Saturday, October 16, 2010

တယ်လီဖုန်းဘီလ်


တယ်လီဖုန်းဘီလ်စာရင်းတွင် ထူးထူးခြားခြား အများကြီးကျနေရာ ဦးထောင်ဦးစီးလုပ်သူက မိသားစုစုံညီအစည်းအဝေးခေါ်လိုက်သည်။

အဖေ - ပုဂ္ဂိုလ်တို့ ဒါကတော့ လက်မခံနိုင်စရာပဲ။ ဖုန်းအသုံးပြုတာကို ကန့်သတ်ရမယ်။ ငါဆို ဒီဖုန်းကို သုံးကိုမသုံးဘူး။ ရုံးကဖုန်းကိုပဲ သုံးနေတာ။

အမေ - ဒီကလည်း အတူတူပါပဲ။ ကျုပ်အလုပ်ကဖုန်းကိုသုံးနေတာ။ ဒီအိမ်ဖုန်းကို မသုံးသလောက်ပါပဲနော်။

သား - ကျွန်တော်လည်း အတူတူပဲ။ အိမ်ကဖုန်းကို ဘယ်တော့မှမသုံးဘူး။ ကုမ္ပဏီက မိုလ်ဘိုင်းဖုန်းပဲ အမြဲတမ်းသုံးနေတာ။

အိမ်ဖော် - ဒါဆို ဘာပြဿနာရှိလို့လဲ။ ကျွန်မတို့အားလုံး ကိုယ့်အလုပ်ကဖုန်းတွေ သုံးနေကြတာပဲဟာ .....

No comments:

Post a Comment