စည်သူမောင်(တ.က.သ)နဲ့ Sunday talk စကားဝိုင်းလေးမှာ ကိုစည်သူမောင်က "လူငယ်တစ်ဦးနှင့် သူရွေးချယ်သော အနာဂတ်"ခေါင်းစဉ်နဲ့ သူ့အတွေ့အကြုံကို မျှဝေ ဆွေးနွေးပေးပါတယ်။ သူ့အတွေ့အကြုံမျှဝေရင်း ကျန်တဲ့ မောင်နှမတွေကလည်း ပြန်လည်မေးမြန်းကြရင် ကိုယ့်အတွေ့အကြုံတွေမျှဝေရင်း လူငယ်တွေအတွက် အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းလေးဖြစ်ခဲ့ပါတယ်။
- နိုင်ငံရေးလုပ်ဖို့ ဘယ်လိုသတ္တိရှိဖို့လိုလဲ မေးတော့ ..... သတ္တိလို့ပြောတဲ့အခါ အကြောက်တရားနဲ့ ဆက်စပ်နေတာလည်း ရှိတယ်။ ကြောက်လို့ သတ္တိဆိုတဲ့စိတ်ကို မွေးရတာလည်း ဖြစ်နိုင်တယ်။
- တချိန်တုန်းက နိုင်ငံရေးဆိုတာဟာ အပွင့်လင်းဆုံးပြောရရင် ထောင် နှုတ်ခမ်းနင်းပြီး လုပ်ရတဲ့အလုပ်။ သေနတ်ပြောင်းဝ ရှေ့မှာလုပ်ရတာ။ ကျွန်တော်တို့ လမ်းတွေပေါ်ထွက်ပြီး လုပ်ကြရတာ။ အဲ့ဒီတုန်းက သတ္တိရှိရင် နိုင်ငံရေးလုပ်လို့ရတယ်။ ရဲရဲတောက်သွေးရှိရင် နိုင်ငံရေးလုပ်လို့ရတယ်။
- ဒီဘက်ခေတ် ဒီဘက်ကာလဟာ လမ်းပေါ် နိုင်ငံရေး လုံးဝမဟုတ်တော့ဘူး။ ဒီဘက်ခေတ်နိုင်ငံရေးက ဦးနှောက်နဲ့သွားတဲ့ တိုက်ပွဲတွေဖြစ်သွားပြီ။ အဲဒါတွေကို နားလည်သွားပြီဆိုရင် နိုင်ငံရေးလုပ်ဖို့အတွက် သတ္တိမလိုဘူး။ ပညာပဲလိုတယ်။
စည်သူမောင်
No comments:
Post a Comment