သူငယ်ချင်း ၂-ယောက် အမှတ်မထင် ဆုံဖြစ်လိုက်ကြတဲ့ အချိန်ခဏအတွင်းဝယ် ................ :)
YY : နေကောင်းလား။ ဘာလုပ်နေလဲ။ မတွေ့တာကြာပြီ
MM : မကောင်းတကောင်းပဲ သူငယ်ချင်းရယ်။
YY : ဘာဖြစ်လို့လဲ။
MM : ယောကျာ်းတွေကို စိတ်ကုန်တယ်။
YY : ဟယ် … ယောက်ျားတွေအားလုံးကိုတော့ စိတ်မကုန်ပါနဲ့။ မကောင်းတဲ့ယောက်ျားတွေရှိသလို ကောင်းတဲ့ယောက်ျားတွေလည်း ရှိပါသေးတယ်။
MM : အဲဒီလိုပဲ ပြောကျတာပဲ။ ဘယ်ယောက်ျားမှ မကောင်းပါဘူး။ အကျင့်တွေက အတူတူတွေပဲ။
YY : ကိုယ်က မကောင်းတဲ့ယောက်ျားတစ်ယောက်၊ တစ်ယောက်ထက်မကကို ကြုံဖူးတာနဲ့ အားလုံးမကောင်းဘူးလို့တော့ ပြောလို့ရပါဘူး။ အကျင့်ကတော့ အတူတူတွေချည်းပဲဆိုပေမယ့် အဲဒီ အကျင့်ကို သိမ်းထားပြီး နားလည်တတ်သူနဲ့၊ နားမလည်ပဲ အတ္တကြီးစွာထုတ်သုံးတာတော့ ကွာခြားပါတယ်။
MM : စဉ်းစားစရာဖြစ်တွားပြီ။ ဒါပေမဲ့ သူငယ်ချင်းရယ် . . .
YY : အင်း … ယောက်ျားတစ်ယောက်ကြောင့် ခံစားခဲ့ရပြီလား။
MM : ဟုတ်တယ်။ ကိုယ်ရဲ့စစ်မှန်တာတွေနဲ့ မထိုက်တန်ဘူး။
YY : အင်းးး နားလည်ပါတယ်။ ကိုယ်တိုင်လည်း ပြောမယုံ ကြုံဖူးလို့ သိထားဖူးပြီးပါပြီ။
MM : ကိုယ်ကလဲ တစ်ခုခုဆိုမရဘူး...မြုံမထားတတ်ဘူး။ ပြဿနာရှင်းတော့လဲ ပြဿနာ ခဏခဏရှာတဲ့သူဖြစ်ရတယ်
YY : တူလိုက်တာ တူလိုက်တာ … ဟ ဟ
MM : ဟုတ်လား။ စိတ်ဓါတ်တွေ ထပ်တူမဖြစ်တာများလားတော့ သူဘက်က ဘာမှမဖြစ်ပင်မဲ့ ကိုယ်ပဲစိတ်ညစ် ကိုယ်ပဲပူလောင်နေရတယ်
YY : ဟုတ်ပါ့နော်
MM : သူငယ်ချင်းရယ် ၊ တခါတလေ ကျရင် ကိုယ်ဘာသာကိုယ်ပဲ အားငယ်မိတာ သူများတွေကျတော့ ဟုတ်နေတာပဲ။ ကိုယ်ပဲ ဖြစ်နေတာ။
YY : သြော် … အဲလိုလည်း မဟုတ်ပါဘူး သူငယ်ချင်းရဲ့။ ဥပမာ - ငါလိုလူမျိုး၊ အခု နင်ရှိတယ်၊ နောက်ထပ် ခင်ခဲ့တဲ့ ၇-ယောက် ၈-ယောက် လောက်ရှိတယ်၊ အဲဒါမျိုး ကြုံနေရတာ။ ကိုယ်ကျမှ ဖြစ်တာတော့ မဟုတ်ပါဘူး။ နင်ခံစားသလို ငါလည်း ခံစားခဲ့ဖူးတယ်။
MM : ဒါဆို ကိုယ်ကောင်းသလောက် လူက ပြန်မကောင်းနိုင်ကျတာပေါ့။
YY : ဒါပေါ့ မွန်မွန်ရယ်။
MM : ထပ်တူပြန်မရရင်တောင် တစိတ်ဒသေတော့ ရချင်တာပေါ့။
YY : လူတိုင်း အားလုံးက ကိုယ့်စိတ်လိုမျိုးပဲဆိုရင် ကမ္ဘာကြီးမှာ စစ်ပွဲတွေ ဘယ်ဖြစ်လာတော့မလဲ။ အကောင်းဆုံးကတော့ ပေးပြီးရင် အများကြီး ပြန်မမျှော်လင့်တာ အကောင်းဆုံးပဲ။ ညောင်ပင်ကြီးလောက် ပေးပေမယ့် ညောင်စေ့လောက်ပဲ ရချင်ရမယ်။ ဟီးးးးးး ဒွတ်ခပဲ တရားစကားတွေ ရောက်ကုန်ပြီလား မသိ။
MM : ဟိ အပျိုကြီးပဲ လုပ်ရမလိုဖြစ်နေပြီ။ ကြာတော့လဲ တကယ်စိတ်ကုန်လာတယ်။ ကိုယ်စိတ်ကို သိရက်နဲ့
YY : အဲဒါလည်း ကောင်းဘူး။ ကိုယ့်ဆွေမျိုးသားချင်း တူသားတွေက ကိုယ်အသက်ကြီးလာရင် ဘယ်လောက်ထိ ကူညီဖေးမနိုင်ကြမှာလဲ။ မကောင်းပါဘူး မွန်မွန်ရယ်။ လူ့လောကကြီးက ဘာကိုမှ ပုံသေကားချပ် ချကြည့်လို့ မရပါဘူး။
MM : အင်းလေ။ ပိုင်ဆိုင်ချင်တာကတော့ အေးချမ်းတဲ့ဘဝ၊ ဖြစ်နေတာက ပူလောင်မူတွေထဲမှာ
YY : အင်းးးးးးး အဲလို တဏှာနဲ့မကင်းတဲ့ အချစ်တွေရှိနေသမျှ ပူလောင်နေမှာပဲ။ အာာာာာာာာ တော်ပီမွန်မွန်ရယ် ... နာ သီလရှင်ဝတ်မိတော့မယ်။ ဘာမှ စိတ်ဓါတ်မကျနဲ့။ နင့်ရှေ့မှာ ငါတစ်ယောက်လုံး ရှိသေးတယ်။ ဘ၀ကို ချုံးချုံးကျအခြေအနေနဲ့ ခံစားလိုက်ရတယ်။ အခုတော့ ပြန်မတ်နိုင်လာပြီ။ ခံစားရလည်း အပီအပြင်ကို ခဏလွှတ်ပြီး ခံစားပစ်လိုက်၊ ပြီးရင် လွှတ်ပလိုက်တော့။
MM : ဟုတ်တယ် ... စိတ်ဓါတ်ကျတာထက် စိတ်လေနေတာ။ စိတ်တွေက အရင်လိုမဟုတ်တော့ဘူး
YY : အင်း …. အကြာကြီးတော့ မလေစေနဲ့။ ငါ တကယ်ကို ကိုယ်ချင်းစာတယ်။ ငါ ဘယ်လောက်ခံစားခဲ့ရသလဲဆိုတာ ငါကိုယ်တိုင် အသိဆုံးပါ။ ဘေးလူတွေ အမြင်မှာ ငါ ခံစားနေရတာကိုမြင်ရတာထက် အများကြီးပိုခဲ့ပါတယ်။ ဒါတောင် ငါက ဖောက်ခွဲထုတ်ပစ်တတ်သူဆိုတော့ နင်တို့မြင်ခဲ့မှာပါ။ အဲလို လူတစ်ယောက်တောင် ဘယ်လောက်ခံစားခဲ့ရလဲ .... နင်တို့လို ဖွင့်မပြောတတ်တဲ့သူတွေအတွက်က ပိုခံစားရမှာ ... ငါနားလည်တယ်။
MM : နင်က ပြတ်သားနိုင်တယ်... ငါက သံတရာလည်နေတယ်။
YY : သြော် .... ပြတ်သားနိုင်တယ်ဆိုတာကလည်း ... ကိုယ်က ပြတ်သားမှ ရမှာလေ .... ယောက်ျားဘက်က မပြတ်မသားလုပ်နေတာကို ကိုယ်က မပြတ်သားရင် ကိုယ်ပါ ဇာတ်မျောကြီးဖြစ်ပြီး ပိုခံစားရမှာပေါ့။
MM : ငါ တစ်ခုလောက်ပြောချင်တယ်
YY : အင်း ပြောလေ။
MM : ရင်ဖွင့်ချင်တာပါ။ အခုဖြစ်တာက နှစ်ဘက်မိသားစုတွေသိပြီသားတွေ။ ယူမယ်ဆုံးဖြတ်ပြီးသားတွေ
YY : အင်း
MM : ဒါပေမဲ့ ငါက ကိုယ်ဒုက္ခ ကိုယ်ရှာတာ။ သူ့ကို သံသယရှိလာတယ်။ သူပုံသဏ္ဍာန်မမှန်တာတော့ သိသာနေတယ်။ ပြီးတော့ Online သုံးပြီး ဇာတ်လမ်းလုပ်နေတယ်လို့ ထင်ရတာနဲ့ အကောင်နဲ့ ၀င်သုံးပြီး။ သူမှာ gf ရှိလားလို့ မေးတာ မရှိဘူးလို့ ပြောတယ်။ အဲဒီမှာ ယုံကြည်မူတွေ တော်တော်လျှော့နည်းသွားတယ်... ဒါယောကျာ်းတိုင်းပြောတဲ့စကားပေမယ့်။ ယူပြီးတော့ မှ အဲဒီ မိန်းမရှုပ်တာတို့ လိုက်ထိန်းရတာတို့ အဲဒါတွေ လုပ်လိုက်နေရရင်တော့ တော်တော်စိတ်ပျက်ဖို့ကောင်းမှာ။
YY : သေချာတာပေါ့ မွန်မွန်ရယ် ... အဲဒါမျိုးဖြစ်လာမှာထက်စာရင် အခုအချိန်မှာ ပြတ်သားလိုက်ရတာက ဘာမှ မဖြစ်ပါဘူး။ ကလေးတွေဘာတွေ ရလာပြီးမှ ဖောက်ပြန်နေတတ်ရင် ဒုက္ခရောက်ရမှာ ကိုယ်ပဲလေ။ ယောက်ျားတွေက သားသမီးတွေအတွက် ငဲ့ကွက်တာ နည်းတယ် ကိုယ်လွတ်ရုန်းတတ်ကြတယ်။ ငါ့ တစ်ယောက်တုန်းကလည်း ငါ အိမ်ကအားလုံးကို အသိပေးပြီးသားပါ။ ဒါပေမယ့် သူ့လုပ်ရပ်ကို ငါသိလာပြီးတော့ ငါပြတ်သားပစ်လိုက်တယ်။ အိမ်ကိုတော့ လက်တွဲလို့ မဖြစ်ဘူးလို့ပဲ ပြောလိုက်တယ်။ ဒါပေမယ့် မွန်မွန်ရဲ့တစ်ယောက်ကို မွန်မွန် သေချာဆွေးနွေးကြည့်ပါဦး။
MM : onlie သုံးနေတာ p.w ပေးဆိုတော့ လှည့်ပတ်နေတယ်လေ။
YY : အင်းးးးးးးးးးး pw တော့ သွားမတောင်းနဲ့ မွန်ရေ။ အဲဒါမျိုးဆို ယောက်ျားတွေက ပိုဆိုးတယ်။ သူတို့ကို မယုံသင်္ကာဖြစ်တယ်ဆိုပြီး သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်သွားအောင် လုပ်တတ်ကြတယ်။
MM : ဟုတ်ပါ့။ တကယ်လဲ မဟုတ်တာလုပ်နေတာ သူတို့လေ။ သူတို့က လည်လွန်းတဲ့ မိန်းမ၊ ရှုပ်လွန်းတဲ့မိန်းမတွေနဲ့မှ အစစ်မှန်ကို တန်းဖိုးထားတတ်မှာ
YY : သေချာတာပေါ့။
MM : ဟုတ်တယ်။ ကိုယ်စိတ်ဓါတ်အဖြူတောင် အရောင်ညစ်တယ်။ တခါတခါ သူက မဖောက်ပြန်ဘူး...ယုံပါဆိုပေမဲ့ စိတ်ရှုပ်ပါတယ်။
YY : အင်း ယောက်ျားတွေက အဲလိုပဲ သူတို့အတွက် အဲလိုမျိုးလုပ်တာက ဖောက်ပြန်တယ်လို့ သူတို့ မခံစားရဘူး။
MM : သစ္စာကိုစောင့်ထိန်းတဲ့ မိန်းကလေးအတွက်ကတော့ ဒါဟာ ဖောက်ပြန်တယ်ဆိုတာ ခံစားရတယ်။ ဟုတ်တယ် နင်ပြောတာ မှန်တယ်။ ကိုယ်က အစထဲက အမှန်ပေးထားတာ အတိမ်းစောင်းလဲ မခံနိုင်ဘူး။ အဲဒီလိုဖြစ်နေတာ။
YY : အင်း နင့်ကို ငါ ထပ်တူခံစားပေးလို့ရတယ်။ တစ်ပုံစံတည်း ကြုံခဲ့ရတာမို့လို့ပေါ့။
MM : ငါ အကြိမ်ကြိမ်လဲ ခံစားခဲ့ရတယ်။ မကျေနပ်တာတွေ လဲ အများကြီးပဲ။ အဲဒီ တစ်ယောက်ပဲထားခဲ့ဖူးတာ ရည်းစားဆိုလို့။ အကြိမ်ကြိမ် ပြဿနာဖြစ်တယ်... ပြီးရင် ဖြေရှင်းလိုက် ပြန်ချော့လိုက်တယ်ဆိုရင် စိတ်က ပြန်ပြန် သူဆီရောက်သွားရော ကိုယ်တိုင်ကလဲ မပြတ်နိုင်သလိုဖြစ်နေတာ ….. :(
YY : အဟီးးးးးးးးးးး မပြတ်သားနိုင်ရင်တော့ ကိုယ်သူ့အပေါ်ထားနေမိတဲ့ သံသယကို ဖျောက်ပစ်လိုက်တော့။
MM : ဒါဆို ဘာလုပ်လုပ် ယုံရမယ်ပေါ့။
YY : ကိုယ့်စိတ်က မပြတ်သားနိုင်ရင်တော့ သူပြောတာကို ယုံပေးဖို့ပဲ ဆုံးဖြတ်လိုက်ပါ။ ပြတ်သားနိုင်ရင်တော့ မယုံပဲ သံသယထားပြီး ပွင့်လင်းစွာမေးပြီး ပြတ်သားလိုက်တာ အကောင်းဆုံးပါ။
MM : ဒါလဲ ဟုတ်တာပဲ။ မကောင်းပါဘူး ရှင်းနေတာကို ရှုပ်အောင်လုပ်နေတာ ကိုယ်တိုင်ပဲ။ အခု နင့် idea က တော်တော်ရှင်းတယ် အမှန်ပဲ။
YY : ကိုယ်က ရှုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ်တွေက မပြတ်သားနိုင်တာပါ။
MM : ငါလဲ မြိသိပ်မထားတတ်တာ ခက်တယ်။ ငါနေကြည့်တယ် ဘာမှမပြောပဲ နဲ့။ ဘယ်လိုမှ နေလို့မရဘူး။ ကိုယ်အကျင့် စ ရိုက်အတိုင်းပဲ ပြန်ပြန်ဖြစ်နေတာ
YY : အင်း အဲဒါကတော့ဟုတ်တယ်လေ။ ကိုယ်က ပူပန်နေရတာကိုး။ ခုနက ပြောသလိုပဲ လက်ခံ ကျင့်သုံးကြည့် အေးချမ်းသွားလိမ့်မယ်။ ယောက်ျားလေးတစ်ယောက်ကို ပြောင်းလဲဖို့တော့ ဘယ်တော့မှ မကြိုးစားနဲ့ ..... ပြောင်းလဲသူက ကိုယ်သာ ဖြစ်သွားလိမ့်မယ်။
MM : ငါလဲ အေးချမ်းချင်တယ်။ အလိမ်ခံရမှာလဲ ကြောက်တယ်။
YY : အင်း အေးချမ်းချင်ရင် ခုနက နည်းလမ်း ၂-ခုထဲက တစ်ခုကိုသာ ကျင့်သုံးလေ။ အလိမ်ခံရမှာကြောက်ရင်တော့ မယူခင်ကတည်းက သူ့အကြောင်းကို ဂဃနဏသိအောင် လုပ်ပါ။ သိလာလို့ လုံးဝ မကောင်းနိုင်သူဆိုရင် လက်တွဲဖြုတ်ဖို့ ၀န်မလေးနဲ့ပေါ့။ မဟုတ်ရင် တစ်သက်လုံး ကိုယ်ပဲ ခံစားသွားရလိမ့်မယ်။
MM : အင်းပြောရင်းနဲ့ ဘာပဲဖြစ်ဖြစ် တခုခုတွေးမိလိုက်တယ်။ စုံစမ်းဖို့ အခုက သံတယ ပဲရှိတာ။ ဘာမှ လက်စုပ်လက်ကိုင်မရှိဘူး။
YY : အင်း … တချို့အမှန်တရားတွေအတွက် သက်သေမရှိဘူးဆိုတာလည်း မမေ့နဲ့။ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပါ မွန်ရယ်။
MM : အင်းပါဟယ်။ ငါ့ မှာလေ စဉ်းစားမူတွေရော ဦးနှောက်မရှိတော့သလိုပဲ။ ဘာကြီးဖြစ်နေမှန်းကိုမသိတာ အရူးလိုပဲ။
YY : ဟား ဟား … နားလည်တယ် နားလည်တယ်။ ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံလေးပါ။
MM : သူငယ်ချင်းရေ .. မိဘပေးစားတာပဲ အေးဆေး ယူလိုက်ရင်ကောင်းသာ။ အချစ်ကို ရှာတာ ဒဏ်ရာတွေပဲရတယ်။
YY : ဟ ဟ … အရင်က အတွေ့အကြုံမရှိသေးတော့ အတွေ့ကြုံရအောင် ရှာဖွေလိုက်ကြခြင်းပေါ့။
MM : အော် အတွေ့ကြုံကလဲ အရင်းကြီးတယ်။
YY : ရင်နဲ့ရင်းလိုက်ရတဲ့ အတွေ့အကြုံသင်ခန်းစာ ပိုပြီး တန်ဖိုးကြီးပါတယ်။
MM : စိတ်ညစ်ပါတယ်ဆိုမှ ဆိုင်မှာ ဖုန်းလာပြောတဲ့သူက သူ့ယောကျာ်း နောက်တစ်ယောက်နဲ့ ရှုပ်နေလို့ ပြဿနာ ဖြစ်နေကြတယ်။ လောကကြီးမှာ လူတွေက သစ္စာမရှိကျတော့ဘူး။
YY : ဟူးးးးးးးးးး သေချာတယ်။ သစ္စာရဲ့တန်ဖိုးကို နားမလည်ကြတော့ဘူး။
MM : မိန်းမတွေလဲ မိန်းမတွေ အလျှောက် အရင်ခေတ်နဲ့ မတူဘူး။ ကလေးနဲ့ မိန်းမရှိလဲ ရှေ့ဆက်တိုးတာပဲ။ ရည်းစားရှိတယ်ဆိုရင်တောင် စိတ်ထဲတောင် ရှိမှာမဟုတ်ဘူး။
YY : ဟုတ်တယ်။
MM : ငါ့ကို ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ တွေ့တော့ ပြောတယ်။ နင့်ရဲ့ စိတ်ကို ပြင်ရင်ပြင်တဲ့။ မဟုတ်ရင် နီအပျိုကြီးပဲ ဖြစ်လိမ့်မယ်တဲ။ ငါလဲ အပျိုကြီးက ဂုဏ်ရှိတယ်လို့ အပူပင်လဲ ကင်းတယ်လို့ အထီးကျန်ခြင်းကိုပဲ ရင်ဆိုင်ရမှာ။ ဟီးး ယောကျာ်း မကောင်းကြောင်းပြောရင် ပြောရင်းနဲ့ ရှေးခေတ်ကလို ယောကျာ်းမဝင်ရ ဆိုပြီး ဆိုင်းဘုတ်တောင် တတ်မိတော့မယ်ထင်တယ်။ ….. :D
YY : အေး ငါတို့ အပျိုကြီးဂိုဏ်းထောင်ရအောင်လေ။
MM : ဟုတ်တယ်။ ဝင်ကျမဲ့ သူတော်တော်များမယ်ထင်တယ်။ ဝင်ပြီးရင်တော့ ကျန်ခဲ့တဲ့သူတွေ စုပြီး အသက်ကြီးတဲ့ အထိ တွေ့ကျ ဆုံကျ ဟိ။
YY : အေးကောင်းတယ်။
MM : ဟိဟိ။ ပိုးဖလံမျိုး မီးကိုတိုးတဲ့။ ငါလဲ ပါဝင်နေတယ်။ နင်ရော အဆင်ပြေရဲ့လား။
YY : အင်း ငါလည်း ကြားထဲမှာ စိတ်ဓါတ်ကျ စိတ်လေသွားတာ ၃-လ လောက်ရှိတယ်လေ။ ငါကတော့လေ အခုဆို အဲ့အကြောင်းကို လုံးဝအတွေးမရောက်အောင် စာဖတ်တယ်၊ စာရေးတယ်၊ တစ်ခြားလူမှုရေးကိစ္စအလုပ်တွေ အကုန်လုပ်တယ်။ အရင်ကထက် ပိုလုပ်ဖြစ်တယ်။
MM : ငါလဲ တခုခုလုပ်ချင်တယ်။ ဒီအတိုင်း ထိုင်နေရတာ အတွေးပိုများတယ်။ နင်လုပ်တာလဲ ကောင်းတယ်။ ငါလဲ အွန်လိုင်းမတက်ဖြစ်တာကြာပြီ။ ပြီးတော့ ကိုယ်အပေါ်မှာ သံတယဖြစ်တာမခံချင်ဘူးလေ။ အခုတော့ ငါက သူထက်ပိုရှင်းတယ်လို့။ ကိုယ်ဘာသာကိုယ် အကျဉ်းချမိတာ နောင်တတောင်ရတယ်။
YY : အင်း …. တစ်ခုအတွက် တစ်ခုတော့ ရင်းရမှာပေါ့။ စိတ်ပြေပျောက်စေချင်ရင် မပျင်းနဲ့တော့။
MM : ဟုတ်တယ်နော်။ ပျင်းတာက အစပဲ ပျင်းတာကလဲ စိတ်ကျတာလေ။ လုပ်ချင်ကိုင်ချင်စိတ်မရှိတာ။
YY : အင်း ဟုတ်တယ် မွန်မွန်ရေ။ နင်နဲ့ အခုပြောဖြစ်တာလေးကိုတော့ ငါသဘောကျလို့ အွန်လိုင်းမှာ ပို့စ်တစ်ခုအဖြစ် တင်ဦးမယ်ဟယ်။ မိန်းမ ၂-ယောက်ရဲ့ ရင်ဖွင့်ခံစားချက်တွေနဲ့ အံကျလာတဲ့ စကားလုံးတွေကိုလေ။ တစ်ခြားသူတွေလည်း ဖတ်ပြီး ရသ တစ်ခုခု ရနိုင်တာပေါ့။
MM : အေးပါ … လုပ်ပါတော့ဟယ် …..
YY : ဒါဆို ငါ အခု အတန်းချိန်ဝင်ရတော့မှာကြောင့် နောက်မှ တွေ့မယ်နော်။
MM : ကောင်းပါပြီ သူငယ်ချင်း …. Bye …………. :)
YY : Bye .............. :)

သူငယ်ချင်းနှစ်ယောက်ရဲ့ ခံစားချက်အတွေ့အကြုံကို တစ်ခြား ညီအစ်မသူငယ်ချင်းမလေးတွေအတွက် ပြန်ပြီး မျှဝေလိုက်ပါတယ်။ အစ်ကိုတွေ မောင်တွေလည်း ဖတ်လို့ရပါတယ်။ ဒါပေမယ့် အမျိုးသားများ ဖတ်ပြီးရင်တော့ မုဒိတာပွားပေးကြပါလို့ …….
ပြန်မျှဝေခွင့်ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ် .......... :)
No comments:
Post a Comment