စာရေးဆရာ ပသီဦးကိုကိုလေး၏စာပေရေစီးကြောင်းကို စာဖတ်ပရိသတ်သို့ တင်ပြလိုပါသည်။ ဦးစွာပထမ စာဖတ်ပရိတ်နှင့် ဆရာပသီဦးကိုကိုလေးအား မိတ်ဆက်ပေးလိုပါသည်။ သို့သော် ဆရာ့နာမည်နှင့် ဆရာ့စာပေများကို ဖတ်ဖူးကြသူများ တိုင်းပြည်အနှံ့တော်တော်တန်တန်ရှိနေကြသည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ဆရာဦးကိုကိုလေး စာပေရေစီးကြောင်းကိုရေးလိုသဖြင့် သူ့ဘ၀ဖြတ်သန်းလာပုံကို ပထမလေ့လာမိပါသည်။
၁၉၂၁-ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် အဖ ဦးစလေမန်၊ အမိ ဒေါ်တီ တို့မှ မွေးဖွားခဲ့သည့် သားသမီး(၁၀)ဦးအနက် သားဦးဖြစ်ပါသည်။ မန္တလေးဇာတိဖြစ်ပါသည်။ ယခုအခါ အသက်(၇၀)ကျော်နေပါပြီ အသက်(၁၇)နှစ်အရွယ် မိဘများနှင့် ကသာခရိုင် ကောလင်းမြို့ (ယခု စစ်ကိုင်းတိုင်း)တွင် နေထိုင်စဉ် ၁၉၃၈-ခုနှစ် (တစ်နည်း ၁၃၀၀)ပြည့် အရေးတော်ပုံကာလ တစ်ပြည်လုံးကျောင်းသားများ သပိတ်မှောက်ကျောင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်မှစတင်၍ မိတ်ဆက်ပေးလိုပါသည်။
၁၉၃၈-ခုနှစ် သပိတ်မှောက်ကျောင်းသားဘ၀မှစပြီး သူ့တွင် တိုင်းပြည်နှင့် အမျိုးသားစိတ်ဓါတ် ကိန်းအောင်းခဲ့ပါသည်။ တို့ဗမာအစည်းအရုံးနှင့်လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့ ဆင်နွှဲကြစဉ် ကောလင်းမြို့ရှိ ပသီလူလတ်ပိုင်း (၄၀)ကျော်တို့ကိုစည်းကာ ဗမာမွတ်စလင်မြို့ရွာ ကာကွယ်ရေးတပ်ဟူ၍ ဖွဲ့စည်းခဲ့စဉ် တပ်ဖွဲ့အတွင်းရေးမှူး ဒု-ခေါင်းဆောင်ဖြစ်ခဲ့ပါသည်။
၁၉၄၀-ခုနှစ် ဧပြီလ(၂၀)ရက်တွင် ဦးစောမောင်+ဒေါ်မြခဲတို့၏သမီး ဒေါ်ခင်ဆွေနှင့် အိမ်ထောင်ကျခဲ့သည်။ ယနေ့တိုင်အတူနေထိုင်လျက်ရှိကြပြီး အိမ်ထောင်သက် (၅၀)နှစ် ကျော်ခဲ့ပေပြီ။ ဇနီးသည် ဒေါ်ခင်ဆွေကလည်း ခင်ပွန်းဖြစ်သူ ဦးကိုကိုလေး ထောင်ကျနေစဉ်နှင့် တိမ်းရှောင်နေရစဉ်အချိန်များတွင် သားသမီးတို့အတွက် တာဝန်ယူခဲ့သည်။ နိုင်ငံရေးသမားတို့ကို ပြုစုနေရလျှင် ကျေနပ်နေသူဖြစ်ပေသည်။ ဆရာတို့ ဇနီးမောင်နှံသည် လိုက်ဖက်ညီသည့် ဇနီးမောင်နှံဟုဆိုရပေလိမ့်မည်။ သား(၃)ယောက်၊ သမီး(၂)ယောက် ပေါင်း(၅)ယောက်ထွန်းကားခဲ့ရာ သားအကြီး ရေဒီယိုအဆိုကျော် စိုးမိုးလွင်နှင့် သားအလတ် ရေဒီယိုအဆိုကျော် မိုးမင်းဝင်းတို့ကို မန္တလေးမြို့ စကြာနွယ်စဉ်ရပ်တွင် မွေးဖွားခဲ့ပြီး သားငယ်ခင်မောင်သန်းနှင့် သမီးကြီး ရေဒီယိုအဆိုကျော် ဇာဇာမိုးမင်း၊ သမီးငယ် ကြူကြူဆွေတို့ကို ရန်ကုန်မြို့ ကျောက်မြောင်းရပ်တွင် မွေးဖွားခဲ့သည်။
၁၉၄၂-ခုနှစ် ဂျပန်များ ၀င်ရောက်လာကြစဉ် တပ်ဦးကို ဦးဆောင်လာသည့် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဖုန်းမြင့် ဖွဲ့စည်းပေးသည့် မြို့ရွာအုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေးအတွက လူပေါင်း(၃၀)ဖွဲ့စည်းပေးရာတွင် တစ်ဦးပါဝင်ခဲ့ပါသည်။ မြို့ရွာအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ဖွဲ့စည်းသည့် လက်နက်ကိုင်တပ်ဖွဲ့တွင် တပ်စုမှူးတစ်ဦးဖြစ်ခဲ့ပါသည်။ ကောလင်းမြို့၏ မိုင်နှစ်ဆယ်ပတ်လည်တွင် ဓားပြတိုက်၊ လူသတ်နေကြသည်များကိုနှိမ်နင်းရာတွင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ဘီအိုင်အေတပ် ကောလင်းမြို့သို့ ရောက်လာသည့်အခါ မြို့ရွာအုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်တို့ကို ခေါ်ယူ၍ မျက်နှာစုံညီတွေ့ဆုံရာတွင် ဆရာဦးကိုကိုလေးတစ်ယောက် မြို့ရွာအုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည့်ကိစ္စရပ်များအား ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်မှုတို့ကို နာယူခဲ့ရပြီး ရာဇ၀တ်ကျူးလွန်သူများကို အရေးယူမည့် တရားစီရင်ရေးအဖွဲ့ကိုးဦးတွင် တစ်ဦးပါဝင်ခဲ့ရပြန်ပါသည်။
ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ကြရသည်မှာ ဒေါက်တာဘမော်အစိုးရ တက်လာသည့်တိုင်ဖြစ်ခဲ့ရပါသည်။
အင်္ဂလိပ် အမေရိကန်တို့ ပြန်လည်ထိုးစစ်ဆင်လာသည့်အခါ ကောလင်းမြို့မှခွာ၍ စစ်ပြေးကြရစဉ် သူ့မိသားစုသည် ကန့်ဘလူမြို့နယ် ဘုတ်တောကျေးရွာသို့ရောက်ခဲ့ပြီး ဦးကိုကိုလေးမှာ စစ်ပြေးများစုဝေးရာ အမရပူရမြို့နယ် ဘုံးအိုးကျေးရွာသို့ ရောက်ခဲ့သည်။ အာရှလူငယ်ဖွဲ့စည်းရာတွင် တွဲဖက်စာကြည့်တိုက်မှူးဖြစ်ခဲ့ရပြန်သည်။
အာရှလူငယ်များအစည်းအရုံးမှ ဂျပန်တော်လှန်ရေးအတွက် လူစီစစ်ရွေးချယ်ရာတွင် ဦးသာဒွန်း(ကြေးနန်းဝန်ထောက် အငြိမ်းစား - ကွယ်လွန်)နှင့် ဦးသန်းရွှေ(ကျောင်းဆရာ - ကွယ်လွန်)တို့ ခေါင်းဆောင်ကြသည့် ဖတပလ မှ ဂျပန်တော်လှန်ရေးတပ်သားအဖြစ် ရွေးချယ်ကြသူများတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြန်သည်။
ဖတပလမှ ဦးကိုကိုလေးအား ပေးအပ်သည့်တာဝန်တို့မှာ -
(၁) ဂျပန်တို့၏လှုပ်ရှားမှုအခြေအနေကို မျက်ခြေမပြတ် စုံစမ်းအစီရင်ခံရမည်။
(၂) ရနိုင်သမျှ လက်နက်စုဆောင်းရှာဖွေပေးရမည်။
(၃) အထက်မှဆင်းလာသည့် အင်္ဂလိပ်တပ်ဦးနှင့်ဆက်သွယ်ပြီး
(က) ဂျပန်တော်လှန်ရေးအတွက် လက်နက်ကူညီရန်၊ (ခ) ဆေးဝါးကူညီရန် (ဂ) ပူးပေါင်းတိုက်ခိုက်ရန် ဆွေးနွေးအစီရင်ခံရမည့် တာဝန်ကို ပေးခဲ့ကြသည်။
ပေးအပ်သည့်တာဝန်အရ အင်္ဂလိပ်စစ်ပြေးတွင် စွန့်ပစ်ထားသည့် (၃၀၃)ကျည်ဆန်ပေါင်းငါးထောင်ကျော်ကို ဦးချစ်ဖူး(စံတော်ချိန်နာရီဆိုင် - ရုံတော်ကြီး)နှင့်အတူ စုဆောင်းလျှို့ဝှက်သယ်ယူပြီး ဘုံးအိုး ဖတပလ ခေါင်းဆောင်များသို့ ပေးအပ်ခဲ့ရသည်။ ၎င်းကျည်ဆန်များကို ဗိုလ်မှူးဗထူးတပ်သို့ ပေးအပ်လိုက်ကြောင်း နောင်တွင်သိရသည်။
အင်ဖာတမူးမှ ချီတက်လာသည့် (၁၄)နံပါတ် တပ်မတော်မှ(၃၃)တပ်မကြီး(၂)နှင့် ကန့်ဘလူမြို့နယ် ကျွန်းလှမြို့ ချောင်းကွေ့ ဇီးတောရွာတို့အနီး စခန်းချသည့် အင်္ဂလိပ်တပ်သို့ ဦးသန်းမြင့်(ကုန်သည် -ကောလင်း)ကို အဖော်အဖြစ်ခေါ်၍ အင်္ဂလိပ်တို့အား ခုခံကြမည့် ဂျပန်များကြားမှဖြတ်၍ အရောက်သွားဆက်သွယ်ခဲ့ပြီး ပေးအပ်ခဲ့သည့် တာဝန်များကို ဆွေးနွေးပြီး သက်ဆိုင်ရာသို့ သတင်းပို့ အစီရင်ခံခဲ့ကြသည်။
စစ်ပြီးခေတ် ဖတပလမှ ဖဆပလ ပေါ်ပေါက်လာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်မှုဖြင့် ဆရာကြီးဦးရာဇတ်ခေါင်းဆောင်ဖွဲ့စည်းသည့် ဗမက အဖွဲ့၊ မန္တလေးခရိုင် အမှုဆောင်အဖွဲ့ဝင်ဖြစ်လာသည်။ ဖဆပလ တပ်ပေါင်းစုတွင် တပ်တစ်တပ်အဖြစ် ပါဝင်ခဲ့ရာ၌ မန္တလေးခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ်(၃)ဦးတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြန်ပါသည်။
၁၉၅၀-ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ မိသားစုပါ အပြီးအပိုင် ပြောင်းရွေှ့၍ ရန်ကုန်ခရိုင် ဗမက အတွင်းရေးမှူး၊ ရန်ကုန်ခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ်၊ ၁၉၅၂-ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ရန်ကုန်မြို့ မြူနီစီပါယ် ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင် စံပြထောင် (ရန်ကုန်ထောင်ကြီး) အုပ်ချုပ်မှုအဖွဲ့တွင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။
၁၉၅၆-ခုနှစ် ဗမက ဖျက်သိမ်းစဉ် ပေါ်ပေါက်လာသည့် ဗမက(သစ်) နောင်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ကရက်(ဗမက)ဌာနချုပ် အထွေထွေ အတွင်းရေးမှူး၊ ပမညတ တပ်ပေါင်းစုတွင် ပါဝင်ကြသည့်အခါ ဗဟိုသဘာပတိအဖွဲ့ဝင်၊ ပမညတ ဌာနချုပ်မှ သတ်မှတ်တာဝန်ပေးချက်အရ ရန်ကုန်မြူနီစီပါယ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၁၅) (ဆူးလေဘုရားလမ်းနှင့် သိမ်ဖြူလမ်းအကြား) မဲဆန္ဒနယ်မှ ၁၉၅၉-ခုနှစ်တွင် ရွေးကောက်ပွဲဝင်ခဲ့ရပြီး ၁၉၆၀-ပြည့်နှစ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်အလယ်ပိုင်း မဲဆန္ဒနယ်တွင် သန့်ရှင်းအမတ်လောင်း ဦးရာရှစ်၊ တည်မြဲအမတ်လောင်း ဦးခင်မောင်လတ်(၀န်ကြီးဟောင်းများနှင့်)ယှဉ်ပြိုင်ရန် ပမညတ ဗဟိုသဘာပတိအဖွဲ့မှ တာဝန်ပေးချက်အရ ပမညတ အမတ်လောင်းအဖြစ်နှင့် ယှဉ်ပြိုင်ခဲ့သည်။
၁၉၆၃-ခုနှစ် တော်လှန်ရေးကောင်စီမှ ဖိတ်ခေါ်ကျင်းပသည့် မျက်နှာစုံညီတွေ့ဆုံပွဲ အောင်မြင်မှုကိုရှေ့ရှုဆောင်ရွက်မည့် ဗဟိုကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြီး ကျရာတာဝန်တို့ကို ဆောင်ရွက်ခဲ့ရသည်။ ဆွေးနွေးပွဲများပျက်သွားသည့်အခါ အထွေထွေနိုင်ငံရေးသမားအဖြစ်မှ အနားယူခဲ့ပါသည်။
တော်လှန်ရေးကောင်စီပေါ်ပေါက်လာပြီး မျက်မှောက်ကာလတိုင် လူမှုရေးကိစ္စများကို ပါတီကောင်စီတို့မှ သင့်တော်သလို ပေးအပ်သည့် ရပ်ရေးရွာရေုးဆိုင်ရာ၊ လူမှုရေးတို့ကို ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည်။ ဆရာဦးကိုကိုလေး ကိုယ်ရေးအကျဉ်းချုပ်ဖြင့် မိတ်ဆက်ပြီး သူ၏ စာပေရေစီးကြောင်းကို တင်ပြလိုပါသည်။
၁၉၈၇-ခုနှစ်အတွင်း စာရေးဆရာပသီကိုကိုလေးနှင့် ကျွန်တော်(ရွှေကုန်းသား) မျက်နှာစုံညီတွေ့ဆုံခွင့်ရခဲ့ပါသည်။
ကျွန်တော်မေး - ရာ ဘယ်ခုနှစ်ကစပြီး စာရေးခဲ့ပါသလဲ။ ဘာခေါင်းစဉ်နဲ့ ရေးခဲ့ပါသလဲ။ ဘယ်စာစောင်မှာ ပထမဆုံးပါခဲ့ပါသလဲ။
ဆရာဖြေ - ရဲဘော် မေးခွန်းကလည်း စုံလှချည်လား၊ ဘာများလုပ်ချင်လို့လဲ။
ကျွန်တော်မေး - ဆရာအသက်ရှင်လျက်ရှိနေစဉ် ဆရာ့စာပေရေစီးကြောင်းကို မှတ်တမ်းတစ်စောင် ပြုချင်လို့ပါ။
ဆရာဖြေ - ဒီလိုဆိုပြောရမှာပေါ့။ ဆရာ့အသက် (၁၄-၁၅)နှစ်လောက်ကစပြီး စာဖတ် ၀ါသနာ ပါခဲ့တယ်။ ပထမတော့ ၀တ္ထုဖတ်တာပါ။ ဆရာ့အသက် (၁၆-၁၇)နှစ်မှာတော့ နဂါးနီစာအုပ်အသင်း ပေါ်လာတယ်။ ခြောက်မူးပေးပြီး နဂါးနီစာအုပ်အသင်း ၀င်လိုက်တယ်။ နဂါးနီစာအုပ်တွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစိတ် တက်ကြွရေးတို့သာ များပါတယ်။ ဒို့ဗမာအစည်းအရုံးကလဲ ခေတ်ထနေချိန်ပေါ့။ သခင်မျိုးဟေ့ ဒို့ဗမာ၊ မီးတုတ် မီးတုတ် ရှို့ရှို့ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ဆရာတို့ကို လူငယ်တွေကို အမျိုးသားစိတ်တက်ကြွစေခဲ့တယ်။
ကျွန်တော်မေး - နဂါးနီစာအုပ်တွေဖတ်လို့ စာရေးဆရာဖြစ်လာတာလား။
ဆရာဖြေ - နဂါးနီစာအုပ်တွေဖတ်လို့ စာရေးဆရာဖြစ်လာတာလားဆိုတဲ့မေးခွန်းကိုတော့ ဟင့်အင်း … အင်း … လို့ပဲ ဖြေချင်တယ်။ ဟင့်အင်းဆိုတာကတော့ နဂါးနီစာအုပ်တွေ ဖတ်နေတုန်းက စာမရေးဖြစ်သေးပါဘူး။ အင်းဆိုတာကတော့ နဂါးနီစာအုပ်တွေဖတ်ခဲ့လို့ စာရေးဆရာဖြစ်လာတဲ့အခါ နဂါးနီစာအုပ်တွေကပေးလိုက်တဲ့ သင်ခန်းစာတွေကို ရေးခဲ့တာ များပါတယ်။
ကျွန်တော်မေး - ကျွန်တော်မေးခဲ့တဲ့ ဘယ်ကာလက၊ ဘာကို စရေးခဲ့သလဲ၊ ဘယ်စာစောင်မှာ ရေးခဲ့ပါသလဲ ဖြေစေချင်ပါတယ်ဆရာ။
ဆရာဖြေ - ဖြေပါ့မယ် ၁၉၄၉-ခုနှစ် တစ်နှစ်လုံးလိုလို ဆရာရန်ကုန်မှာရှိတယ်၊ နဂါးနီစာအုပ်တွေဖတ်သလို ဗန်းမော်တင်အောင်ရေးခဲ့တဲ့ စာအုပ်တွေလဲဖတ်တယ်။ သူ့ကိုလဲ ကြည်ညိုလာခဲ့တယ်။ ဒါကြောင့် ရန်ကုန်ရောက်တော့ ဗန်းမော်တင်အောင်ကို ရှာဖွေပြီး ရင်းရင်းနှီးနှီးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဗန်းမော်တင်အောင်ဟာ လင်းယုန်ဂျာနယ်ထုတ်စပါ။ လင်းယုန်ဂျာနယ်ဆိုပြီးထုတ်ပေမယ့် စာပေတိုက် တိတိကျကျမရှိသေးပါဘူး။ စက္ကူအကြွေးဝယ်၊ ကြုံရာပုံနှိပ်တိုက်မှာရိုက်၊ နယ်တွေပို့ဖို့ လမ်းဘေး ပလက်ဖောင်းမှာထုတ်ပိုးပြီး စာတိုက်ပို့ရတဲ့ဘ၀ပါ။ အဲဒီတာဝန်တွေကို ၀ိုင်းကူကြသူတွေကတော့ စာရေးဆရာရွှေဓား၊ စာရေးဆရာ မင်းသူတို့နဲ့ ဆရာလဲ ၀ိုင်းတော်သားဖြစ်ခဲ့ရတယ်။ လင်းယုန်ဂျာနယ်ဝိုင်းတော်သားလည်းဖြစ်၊ စာလဲရေးချင်စိတ်ပေါ်လာလို့ ဆောင်းပါးတစ်ပုဒ်ရေးပြီး “ရေထမ်းသမားကြီး ဦးလေးကိုပု”လို့ ခေါင်းစဉ်ပေးခဲ့တယ်။
ကျွန်တော်မေး - အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲဆရာ။
ဆရာဖြေ - ၁၉၄၉-ခုနှစ်ကပါ လတော့ မမှတ်မိတော့ဘူး။
ကျွန်တော်မေး - ဒီလိုဆို ဆရာစာပေစင်မြင့်ပေါ်ရောက်ခဲ့တာ နှစ်ပေါင်းလေးဆယ်နီးပြီပေါ့။ ဆက်ပြီးတော့ ဘာတွေ ရေးခဲ့ပါသေးသလဲ။
ဆရာဖြေ - ၁၉၅၀-ပြည့်နှစ် ရန်ကုန်ကို မိသားစုပါ ပြောင်းသွားပြီး ကလောင်သွေးတယ်လို့ ဆိုချင်ပါတယ်။ စာရေးတယ်ဆိုတာကလဲ ရေးချင်တာရေးနိုင်ပေမယ့် ထည့်ပေးမယ့် စာစောင်ရှိဦးမှ၊ ဆရာ့အတွက် ကံကောင်းတယ်လို့ဆိုရမှာက လင်းယုန်ဂျာနယ်က ရှိနေတယ်။ ၁၉၅၂-ခုနှစ်မှာ ဗမက ဌာနချုပ်က နှစ်ပတ်တစ်ကြိမ်ထုတ်တဲ့ ဗမက အသံဆိုတဲ့ စာစောင်ပေါ်လာတယ်။ လင်းယုန်မှာ နှစ်ပုဒ်၊ သုံးပုဒ်ပါခဲ့ပြီး ဗမက အသံမှာ ရေးပြန်တယ်။ ဗမက အသံကလဲ ထည့်ပေးတယ်။ ဒီတော့ စာရေးဆရာပေါက်စဖြစ်လာတာပေါ့။
ကျွန်တော်မေး - ပသီကိုကိုလေးဆိုတဲ့ အမည်နဲ့ရေးခဲ့တာလား။
ဆရာဖြေ - မဟုတ်ပါဘူး။ ဒါမေးထိုက်တဲ့မေးခွန်းပါ။ လင်းယုန်စာစောင်မှာ ရွှေလင်းမောင် ကလောင်အမည်နဲ့ ရေးခဲ့တယ်။ ဗမကအသံမှာ မျှားနက်လို့ရေးခဲ့တယ်။ အဲဒီနောက်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းထုတ်တဲ့ ပြည်သူ့ဂျာနယ်၊ အလုပ်သမားညီညွတ်ရေးပါတီကထုတ်တဲ့ ရှုဒေါင့်၊ တစ်ခြားပုဂ္ဂိုလ်တစ်ဦးထုတ်တဲ့ ရောင်ခြည်ဦးဂျာနယ်တို့မှာလည်း ရေးခဲ့ပါတယ်။ ရှုမ၀နဲ့သွေးသောက်မှာလည်း တစ်ပုဒ်စီရေးခဲ့ပါတယ်။ သတင်းစာတို့မှာလည်း အထူးသဖြင့် ကြေးမုံမှာ ကိုကိုလေးဆိုတဲ့ကလောင်အမည်နဲ့ရေးခဲ့ပါတယ်။ အချို့ ရွှေညာသားဆိုတဲ့ ကလောင်အမည်နဲ့ရေးခဲ့ပါသေးတယ်။ ဘယ်နာမည်နဲ့ဘယ်မှာရေးတယ်ဆိုတာတော့ မမှတ်မိဘူး။ ဆောင်းပါးပေါင်း ငါးဆယ်ကျော်ခဲ့ပါတယ်။
ကျွန်တော်မေး - လုံးချင်းကော ဘယ်နှစ်တွင် ထုတ်ဖူးပါသလဲ။
ဆရာဖြေ - လုံးချင်းအဖြစ်နဲ့တော့ ၁၉၆၀-ပြည့်နှစ်က ထုတ်ခဲ့တဲ့ ဗမာမွတ်စလင်လူမျိုးစုပြဿနာ ဆိုတာ ပထမဆုံးရေးခဲ့တာပါ။ အဲဒီစာအုပ်မှာတော့ ကလောင်အမည်ကို ကိုကိုလေး(ဗ-မ-က-သစ်)အထွေထွေအတွင်းရေးမှူးလို့ တပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်လုံးချင်းကတော့ ဆိုရှယ်လစ်စီးပွားရေးပြဿနာ၊ အဲဒီစာအုပ်မှာတော့ ကိုယ်တိုင် ပါဝင် တာဝန်ယူနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ဂရက် အတိုကောက် ဗ-ပ-က လို့ထည့်ပြီး (ကိုကိုလေး-ဗ-ပ-က)လို့ ကလောင်အမည်နဲ့ရေးခဲ့တယ်။ ဒီကလောင်အမည်နဲ့ပဲ တော်လှန်ရေးကောင်စီကာလနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်လာတဲ့အထိ စာပေစိစစ်ရေးခွင့်ပြုချက်နဲ့ ဆိုရှယ်လစ်စီးပွားရေးပြဿနာ တွေ့ဆုံဆွေးနွေးရေးမှတ်တမ်း၊ တွေ့ဆုံဆွေးနွေးရေးနှင့် ကျွန်တော်ကိုယ်တွေ့ ခေတ်ငါးခေတ်နဲ့လူတန်းစားပြဿနာ၊ အခက်ခဲဆုံး၏မူလဇစ်မြစ်၊ အရင်းရှင်စနစ်ဆိုတာဘာလဲ၊ ဆိုရှယ်လစ်အမြင်ဖြင့် သုံးသပ်ချက်များ၊ ဦးနုနဲ့အာဏာပြဿနာ၊ ပါလီမန် ဒီမိုကရေစီနဲ့ တရုတ်ဖြူဗိုလ်ချုပ်စသည့် လုံးချင်းများနဲ့ တစ်ခြားလုံးချင်း (၁၄)အုပ်လောက် ရေးခဲ့ပါတယ်။
ကျွန်တော်မေး - ကျွန်တော်သိနေတာက စာရေးဆရာ ပသီကိုကိုလေးလို့ သိနေပါတယ်။ ပသီကိုကိုလေးဆိုတဲ့ကလောင်အမည်ကို ဘယ်တုန်းက စသုံးခဲ့ပါသလဲ။
ဆရာဖြေ - လူတန်းစားပြဿနာကို အားသန်ခဲ့တယ်။ ဒါကြောင့်လဲ ခုနကပြောတဲ့စာအုပ်တွေ ရေးခဲ့တာပါ။ နောက်တော့ မြန်မာ့သမိုင်းကြောင်းဘက် လမ်းပြောင်းလိုက်တယ်။ အဲဒီအချိန်မှာ ရန်ကုန်ဘဆွေ(ကွယ်လွန်)က ရုပ်ရှင်ချစ်သူမဂ္ဂဇင်းထုတ်နေတယ်။ သူနဲ့ဆရာကလဲ ပုဂ္ဂိုလ်ရေးရင်းနှီးကြတာမို့ သူ့မဂ္ဂဇင်းမှာ တို့ပိုင်တဲ့မြေဆိုတဲ့ အခန်းဆက်ဆောင်းပါး ခြောက်လရေးခွင့်ရတယ်။ အဲဒီကစပြီး ပသီကိုကိုလေးဆိုတဲ့ကလောင်အမည်ကို သုံးခဲ့တာပါ။ ဒီကလောင်အမည်နဲ့ပဲ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ မန္တလေး၊ ဟံသာဝတီ၊ သတင်းစာတို့မှာ ဆောင်းပါး လေးငါးခြောက်ပုဒ်လောက် ရေးခဲ့တယ်။
ကျွန်တော်မေး - အခုဘာများ ရေးနေပါသလဲဆရာ။
ဆရာဖြေ - အခုတော့ အသက်လည်း(၇၀)နီးလာ၊ ကျန်းမာရေးကလည်းမကောင်း၊ မျက်စိကလည်းမှုန်လာ၊ ခြေတစ်ဘက်ကကျိုးနေတော့ စိတ်သွားတိုင်းကိုယ်မပါတော့ဘူး။ ရင်းနှီးတဲ့မိတ်ဆွေတွေထုတ်ဝေကြတဲ့ စာစောင်တွေက စာမူတောင်းကြလို့ ရေးပေးခဲ့ပါတယ်။ ၁၉၈၄-ခုနှစ် ဇူလိုင်လထုတ်တဲ့ ရန်ကုန်မြို့ အစ္စလာမ်ဓမ္မဗိမာန် နှစ် နှစ်ဆယ်မြောက် အထူးထုတ်စာစောင်မှာ စာမျက်နှာလေးဆယ်ကျော်ပါတဲ့ ဆောင်းပါးကိုရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာ လုံးချင်းတစ်ပုဒ်လောက်ရှိပါတယ်။ လူကြိုက်များခဲ့တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်လဲ အကျိုးပြုစေတယ်လို့ ဆရာယုံကြည်တယ်။ အခုတော့ အချိန်အခါနဲ့အခြေအနေကိုက်ညီမယ့် အတိုအထွာလေးတွေပဲ ရေးနေပါတယ်။ စာပေသမားဆိုတော့ ကလောင်ကိုက်နိုင်သေးသမျှ ရေးနေဦးမှာပါ။
ဆရာနဲ့ကျွန်တော် အချိန် နှစ်နာရီကျော် တွေ့ဆုံမေးမြန်းပြီးပြန်ခဲ့ပါသည်။ တစ်ချိန်တစ်ခါမှာ ဆရာ့အကြောင်းလေးတွေ မှတ်တမ်းအဖြစ်နဲ့ ကျန်ခဲ့စေချင်လို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါသည်။ သူသေပြီးရင် မှတ်တမ်းအဖြစ်နဲ့ကျန်ခဲ့စေချင်သည့်သဘောဖြစ်ပါသည်။ သို့သော် မသေမီဖော်ပြနိုင်ခြင်းဖြင့် ကောင်းခြင်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်မိသဖြင့် စာဖတ်ပရိသတ်သို့ တင်ပြလိုက်ရပါသည်။
တိုင်းပြည်နဲ့လူမျိုးအတွက် ဆရာဖြတ်သန်းခဲ့သည့် ဖြစ်စဉ်ကာလ မသေးလှကြောင်း လေ့လာ၍ရပါသည်။ ပြည့်စုံသည့် ဆရာ့ကိုယ်ရေးမှတ်တမ်း တစ်စောင်ရေးသင့်ပါသည်။ ကျွန်တော်လည်း ကြိုးစားပါမည်။ ကြိုးစားသင့်သည်ဟုလည်း ယုံကြည်မိပါသည်။ ဆရာသည် ရန်ကုန်မြို့တွင် (၂၈)နှစ် နေထိုင်ခဲ့ပြီး ၁၉၇၈-ခုနှစ်တွင် မန္တလေးမြို့သို့ ပြန်လည်ပြောင်းရွေှ့လာ၍ စကြာနွယ်စဉ်ရပ် ဟမြီဒီယာ စကြာတောင်ဗလီဝင်း ၇၅-လမ်း၊ ၃၄x၃၅လမ်းကြားတွင် နေထိုင်လျက်ရှိပါသည်။
မှတ်ချက် ။ ။ ခေတ်ကာလအလိုက်ပေါ်ပေါက်ခဲ့သော အဖွဲ့အစည်းများ၊ စာအုပ်အမည်များကို မူရင်းရှိခဲ့သော အမည်များအတိုင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။ သတ်ပုံများမှာလည်း မူလသတ်ပုံအတိုင်းဖြစ်ပါသည်။
(ရွှေကုန်းသား)
=============
ဝန်ခံချက် - ပသီကိုကိုလေး အသက်ရှင်လျက်ရှိစဉ်က ကိုယ်တွေ့မေးမြန်းမှတ်တမ်းတင်ခဲ့သော ရွှေကုန်းသား၏မှတ်တမ်းကို ပြန်လည်ဖော်ပြလိုက်ရပါသည်။
ဒီခံယူချက်ကိုအကြောင်းပြုပြီး ၂၉.၄.၂၀၀၉ ခုနှစ်မှာ ပသီကိုလေး အထိမ်းအမှတ်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီကနေပြီး ပသီကိုကိုလေး အထိမ်းအမှတ်ကျောက်ဖျာရေးထိုး ပသီကိုကိုလေးအထုပတ္တိထုတ်ဝေရေးနဲ့ ပသီကိုကိုလေးစာပေများကို ပြန်လည်ထုတ်ဝေရေး၊ အဓိကအားဖြင့် မြန်မာမွတ်စလင်သမိုင်းပဲဖြစ်ပါတယ်။
ဒီလိုနဲ့ လျာထားချက်များ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲမှာ ကော်မတီရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ဟာဂျီဦးဘချစ်ဟာ ၂၀.၈.၂၀၀၁ ခုနှစ်မှာ ရုတ်တရက် အလ္လာဟ်အရှင်မြတ်အမိန့်ကို ခံယူလိုက်ရပါတယ်။ ဒီနောက်တော့ ဥက္ကဋ္ဌသစ်အဖြစ် အလ်ဟာဂ်ျ ဦးမောင်မောင်တာဆက်ခံပြီး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို တာဝန်ဆက်ခံပြီး ကြိုးစားရင်း အလ်ဟာဂ်ျဦးမောင်မောင်တာ ကိုယ်တိုင်ကျန်းမာရေးချို့တဲ့ခဲ့ပြီး ဆေးရုံတက်ဆေးကုသမှုကို ခံယူခဲ့ရရှာပါတယ်။ ဆေးရုံက ဆင်းဆင်းချင်း လုပ်ငန်းလျာထားချက်ဖြစ်တဲ့ ကျောက်ဖျာရေးထိုးခြင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။ ယခုကျောက်ဖျာပြီးစီးကြောင်းမှတ်တမ်းနဲပအတူ ပသီကိုကိုလေး အထုပတ္တိအကျဉ်းချုပ်ကို နှစ်နှစ်မြောက်အမှတ်တရအဖြစ် ထုတ်ဝေလိုက်ရပါတယ်။
မပြည့်စုံမှု၊ ချို့တဲ့မှု၊ အားနည်းမှုများကြားမှ ဖြစ်မြောက်အောင် ဆောင်ရွက်ရသည့်အတွက် လိုအပ်ချက်များရှိနေမည်မျာ အသေအချာဖြစ်ပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကို နားလည်မှုထားဖြည့်စွက်ကြည့်မြင်ပြီး စွမ်းဆောင်ခဲ့မှုများအဖြစ် အရှိကိုအရှိအတိုင်း အသိအမှတ်ပြုနိုင်ကြမည်ဆိုလျှင် ၀မ်းသာမဆုံးဖြစ်မိမှာ အမှန်ပင်ဖြစ်ပါသည်။
လေးစားလျက်
xxxxxxxxxxx
အတွင်းရေးမှူး
ပသီကိုကိုလေးအထိမ်းအမှတ်ကော်မတီ
=====================================================
ပသီကိုကိုလေးအထိမ်းအမှတ်ကော်မတီမှ ၂၀.၂.၂၀၀၃ ရက်နေ့တွင် (ကန့်သတ်)ထုတ်ဝေသည့်
ပသီကိုကိုလေး (၂)နှစ်မြောက်အမှတ်တရ စာစောင်မှ ကူးယူသည်။
၁၉၂၁-ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် အဖ ဦးစလေမန်၊ အမိ ဒေါ်တီ တို့မှ မွေးဖွားခဲ့သည့် သားသမီး(၁၀)ဦးအနက် သားဦးဖြစ်ပါသည်။ မန္တလေးဇာတိဖြစ်ပါသည်။ ယခုအခါ အသက်(၇၀)ကျော်နေပါပြီ အသက်(၁၇)နှစ်အရွယ် မိဘများနှင့် ကသာခရိုင် ကောလင်းမြို့ (ယခု စစ်ကိုင်းတိုင်း)တွင် နေထိုင်စဉ် ၁၉၃၈-ခုနှစ် (တစ်နည်း ၁၃၀၀)ပြည့် အရေးတော်ပုံကာလ တစ်ပြည်လုံးကျောင်းသားများ သပိတ်မှောက်ကျောင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်မှစတင်၍ မိတ်ဆက်ပေးလိုပါသည်။
![]() | |
|
၁၉၄၀-ခုနှစ် ဧပြီလ(၂၀)ရက်တွင် ဦးစောမောင်+ဒေါ်မြခဲတို့၏သမီး ဒေါ်ခင်ဆွေနှင့် အိမ်ထောင်ကျခဲ့သည်။ ယနေ့တိုင်အတူနေထိုင်လျက်ရှိကြပြီး အိမ်ထောင်သက် (၅၀)နှစ် ကျော်ခဲ့ပေပြီ။ ဇနီးသည် ဒေါ်ခင်ဆွေကလည်း ခင်ပွန်းဖြစ်သူ ဦးကိုကိုလေး ထောင်ကျနေစဉ်နှင့် တိမ်းရှောင်နေရစဉ်အချိန်များတွင် သားသမီးတို့အတွက် တာဝန်ယူခဲ့သည်။ နိုင်ငံရေးသမားတို့ကို ပြုစုနေရလျှင် ကျေနပ်နေသူဖြစ်ပေသည်။ ဆရာတို့ ဇနီးမောင်နှံသည် လိုက်ဖက်ညီသည့် ဇနီးမောင်နှံဟုဆိုရပေလိမ့်မည်။ သား(၃)ယောက်၊ သမီး(၂)ယောက် ပေါင်း(၅)ယောက်ထွန်းကားခဲ့ရာ သားအကြီး ရေဒီယိုအဆိုကျော် စိုးမိုးလွင်နှင့် သားအလတ် ရေဒီယိုအဆိုကျော် မိုးမင်းဝင်းတို့ကို မန္တလေးမြို့ စကြာနွယ်စဉ်ရပ်တွင် မွေးဖွားခဲ့ပြီး သားငယ်ခင်မောင်သန်းနှင့် သမီးကြီး ရေဒီယိုအဆိုကျော် ဇာဇာမိုးမင်း၊ သမီးငယ် ကြူကြူဆွေတို့ကို ရန်ကုန်မြို့ ကျောက်မြောင်းရပ်တွင် မွေးဖွားခဲ့သည်။
၁၉၄၂-ခုနှစ် ဂျပန်များ ၀င်ရောက်လာကြစဉ် တပ်ဦးကို ဦးဆောင်လာသည့် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဖုန်းမြင့် ဖွဲ့စည်းပေးသည့် မြို့ရွာအုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေးအတွက လူပေါင်း(၃၀)ဖွဲ့စည်းပေးရာတွင် တစ်ဦးပါဝင်ခဲ့ပါသည်။ မြို့ရွာအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ဖွဲ့စည်းသည့် လက်နက်ကိုင်တပ်ဖွဲ့တွင် တပ်စုမှူးတစ်ဦးဖြစ်ခဲ့ပါသည်။ ကောလင်းမြို့၏ မိုင်နှစ်ဆယ်ပတ်လည်တွင် ဓားပြတိုက်၊ လူသတ်နေကြသည်များကိုနှိမ်နင်းရာတွင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ဘီအိုင်အေတပ် ကောလင်းမြို့သို့ ရောက်လာသည့်အခါ မြို့ရွာအုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်တို့ကို ခေါ်ယူ၍ မျက်နှာစုံညီတွေ့ဆုံရာတွင် ဆရာဦးကိုကိုလေးတစ်ယောက် မြို့ရွာအုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည့်ကိစ္စရပ်များအား ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်မှုတို့ကို နာယူခဲ့ရပြီး ရာဇ၀တ်ကျူးလွန်သူများကို အရေးယူမည့် တရားစီရင်ရေးအဖွဲ့ကိုးဦးတွင် တစ်ဦးပါဝင်ခဲ့ရပြန်ပါသည်။
ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ကြရသည်မှာ ဒေါက်တာဘမော်အစိုးရ တက်လာသည့်တိုင်ဖြစ်ခဲ့ရပါသည်။
အင်္ဂလိပ် အမေရိကန်တို့ ပြန်လည်ထိုးစစ်ဆင်လာသည့်အခါ ကောလင်းမြို့မှခွာ၍ စစ်ပြေးကြရစဉ် သူ့မိသားစုသည် ကန့်ဘလူမြို့နယ် ဘုတ်တောကျေးရွာသို့ရောက်ခဲ့ပြီး ဦးကိုကိုလေးမှာ စစ်ပြေးများစုဝေးရာ အမရပူရမြို့နယ် ဘုံးအိုးကျေးရွာသို့ ရောက်ခဲ့သည်။ အာရှလူငယ်ဖွဲ့စည်းရာတွင် တွဲဖက်စာကြည့်တိုက်မှူးဖြစ်ခဲ့ရပြန်သည်။
အာရှလူငယ်များအစည်းအရုံးမှ ဂျပန်တော်လှန်ရေးအတွက် လူစီစစ်ရွေးချယ်ရာတွင် ဦးသာဒွန်း(ကြေးနန်းဝန်ထောက် အငြိမ်းစား - ကွယ်လွန်)နှင့် ဦးသန်းရွှေ(ကျောင်းဆရာ - ကွယ်လွန်)တို့ ခေါင်းဆောင်ကြသည့် ဖတပလ မှ ဂျပန်တော်လှန်ရေးတပ်သားအဖြစ် ရွေးချယ်ကြသူများတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြန်သည်။
ဖတပလမှ ဦးကိုကိုလေးအား ပေးအပ်သည့်တာဝန်တို့မှာ -
(၁) ဂျပန်တို့၏လှုပ်ရှားမှုအခြေအနေကို မျက်ခြေမပြတ် စုံစမ်းအစီရင်ခံရမည်။
(၂) ရနိုင်သမျှ လက်နက်စုဆောင်းရှာဖွေပေးရမည်။
(၃) အထက်မှဆင်းလာသည့် အင်္ဂလိပ်တပ်ဦးနှင့်ဆက်သွယ်ပြီး
(က) ဂျပန်တော်လှန်ရေးအတွက် လက်နက်ကူညီရန်၊ (ခ) ဆေးဝါးကူညီရန် (ဂ) ပူးပေါင်းတိုက်ခိုက်ရန် ဆွေးနွေးအစီရင်ခံရမည့် တာဝန်ကို ပေးခဲ့ကြသည်။
ပေးအပ်သည့်တာဝန်အရ အင်္ဂလိပ်စစ်ပြေးတွင် စွန့်ပစ်ထားသည့် (၃၀၃)ကျည်ဆန်ပေါင်းငါးထောင်ကျော်ကို ဦးချစ်ဖူး(စံတော်ချိန်နာရီဆိုင် - ရုံတော်ကြီး)နှင့်အတူ စုဆောင်းလျှို့ဝှက်သယ်ယူပြီး ဘုံးအိုး ဖတပလ ခေါင်းဆောင်များသို့ ပေးအပ်ခဲ့ရသည်။ ၎င်းကျည်ဆန်များကို ဗိုလ်မှူးဗထူးတပ်သို့ ပေးအပ်လိုက်ကြောင်း နောင်တွင်သိရသည်။
အင်ဖာတမူးမှ ချီတက်လာသည့် (၁၄)နံပါတ် တပ်မတော်မှ(၃၃)တပ်မကြီး(၂)နှင့် ကန့်ဘလူမြို့နယ် ကျွန်းလှမြို့ ချောင်းကွေ့ ဇီးတောရွာတို့အနီး စခန်းချသည့် အင်္ဂလိပ်တပ်သို့ ဦးသန်းမြင့်(ကုန်သည် -ကောလင်း)ကို အဖော်အဖြစ်ခေါ်၍ အင်္ဂလိပ်တို့အား ခုခံကြမည့် ဂျပန်များကြားမှဖြတ်၍ အရောက်သွားဆက်သွယ်ခဲ့ပြီး ပေးအပ်ခဲ့သည့် တာဝန်များကို ဆွေးနွေးပြီး သက်ဆိုင်ရာသို့ သတင်းပို့ အစီရင်ခံခဲ့ကြသည်။
စစ်ပြီးခေတ် ဖတပလမှ ဖဆပလ ပေါ်ပေါက်လာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်မှုဖြင့် ဆရာကြီးဦးရာဇတ်ခေါင်းဆောင်ဖွဲ့စည်းသည့် ဗမက အဖွဲ့၊ မန္တလေးခရိုင် အမှုဆောင်အဖွဲ့ဝင်ဖြစ်လာသည်။ ဖဆပလ တပ်ပေါင်းစုတွင် တပ်တစ်တပ်အဖြစ် ပါဝင်ခဲ့ရာ၌ မန္တလေးခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ်(၃)ဦးတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြန်ပါသည်။
၁၉၅၀-ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ မိသားစုပါ အပြီးအပိုင် ပြောင်းရွေှ့၍ ရန်ကုန်ခရိုင် ဗမက အတွင်းရေးမှူး၊ ရန်ကုန်ခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ်၊ ၁၉၅၂-ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ရန်ကုန်မြို့ မြူနီစီပါယ် ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင် စံပြထောင် (ရန်ကုန်ထောင်ကြီး) အုပ်ချုပ်မှုအဖွဲ့တွင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။
၁၉၅၆-ခုနှစ် ဗမက ဖျက်သိမ်းစဉ် ပေါ်ပေါက်လာသည့် ဗမက(သစ်) နောင်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ကရက်(ဗမက)ဌာနချုပ် အထွေထွေ အတွင်းရေးမှူး၊ ပမညတ တပ်ပေါင်းစုတွင် ပါဝင်ကြသည့်အခါ ဗဟိုသဘာပတိအဖွဲ့ဝင်၊ ပမညတ ဌာနချုပ်မှ သတ်မှတ်တာဝန်ပေးချက်အရ ရန်ကုန်မြူနီစီပါယ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၁၅) (ဆူးလေဘုရားလမ်းနှင့် သိမ်ဖြူလမ်းအကြား) မဲဆန္ဒနယ်မှ ၁၉၅၉-ခုနှစ်တွင် ရွေးကောက်ပွဲဝင်ခဲ့ရပြီး ၁၉၆၀-ပြည့်နှစ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်အလယ်ပိုင်း မဲဆန္ဒနယ်တွင် သန့်ရှင်းအမတ်လောင်း ဦးရာရှစ်၊ တည်မြဲအမတ်လောင်း ဦးခင်မောင်လတ်(၀န်ကြီးဟောင်းများနှင့်)ယှဉ်ပြိုင်ရန် ပမညတ ဗဟိုသဘာပတိအဖွဲ့မှ တာဝန်ပေးချက်အရ ပမညတ အမတ်လောင်းအဖြစ်နှင့် ယှဉ်ပြိုင်ခဲ့သည်။
၁၉၆၃-ခုနှစ် တော်လှန်ရေးကောင်စီမှ ဖိတ်ခေါ်ကျင်းပသည့် မျက်နှာစုံညီတွေ့ဆုံပွဲ အောင်မြင်မှုကိုရှေ့ရှုဆောင်ရွက်မည့် ဗဟိုကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရပြီး ကျရာတာဝန်တို့ကို ဆောင်ရွက်ခဲ့ရသည်။ ဆွေးနွေးပွဲများပျက်သွားသည့်အခါ အထွေထွေနိုင်ငံရေးသမားအဖြစ်မှ အနားယူခဲ့ပါသည်။
တော်လှန်ရေးကောင်စီပေါ်ပေါက်လာပြီး မျက်မှောက်ကာလတိုင် လူမှုရေးကိစ္စများကို ပါတီကောင်စီတို့မှ သင့်တော်သလို ပေးအပ်သည့် ရပ်ရေးရွာရေုးဆိုင်ရာ၊ လူမှုရေးတို့ကို ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည်။ ဆရာဦးကိုကိုလေး ကိုယ်ရေးအကျဉ်းချုပ်ဖြင့် မိတ်ဆက်ပြီး သူ၏ စာပေရေစီးကြောင်းကို တင်ပြလိုပါသည်။
ဆရာပသီဦးကိုကိုလေး၏ စာပေရေစီးကြောင်း
၁၉၈၇-ခုနှစ်အတွင်း စာရေးဆရာပသီကိုကိုလေးနှင့် ကျွန်တော်(ရွှေကုန်းသား) မျက်နှာစုံညီတွေ့ဆုံခွင့်ရခဲ့ပါသည်။
ကျွန်တော်မေး - ရာ ဘယ်ခုနှစ်ကစပြီး စာရေးခဲ့ပါသလဲ။ ဘာခေါင်းစဉ်နဲ့ ရေးခဲ့ပါသလဲ။ ဘယ်စာစောင်မှာ ပထမဆုံးပါခဲ့ပါသလဲ။
ဆရာဖြေ - ရဲဘော် မေးခွန်းကလည်း စုံလှချည်လား၊ ဘာများလုပ်ချင်လို့လဲ။
ကျွန်တော်မေး - ဆရာအသက်ရှင်လျက်ရှိနေစဉ် ဆရာ့စာပေရေစီးကြောင်းကို မှတ်တမ်းတစ်စောင် ပြုချင်လို့ပါ။
ဆရာဖြေ - ဒီလိုဆိုပြောရမှာပေါ့။ ဆရာ့အသက် (၁၄-၁၅)နှစ်လောက်ကစပြီး စာဖတ် ၀ါသနာ ပါခဲ့တယ်။ ပထမတော့ ၀တ္ထုဖတ်တာပါ။ ဆရာ့အသက် (၁၆-၁၇)နှစ်မှာတော့ နဂါးနီစာအုပ်အသင်း ပေါ်လာတယ်။ ခြောက်မူးပေးပြီး နဂါးနီစာအုပ်အသင်း ၀င်လိုက်တယ်။ နဂါးနီစာအုပ်တွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစိတ် တက်ကြွရေးတို့သာ များပါတယ်။ ဒို့ဗမာအစည်းအရုံးကလဲ ခေတ်ထနေချိန်ပေါ့။ သခင်မျိုးဟေ့ ဒို့ဗမာ၊ မီးတုတ် မီးတုတ် ရှို့ရှို့ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ဆရာတို့ကို လူငယ်တွေကို အမျိုးသားစိတ်တက်ကြွစေခဲ့တယ်။
ကျွန်တော်မေး - နဂါးနီစာအုပ်တွေဖတ်လို့ စာရေးဆရာဖြစ်လာတာလား။
ဆရာဖြေ - နဂါးနီစာအုပ်တွေဖတ်လို့ စာရေးဆရာဖြစ်လာတာလားဆိုတဲ့မေးခွန်းကိုတော့ ဟင့်အင်း … အင်း … လို့ပဲ ဖြေချင်တယ်။ ဟင့်အင်းဆိုတာကတော့ နဂါးနီစာအုပ်တွေ ဖတ်နေတုန်းက စာမရေးဖြစ်သေးပါဘူး။ အင်းဆိုတာကတော့ နဂါးနီစာအုပ်တွေဖတ်ခဲ့လို့ စာရေးဆရာဖြစ်လာတဲ့အခါ နဂါးနီစာအုပ်တွေကပေးလိုက်တဲ့ သင်ခန်းစာတွေကို ရေးခဲ့တာ များပါတယ်။
ကျွန်တော်မေး - ကျွန်တော်မေးခဲ့တဲ့ ဘယ်ကာလက၊ ဘာကို စရေးခဲ့သလဲ၊ ဘယ်စာစောင်မှာ ရေးခဲ့ပါသလဲ ဖြေစေချင်ပါတယ်ဆရာ။
ဆရာဖြေ - ဖြေပါ့မယ် ၁၉၄၉-ခုနှစ် တစ်နှစ်လုံးလိုလို ဆရာရန်ကုန်မှာရှိတယ်၊ နဂါးနီစာအုပ်တွေဖတ်သလို ဗန်းမော်တင်အောင်ရေးခဲ့တဲ့ စာအုပ်တွေလဲဖတ်တယ်။ သူ့ကိုလဲ ကြည်ညိုလာခဲ့တယ်။ ဒါကြောင့် ရန်ကုန်ရောက်တော့ ဗန်းမော်တင်အောင်ကို ရှာဖွေပြီး ရင်းရင်းနှီးနှီးဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဗန်းမော်တင်အောင်ဟာ လင်းယုန်ဂျာနယ်ထုတ်စပါ။ လင်းယုန်ဂျာနယ်ဆိုပြီးထုတ်ပေမယ့် စာပေတိုက် တိတိကျကျမရှိသေးပါဘူး။ စက္ကူအကြွေးဝယ်၊ ကြုံရာပုံနှိပ်တိုက်မှာရိုက်၊ နယ်တွေပို့ဖို့ လမ်းဘေး ပလက်ဖောင်းမှာထုတ်ပိုးပြီး စာတိုက်ပို့ရတဲ့ဘ၀ပါ။ အဲဒီတာဝန်တွေကို ၀ိုင်းကူကြသူတွေကတော့ စာရေးဆရာရွှေဓား၊ စာရေးဆရာ မင်းသူတို့နဲ့ ဆရာလဲ ၀ိုင်းတော်သားဖြစ်ခဲ့ရတယ်။ လင်းယုန်ဂျာနယ်ဝိုင်းတော်သားလည်းဖြစ်၊ စာလဲရေးချင်စိတ်ပေါ်လာလို့ ဆောင်းပါးတစ်ပုဒ်ရေးပြီး “ရေထမ်းသမားကြီး ဦးလေးကိုပု”လို့ ခေါင်းစဉ်ပေးခဲ့တယ်။
ကျွန်တော်မေး - အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲဆရာ။
ဆရာဖြေ - ၁၉၄၉-ခုနှစ်ကပါ လတော့ မမှတ်မိတော့ဘူး။
ကျွန်တော်မေး - ဒီလိုဆို ဆရာစာပေစင်မြင့်ပေါ်ရောက်ခဲ့တာ နှစ်ပေါင်းလေးဆယ်နီးပြီပေါ့။ ဆက်ပြီးတော့ ဘာတွေ ရေးခဲ့ပါသေးသလဲ။
ဆရာဖြေ - ၁၉၅၀-ပြည့်နှစ် ရန်ကုန်ကို မိသားစုပါ ပြောင်းသွားပြီး ကလောင်သွေးတယ်လို့ ဆိုချင်ပါတယ်။ စာရေးတယ်ဆိုတာကလဲ ရေးချင်တာရေးနိုင်ပေမယ့် ထည့်ပေးမယ့် စာစောင်ရှိဦးမှ၊ ဆရာ့အတွက် ကံကောင်းတယ်လို့ဆိုရမှာက လင်းယုန်ဂျာနယ်က ရှိနေတယ်။ ၁၉၅၂-ခုနှစ်မှာ ဗမက ဌာနချုပ်က နှစ်ပတ်တစ်ကြိမ်ထုတ်တဲ့ ဗမက အသံဆိုတဲ့ စာစောင်ပေါ်လာတယ်။ လင်းယုန်မှာ နှစ်ပုဒ်၊ သုံးပုဒ်ပါခဲ့ပြီး ဗမက အသံမှာ ရေးပြန်တယ်။ ဗမက အသံကလဲ ထည့်ပေးတယ်။ ဒီတော့ စာရေးဆရာပေါက်စဖြစ်လာတာပေါ့။
ကျွန်တော်မေး - ပသီကိုကိုလေးဆိုတဲ့ အမည်နဲ့ရေးခဲ့တာလား။
ဆရာဖြေ - မဟုတ်ပါဘူး။ ဒါမေးထိုက်တဲ့မေးခွန်းပါ။ လင်းယုန်စာစောင်မှာ ရွှေလင်းမောင် ကလောင်အမည်နဲ့ ရေးခဲ့တယ်။ ဗမကအသံမှာ မျှားနက်လို့ရေးခဲ့တယ်။ အဲဒီနောက်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းထုတ်တဲ့ ပြည်သူ့ဂျာနယ်၊ အလုပ်သမားညီညွတ်ရေးပါတီကထုတ်တဲ့ ရှုဒေါင့်၊ တစ်ခြားပုဂ္ဂိုလ်တစ်ဦးထုတ်တဲ့ ရောင်ခြည်ဦးဂျာနယ်တို့မှာလည်း ရေးခဲ့ပါတယ်။ ရှုမ၀နဲ့သွေးသောက်မှာလည်း တစ်ပုဒ်စီရေးခဲ့ပါတယ်။ သတင်းစာတို့မှာလည်း အထူးသဖြင့် ကြေးမုံမှာ ကိုကိုလေးဆိုတဲ့ကလောင်အမည်နဲ့ရေးခဲ့ပါတယ်။ အချို့ ရွှေညာသားဆိုတဲ့ ကလောင်အမည်နဲ့ရေးခဲ့ပါသေးတယ်။ ဘယ်နာမည်နဲ့ဘယ်မှာရေးတယ်ဆိုတာတော့ မမှတ်မိဘူး။ ဆောင်းပါးပေါင်း ငါးဆယ်ကျော်ခဲ့ပါတယ်။
ကျွန်တော်မေး - လုံးချင်းကော ဘယ်နှစ်တွင် ထုတ်ဖူးပါသလဲ။
ဆရာဖြေ - လုံးချင်းအဖြစ်နဲ့တော့ ၁၉၆၀-ပြည့်နှစ်က ထုတ်ခဲ့တဲ့ ဗမာမွတ်စလင်လူမျိုးစုပြဿနာ ဆိုတာ ပထမဆုံးရေးခဲ့တာပါ။ အဲဒီစာအုပ်မှာတော့ ကလောင်အမည်ကို ကိုကိုလေး(ဗ-မ-က-သစ်)အထွေထွေအတွင်းရေးမှူးလို့ တပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်လုံးချင်းကတော့ ဆိုရှယ်လစ်စီးပွားရေးပြဿနာ၊ အဲဒီစာအုပ်မှာတော့ ကိုယ်တိုင် ပါဝင် တာဝန်ယူနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ဂရက် အတိုကောက် ဗ-ပ-က လို့ထည့်ပြီး (ကိုကိုလေး-ဗ-ပ-က)လို့ ကလောင်အမည်နဲ့ရေးခဲ့တယ်။ ဒီကလောင်အမည်နဲ့ပဲ တော်လှန်ရေးကောင်စီကာလနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်လာတဲ့အထိ စာပေစိစစ်ရေးခွင့်ပြုချက်နဲ့ ဆိုရှယ်လစ်စီးပွားရေးပြဿနာ တွေ့ဆုံဆွေးနွေးရေးမှတ်တမ်း၊ တွေ့ဆုံဆွေးနွေးရေးနှင့် ကျွန်တော်ကိုယ်တွေ့ ခေတ်ငါးခေတ်နဲ့လူတန်းစားပြဿနာ၊ အခက်ခဲဆုံး၏မူလဇစ်မြစ်၊ အရင်းရှင်စနစ်ဆိုတာဘာလဲ၊ ဆိုရှယ်လစ်အမြင်ဖြင့် သုံးသပ်ချက်များ၊ ဦးနုနဲ့အာဏာပြဿနာ၊ ပါလီမန် ဒီမိုကရေစီနဲ့ တရုတ်ဖြူဗိုလ်ချုပ်စသည့် လုံးချင်းများနဲ့ တစ်ခြားလုံးချင်း (၁၄)အုပ်လောက် ရေးခဲ့ပါတယ်။
ကျွန်တော်မေး - ကျွန်တော်သိနေတာက စာရေးဆရာ ပသီကိုကိုလေးလို့ သိနေပါတယ်။ ပသီကိုကိုလေးဆိုတဲ့ကလောင်အမည်ကို ဘယ်တုန်းက စသုံးခဲ့ပါသလဲ။
ဆရာဖြေ - လူတန်းစားပြဿနာကို အားသန်ခဲ့တယ်။ ဒါကြောင့်လဲ ခုနကပြောတဲ့စာအုပ်တွေ ရေးခဲ့တာပါ။ နောက်တော့ မြန်မာ့သမိုင်းကြောင်းဘက် လမ်းပြောင်းလိုက်တယ်။ အဲဒီအချိန်မှာ ရန်ကုန်ဘဆွေ(ကွယ်လွန်)က ရုပ်ရှင်ချစ်သူမဂ္ဂဇင်းထုတ်နေတယ်။ သူနဲ့ဆရာကလဲ ပုဂ္ဂိုလ်ရေးရင်းနှီးကြတာမို့ သူ့မဂ္ဂဇင်းမှာ တို့ပိုင်တဲ့မြေဆိုတဲ့ အခန်းဆက်ဆောင်းပါး ခြောက်လရေးခွင့်ရတယ်။ အဲဒီကစပြီး ပသီကိုကိုလေးဆိုတဲ့ကလောင်အမည်ကို သုံးခဲ့တာပါ။ ဒီကလောင်အမည်နဲ့ပဲ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ မန္တလေး၊ ဟံသာဝတီ၊ သတင်းစာတို့မှာ ဆောင်းပါး လေးငါးခြောက်ပုဒ်လောက် ရေးခဲ့တယ်။
ကျွန်တော်မေး - အခုဘာများ ရေးနေပါသလဲဆရာ။
ဆရာဖြေ - အခုတော့ အသက်လည်း(၇၀)နီးလာ၊ ကျန်းမာရေးကလည်းမကောင်း၊ မျက်စိကလည်းမှုန်လာ၊ ခြေတစ်ဘက်ကကျိုးနေတော့ စိတ်သွားတိုင်းကိုယ်မပါတော့ဘူး။ ရင်းနှီးတဲ့မိတ်ဆွေတွေထုတ်ဝေကြတဲ့ စာစောင်တွေက စာမူတောင်းကြလို့ ရေးပေးခဲ့ပါတယ်။ ၁၉၈၄-ခုနှစ် ဇူလိုင်လထုတ်တဲ့ ရန်ကုန်မြို့ အစ္စလာမ်ဓမ္မဗိမာန် နှစ် နှစ်ဆယ်မြောက် အထူးထုတ်စာစောင်မှာ စာမျက်နှာလေးဆယ်ကျော်ပါတဲ့ ဆောင်းပါးကိုရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာ လုံးချင်းတစ်ပုဒ်လောက်ရှိပါတယ်။ လူကြိုက်များခဲ့တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်လဲ အကျိုးပြုစေတယ်လို့ ဆရာယုံကြည်တယ်။ အခုတော့ အချိန်အခါနဲ့အခြေအနေကိုက်ညီမယ့် အတိုအထွာလေးတွေပဲ ရေးနေပါတယ်။ စာပေသမားဆိုတော့ ကလောင်ကိုက်နိုင်သေးသမျှ ရေးနေဦးမှာပါ။
ဆရာနဲ့ကျွန်တော် အချိန် နှစ်နာရီကျော် တွေ့ဆုံမေးမြန်းပြီးပြန်ခဲ့ပါသည်။ တစ်ချိန်တစ်ခါမှာ ဆရာ့အကြောင်းလေးတွေ မှတ်တမ်းအဖြစ်နဲ့ ကျန်ခဲ့စေချင်လို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါသည်။ သူသေပြီးရင် မှတ်တမ်းအဖြစ်နဲ့ကျန်ခဲ့စေချင်သည့်သဘောဖြစ်ပါသည်။ သို့သော် မသေမီဖော်ပြနိုင်ခြင်းဖြင့် ကောင်းခြင်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်မိသဖြင့် စာဖတ်ပရိသတ်သို့ တင်ပြလိုက်ရပါသည်။
တိုင်းပြည်နဲ့လူမျိုးအတွက် ဆရာဖြတ်သန်းခဲ့သည့် ဖြစ်စဉ်ကာလ မသေးလှကြောင်း လေ့လာ၍ရပါသည်။ ပြည့်စုံသည့် ဆရာ့ကိုယ်ရေးမှတ်တမ်း တစ်စောင်ရေးသင့်ပါသည်။ ကျွန်တော်လည်း ကြိုးစားပါမည်။ ကြိုးစားသင့်သည်ဟုလည်း ယုံကြည်မိပါသည်။ ဆရာသည် ရန်ကုန်မြို့တွင် (၂၈)နှစ် နေထိုင်ခဲ့ပြီး ၁၉၇၈-ခုနှစ်တွင် မန္တလေးမြို့သို့ ပြန်လည်ပြောင်းရွေှ့လာ၍ စကြာနွယ်စဉ်ရပ် ဟမြီဒီယာ စကြာတောင်ဗလီဝင်း ၇၅-လမ်း၊ ၃၄x၃၅လမ်းကြားတွင် နေထိုင်လျက်ရှိပါသည်။
မှတ်ချက် ။ ။ ခေတ်ကာလအလိုက်ပေါ်ပေါက်ခဲ့သော အဖွဲ့အစည်းများ၊ စာအုပ်အမည်များကို မူရင်းရှိခဲ့သော အမည်များအတိုင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။ သတ်ပုံများမှာလည်း မူလသတ်ပုံအတိုင်းဖြစ်ပါသည်။
(ရွှေကုန်းသား)
=============
ဝန်ခံချက် - ပသီကိုကိုလေး အသက်ရှင်လျက်ရှိစဉ်က ကိုယ်တွေ့မေးမြန်းမှတ်တမ်းတင်ခဲ့သော ရွှေကုန်းသား၏မှတ်တမ်းကို ပြန်လည်ဖော်ပြလိုက်ရပါသည်။
ပသီကိုကိုလေး
၂၂.၂.၂၀၀၁-ခုနှစ် အလ္လာဟ်အရှငမြတ်၏အမိန့်ကို ခံယူခဲ့ရရှာပါတယ်။ ပသီကိုကိုလေးဟာ အမျိုးသားရေးအကျိုးစီးပွားကို အသက်ထက်ဆုံး စွမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီအတွက် ပသီကိုကိုလေးကို ဂုဏ်ပြုသင့်တယ် ဂုဏ်ပြုထိုက်တယ်လို့ပဲ ရိုးရိုးသားသားခံယူခဲ့ပါတယ်။ဒီခံယူချက်ကိုအကြောင်းပြုပြီး ၂၉.၄.၂၀၀၉ ခုနှစ်မှာ ပသီကိုလေး အထိမ်းအမှတ်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီကနေပြီး ပသီကိုကိုလေး အထိမ်းအမှတ်ကျောက်ဖျာရေးထိုး ပသီကိုကိုလေးအထုပတ္တိထုတ်ဝေရေးနဲ့ ပသီကိုကိုလေးစာပေများကို ပြန်လည်ထုတ်ဝေရေး၊ အဓိကအားဖြင့် မြန်မာမွတ်စလင်သမိုင်းပဲဖြစ်ပါတယ်။
ဒီလိုနဲ့ လျာထားချက်များ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲမှာ ကော်မတီရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ဟာဂျီဦးဘချစ်ဟာ ၂၀.၈.၂၀၀၁ ခုနှစ်မှာ ရုတ်တရက် အလ္လာဟ်အရှင်မြတ်အမိန့်ကို ခံယူလိုက်ရပါတယ်။ ဒီနောက်တော့ ဥက္ကဋ္ဌသစ်အဖြစ် အလ်ဟာဂ်ျ ဦးမောင်မောင်တာဆက်ခံပြီး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို တာဝန်ဆက်ခံပြီး ကြိုးစားရင်း အလ်ဟာဂ်ျဦးမောင်မောင်တာ ကိုယ်တိုင်ကျန်းမာရေးချို့တဲ့ခဲ့ပြီး ဆေးရုံတက်ဆေးကုသမှုကို ခံယူခဲ့ရရှာပါတယ်။ ဆေးရုံက ဆင်းဆင်းချင်း လုပ်ငန်းလျာထားချက်ဖြစ်တဲ့ ကျောက်ဖျာရေးထိုးခြင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။ ယခုကျောက်ဖျာပြီးစီးကြောင်းမှတ်တမ်းနဲပအတူ ပသီကိုကိုလေး အထုပတ္တိအကျဉ်းချုပ်ကို နှစ်နှစ်မြောက်အမှတ်တရအဖြစ် ထုတ်ဝေလိုက်ရပါတယ်။
မပြည့်စုံမှု၊ ချို့တဲ့မှု၊ အားနည်းမှုများကြားမှ ဖြစ်မြောက်အောင် ဆောင်ရွက်ရသည့်အတွက် လိုအပ်ချက်များရှိနေမည်မျာ အသေအချာဖြစ်ပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကို နားလည်မှုထားဖြည့်စွက်ကြည့်မြင်ပြီး စွမ်းဆောင်ခဲ့မှုများအဖြစ် အရှိကိုအရှိအတိုင်း အသိအမှတ်ပြုနိုင်ကြမည်ဆိုလျှင် ၀မ်းသာမဆုံးဖြစ်မိမှာ အမှန်ပင်ဖြစ်ပါသည်။
လေးစားလျက်
xxxxxxxxxxx
အတွင်းရေးမှူး
ပသီကိုကိုလေးအထိမ်းအမှတ်ကော်မတီ
=====================================================
ပသီကိုကိုလေးအထိမ်းအမှတ်ကော်မတီမှ ၂၀.၂.၂၀၀၃ ရက်နေ့တွင် (ကန့်သတ်)ထုတ်ဝေသည့်
ပသီကိုကိုလေး (၂)နှစ်မြောက်အမှတ်တရ စာစောင်မှ ကူးယူသည်။
http://wunzinminraja.blogspot.com/2014/02/blog-post_27.html
ReplyDelete