတ်ကြိုးများ ရေထဲ ပြုတ်ကျနေလို့ကတော့ ကွိပြီပဲလို့လည်းတွေးရင်း သွားရမယ့် နေရာကို ချောချောမွေ့မွေ့တော့ ရောက်သွားခဲ့တယ် .... 

Adventure ...... !

No comments:

Post a Comment