ကျွန်တော်တို့တစ်တွေ ဗလီက ၀ိုဇူ(ကိုယ်လက်သန့်စင်)ရေကန်ဆေးဖို့ လုပ်အားပေးကြတဲ့နေ့ကပေါ့ ………
ဝိုဇူရေကန်ထဲက ရေတွေကိုလည်း အလဟသ မဖြစ်အောင် အဲဒီရေတွေကို ခပ်ပြီး ဗလီရင်ပြင်ရော ဘေးပတ်ဝန်းကျင်ရော အားလုံး ဆေးကြော သန့်ရှင်းရေးလုပ်ကြတယ်။
အဲဒီကန်ထဲက ငါးတွေကို ပလပ်စတစ်ကန်ကြီးတစ်ခုတည်းထည့်ပြီး ဗလီရင်ပြင်ပေါ်မှာ ချထားတယ်။ အဲဒီအချိန်မှာပဲ မိုးတွေက သည်းသည်းမည်းမည်း ရွာချလိုက်ပါလေရော။
အဲလို မိုးလည်းရွာလိုက်ရော တစ်ချို့ကလေးတွေ(၁၅-နှစ်အရွယ်လောက် တစ်ယောက်ကဦးဆောင်ပြီး)က ပြေးလိုက်ကြတာ ငါးထည့်ထားတဲ့ကန်ဆီကို။ ပါးစပ်ကလည်း အော်သေးတယ်။
သူတို့တွေ အော်သံကြားတော့ ကျွန်တော်တို့ တစ်တွေမှာလေ ဘယ်လိုမှ မနေနိုင်ကြတော့လို့ ထိုင်ပြီး ရီနေလိုက်ကြတော့တယ်။
သူတို့ပြောလိုက်တဲ့စကားက .........
“ရွှေ့ …. ရွှေ့ …. မြန်မြန်ရွေှ့ … ငါးတွေ မိုးမိရင် အအေးမိပြီး သေကုန်လိမ့်မယ် ………” တဲ့ :D :D :D

No comments:
Post a Comment