မျောက်အမျိုးသားနဲ့ မျောက်အမျိုးသမီးလေး
တိုင်းရင်းသားရွာလေးတစ်ရွာမှာပေါ့ ..... တစ်နေ့တော့ မျောက်လေး ၂-ကောင် ရခိုင်ရိုးမဘက်ကနေ ရွာထဲကို မျက်စိလည်ပြီး ရောက်လာပါသတဲ့။ အဲဒီ မျောက်လေး ၂-ကောင်(အထီးတစ်ကောင် အမတစ်ကောင်)ကို ရွာထဲက လူငယ်တစ်ယောက်ကဖမ်းထားလိုက်တယ်ပေါ့။ သူကလည်း အိမ်ရှေ့မှာ ကြိုးချည်ပြီး ထားထားလိုက်တယ်တဲ့။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကဖြတ်သွားတဲ့ ကရင်အမျိုးသမီးတစ်ယောက်က မျောက်လေးတွေကို ကြည့်ပြီး သူက မျောက်လေးတွေက အထီးတစ်ကောင် အမတစ်ကောင်ဆိုတာကို ပြောချင်တယ်။ ဒါပေမယ့် အထီးအမကို သူဘယ်လိုပြောရမှန်းမသိဘူးဖြစ်နေတယ်။ ဒါနဲ့ ခဏနေတော့ သူပြောလိုက်တာက "ဟယ် ... မျောက်အမျိုးသားနဲ့ မျောက်အမျိုးသမီးလေးတော့" တဲ့ ..........လူလိုစား ....
တစ်နေ့တော့ ရွာထဲကို မြို့က ဧည့်သည်တစ်ယောက် ရောက်လာတယ်။ ရွာရဲ့ထုံးစံအတိုင်း ဧည့်သည်လာရင် တအားဧည့်ဝတ်ကျေချင်ကြတယ်လေ။ ဒါနဲ့ ဧည့်သည်ကို ထမင်းစားဖိတ်ပြီး ထမင်းကျွေးတာပေါ့။ ဧည့်သည်ကလည်း အိမ်ရှင်တွေကျေနပ်အောင် စားတာပေါ့။ ဧည့်သည်ထမင်းစားနေတာကိုမြင်ရတဲ့ အိမ်ရှင်ရွာသားက အားမရဘူး။ ရွာမှာစားတဲ့ပုံစံနဲ့ မြို့သားစားနေတဲ့ပုံစံကို အားမရဘူးလေ .... ဒါနဲ့ သူက အားမနာနဲ့ အားရပါးရစား၊ ကိုယ့်အိမ်လို သဘောထားပြီးစား လို့ပြောချင်တယ် ... ဒါပေမယ့် မြန်မာလို ရေလည်အောင် မပြောတတ်ဘူးဖြစ်နေတယ်။ ဒါနဲ့ သူက ဘယ်လိုပြောရမလဲ စဉ်းစားတယ်။ နောက်ဆုံးတော့ သူ အားတင်းပြီးပြောချလိုက်တယ် 'ဧည့်သည် စားစား .... လူလိုစား' တဲ့ .... ဧည့်သည်ခမျာမှာ ... ပါးစပ်ထဲဝင်ခါနီး ထမင်းလုတ် လက်ထဲက ပြုတ်ကျသွားပါလေရော .....စစ်တွေ - ချင်းတွင်း ......
ဒီ စစ်တွေချင်းတွင်းဆိုတာလေးကတော့ အရင်က ကြားဖူးခဲ့တာလေးပါ .... အခုမှ ပြန်သတိရလာလို့ .... NGO တွေထဲမှာ Save the Children ဆိုတဲ့ NGO တစ်ခုရှိတယ်။ အဲဒီအဖွဲ့က ကလေးတွေအတွက် အဓိက လုပ်ပေးတယ်။ ရွာတွေမှာလည်း ကူညီပေးတယ်လေ။ တစ်ရက်တော့ ရွာတစ်ရွာကို ရောက်သွားချိန် ရေတွင်းရေကန်တစ်ခု တွေ့တာနဲ့ ဒီရေကန်က ဘယ်သူဆောက်ပေးထားတာလဲလို့ မေးလိုက်တော့ ..... ရွာသားတွေကပြန်ပြောတယ် 'စစ်တွေ-ချင်းတွင်း'က လုပ်ပေးထားတာတဲ့။ စစ်တွေချင်းတွင်းဆိုတော့ ကြောင်သွားတယ်။ တစ်ခါမှ မကြားဖူးဘူးလေ ..... ဒါနဲ့ ဘာလဲ စစ်တွေချင်းတွင်းဆိုတော့ ... သူက လက်ထဲက စာအုပ်လေးကို ထုတ်ပြတယ်။ ကြည့်လိုက်တော့ Save the Children ကထုတ်တဲ့ စာအုပ်လေးဖြစ်နေတယ်။ ဒါနဲ့ပဲ သြော် ရွာက လူတွေက အင်္ဂလိပ်လို ခေါ်ဖို့ ခက်တာပဲ ဆိုတာ သိလိုက်ရတယ် .... Save the Children ကို ခေါ်လိုက်ပုံက 'စစ်တွေ ချင်းတွင်း'တဲ့ ......ကျွန်မက ခရီးတွေ သွားနေရတော့ ရောက်တဲ့နေရာမှာ ကြုံတွေ့ရတာလေးတွေကို သူငယ်ချင်းတွေကို ပြန်ပြီးပြောပြတတ်တာ အကျင့်ပါနေတယ်။ အခုလည်း ရွာတွေဘက်မှာ ကြုံခဲ့ရတဲ့ အကြောင်းလေးကို ပြန်ပြောပြတာပါ။ ရီစရာ(ဟာသ)လေးပေါ့ .... ကျွန်မတို့အနေနဲ့ ရီစရာဖြစ်ခဲ့ပေမယ့် .... ရွာကလူတွေအတွက်တော့ ပြောနေကျပုံစံလေးတစ်ခုပါပဲ ......... ကဲ ဖတ်ရင်း မရီရရင်တောင် ပြုံးလိုက်ကြရအောင် ......
No comments:
Post a Comment