Tuesday, March 01, 2011

လေ့လာသင်ယူ ... ပြန်လည်မျှဝေ ကြရအောင်

MMSY လေးနှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်လေးကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်လေးက .... ကလေးတွေကို စာသင်ပေးဖို့ပါပဲ။ အဲဒီနေ့ ပြီးကတည်းက စပြီး စီစဉ်နေကြတာ အခုဆို စတင်လုပ်ဆောင်တော့မယ် အနေအထားကို ရောက်ခဲ့ပါပြီ။ တစ်ချို့လည်း လာမေးပါတယ် ... စာသင်နေပြီလား ... စနေပြီလားဆိုတာကို ... ကျွန်တော့်တို့အနေနဲ့လုပ်မယ့်လုပ်စဉ်က အနည်းဆုံး ၆-လ အချိန်ယူပြီး NFE (Non Formal Education = ကျောင်းပြင်ပ ပညာရေး)ပုံစံလေးနဲ့သင်မှာဖြစ်လို့ စလုပ်ကတည်းက သေချာစနစ်တကျလေး လုပ်ချင်တာကြောင့် အချိန်ယူပြီး Plan လုပ်ကြပါတယ်။

ကလေးတွေကို စာသင်ပေးဖို့အတွက် တိုင်ပင်ကြတော့ ကျွန်တော်တို့တွေအားလုံးရဲ့ ဆန္ဒက စေတနာဝန်ထမ်းသင်ပေးတာမျိုးမဟုတ်ပဲ ... သင်ပေးမယ့်ဆရာကို ပညာသင်စရိတ်ပြန်လည်ထောက်ပံ့ပေးမယ့် ပုံစံလေးနဲ့ပဲ သွားချင်ကြပါတယ် ..... (များသောအားဖြင့် စေတနာဝန်ထမ်းပုံစံက ရေရှည်မတည်တံ့ပဲ နောက်ပိုင်းမှာ အားနည်းသွားတတ်လို့ပါ။ စေတနာဝန်ထမ်းများမှာလည်း သူတို့စားဝတ်နေရေး၊ ရာသီဥတုဒဏ် ... အစရှိတာတွေကြောင့် ပျက်ကွက်မှုတွေရှိလာရင် ... နောက်ပိုင်း စာသင်မှုအပိုင်းမှာ အားနည်းသွားတတ်ကြလို့ပါ။) ... ဒါကြောင့် ... သင်ပေးမယ့် ဆရာ(၂)ယောက် ရွေးချယ်ခဲ့ရပါတယ် .... သူတို့ကို ကျွန်တော်တို့အနေနဲ့ ပညာသင်စရိတ်ပြန်လည်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကလေးကို စာသင်ပေးမယ့်ကာလက ၆-လ plan လုပ်ထားပါတယ်။ ခုနကပြောတဲ့ NFE ပုံစံနဲ့ သွားပါမယ်။ မြန်မာစာအရေး၊ အဖတ်၊ သင်္ချာအခြေခံအတွက်အချက်နဲ့ အင်္ဂလိပ်အခြေခံလေး(ရုပ်ပုံလေးနဲ့တွဲပြီး ကလေးတွေ မှတ်မိလွယ်မယ့်နည်းလမ်းလေးနဲ့)ပေါ့ ... ကလေးတွေ ဖတ်လို့အဆင်ပြေမယ့် စာကြည့်တိုက်ပုံစံ(စာအုပ်ဗီရို)လေးလည်း ထားပေးဖို့ စဉ်းစားထားတယ်။ အဲဒီအတွက်လည်း ဘယ်လိုပုံပစံတွေနဲ့ လုပ်ပေးရင် ပိုပြီးထိရောက်အဆင်ပြေမလဲဆိုတာ နားလည်တတ်ကျွမ်းသူတွေ၊ အကြံဥာဏ်အားပေးနိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလေးတွေ လုပ်ကြတယ်။



NFE လုပ်ဆောင်နေတဲ့ အခြား NGO တွေနဲ့ ချိတ်ဆက်ပြီး ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ။ သူတို့လုပ်ဆောင်ရာတွေမှာ ဘယ်လိုတွေ၊ ဘာတွေ လုပ်ဆောင်နေကြသလဲဆိုတာတွေကိုသိနိုင်ဖို့ Networking လုပ်ခဲ့ကြတယ်။ ကျွန်တော့်သူငယ်ချင်း ကိုဟိန်းလတ်က Network လုပ်ပေးလို့ Save the Children က လုပ်နေတဲ့ NFE Networking group လေးမှာ ချိတ်နိုင်ခဲ့ပြီ။ ဒီနေ့ပဲ အဲဒီက Meeting ဖိတ်လို့ အခြားသူတွေက အကြောင်းကြောင်း ကြောင့် မတက်ရောက်နိုင်တာကြောင့် ကိုတိမ်မိုးလွင်ရယ် ကျွန်တော်ရယ်သွားတက်ခဲ့တယ်။

NFE နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသိသေးတာတွေ ပိုသိခဲ့ရတယ်။ NFE နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်လေးကို ၀ိုင်းဝန်းဆွေးနွေးအဖြေရှာကြဖို့၊ အခက်အခဲတွေ ၀ိုင်းဝန်းအဖြေရှာကြဖို့အတွက် အဲဒီ Network group လေးရဲ့ တစ်လတစ်ခါ Meeting တွေမှာ ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ နောက်ပြီး သူတို့တွေရဲ့ ကလေးတွေ၊ NFE နဲ့ ပတ်သက်တဲ့ Training တွေ၊ workshop တွေမှာလည်း ကျွန်တော်တို့တွေပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ (မွတ်စလင်မ်)လူငယ်တွေအနေနဲ့ အခုလို လုပ်ဆောင်နေကြတာကိုလည်း ၀ိုင်းပြီးအားပေးကြပါတယ်။ မနက်ဖြန်မှာပဲ Training တစ်ခု စတက်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။

နောက်ပိုင်းတွေမှာလည်း အဲလို Training တွေ၊ Workshop တွေ ရှိလာခဲ့ရင် ကိုယ့်ရရှိလာတဲ့ အသိပညာလေးတွေကို အားလုံးကို ပြန်ပြီးမျှဝေပေးကြမယ့်၊ community မှာ ပြန်ပြီးအသုံးပြုပေးမယ့် MMSY မိသားစုဝင်များ [သင်တန်းတက်ပြီး ပျောက်သွားမယ့်သူများမဖြစ်စေချင်ပါဘူး .. :)  ... ] တစ်လှည့်စီ တက်ရောက်စေချင်ပါတယ်။ ဒီလို နည်းပညာတွေကို ရနိုင်တဲ့အခြေအနေရှိတုန်းမှာ ကျွန်တော်တို့တွေလည်း ပြန်ပြီးလေ့လာသင့်ကြပါတယ်။

လာမယ့် 3rd week, February မှာလည်း ၃-ရက် သင်တန်းတစ်ခုရှိပါတယ်။ သင်တန်းတွေက တစ်နေကုန် တက်ရမှာပါ ... စိတ်ဝင်စားပြီး  ကိုယ့်ရရှိလာတဲ့ အသိပညာလေးတွေကို အားလုံးကို ပြန်ပြီးမျှဝေပေးကြမယ့်၊ community မှာ ပြန်ပြီးအသုံးပြုပေးမယ့် MMSY မိသားစုဝင်များ ကျွန်တော်တို့တွေအတူလက်တွဲပြီး ကိုယ့် community တိုးတက်ဖို့အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရအောင် .........။

No comments:

Post a Comment