Monday, January 10, 2011

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်(မန္တလေး)

MMSY လေးနှစ်ပြည့်အထိမ်းအမှတ်ကို မန္တလေးမှာလည်း သေချာစီစဉ်ပြီး လုပ်ဖို့ စိတ်ကူးခဲ့ပေမယ့် ... အဘစွာရော ကျွန်တော်ရော အချိန်မရတာကြောင့် .... ဒီနှစ် မန္တလေးမှာ မလုပ်တော့ဘူးလို့ အဘစွာကပြောတယ် ... ကျွန်တော်ကတော့ အထိမ်းအမှတ်လေးတစ်ခုခုတော့လုပ်ချင်တယ် .... နောက်ဆုံး ဘာမှ မလုပ်ဖြစ်ရင်တောင် ကလေးတွေကိုမုန့်သွားကျွေးချင်တယ် .... အဲဒါလေး လုပ်မယ်လို့ စိတ်ကူးပြီး ..... ၉.၁.၂၀၁၁(တနင်္ဂနွေနေ့)မှာ မန္တလေးမှာရှိတဲ့ လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်းရယ် အမျိုးသမီးသက်မွေးပညာသင်ကျောင်း အဲဒီ (၃)ကျောင်းကို သွားပြီး မုန့်သွားကျွေးဖို့ စီစဉ်လိုက်တယ် ....

တစ်ခြားမန်ဘာတွေကိုလည်း သေချာ မပြောပြနိုင်ခဲ့တော့တာမို့ အဘစွာ၊ ခင်သူဇာ၊ ကြယ်စင်ချိုနဲ့ ကျွန်တော်တို့ပဲ သွားဖို့ စီစဉ်လိုက်တော့တယ် .... မုန့်ကျွေးဖို့ လက်ဆောင်ပေးဖို့ ကိစ္စတွေကို ခင်သူဇာက အားလုံး စီစဉ်ပေးထားတယ်လေ .... အဲဒီနေ့ မတိုင်ခင် တစ်ရက် ညနေမှာ ကျွန်တော်လည်း ပြင်ဦးလွင်ကနေ မန္တလေးကို ဆင်းလာလိုက်တယ်။ အဲဒီမှာပဲ သူရစိုးက ကျွန်တော့်ကို ဖုန်းခေါ်လာတယ် ... သူ မန္တလေးမှာရောက်နေတဲ့အကြောင်းပြောတော့ ကျွန်တော်က မနက်ဖြန် အစီအစဉ်လေးရှိတဲ့အကြောင်းပြောပြလိုက်တယ် ... သူကလည်း သူလည်းစိတ်ဝင်စားတယ် ... လိုက်ကြည့်ချင်တယ် ဆိုတာနဲ့ သူ့ကို ကျွန်တော် လာခေါ်မယ်လို့ ပြောလိုက်တယ် ....


လာခေါ်မယ်သာပြောလိုက်တာ .... ဆိုင်ကယ်ကလည်း လူမလောက်ဘူးဖြစ်နေတယ် .... ဒါနဲ့ပဲ သွားမယ့်နေ့မနက်အစောကြီး အဘစွာဆီဖုန်းခေါ်ပြီး သူရကို သွားခေါ်ပေးဖို့ ပြောရတယ် ... ပထမအစီအစဉ်က အဘစွာက ခင်သူဇာကိုခေါ် မုန့်တွေယူပြီး ကျွန်တော်တို့နဲ့ ကျောင်းမှာ ဆုံကြဖို့ .... အခု သူရကိုပါ ခေါ်ရမယ်ဆိုတော့ သူရစောင့်နေမယ့်နေရာကိုပဲ အဘစွာတို့ကို ချိန်းလိုက်တယ် ... အဲဒီကျမှ အဘစွာနဲ့သူရကုဆိုင်ကယ်တစ်စီး ကျွန်တော်နဲ့ခင်သူဇာနဲ့ကတစ်စီး ကျောင်းကို သွားခဲ့တယ်။ ကြယ်စင်ချိုက ကျောင်းကစောင့်နေနှင့်တယ်။ မိန်းကလေးကို အရင်သွားကြတယ်။ ကျောင်းရောက်တော့ ကလေးတွေနဲ့ ခဏကစား ... ပြီးတော့ မုန့်နဲ့ လက်ကောက်လေးတွေဝေပေးပြီး .... နောက်တစ်ကျောင်းကို ဆက်ကူးလိုက်တယ် .... အဲဒီကျောင်းမှာလည်း မုန့်ဝေ၊ လက်ဆောင်ပေးပြီး ... နောက် ယောက်ျားလေးကျောင်းကိုသွားပြီး မုန့်သွားကျွေးလိုက်တယ် .....

 ခါတိုင်းလို မန်ဘာအားလုံးပါဝင်အောင် မလုပ်ဆောင်ဖြစ်ခဲ့ပေမယ့် အမှတ်တရလေးတစ်ခုထင်ကျန်ရစ်အောင် လုပ်လိုက်တာပါ ....
ဘယ်လိုပဲ ဖြစ်ဖြစ် .... ကလေးတွေ ပျော်ရွှင်ဝမ်းသာတာကို မြင်ရတဲ့ ပီတိကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး ........

ကလေးတွေမုန့်ကျွေးဖို့အတွက် ထည့်ဝင်လှူဒါန်းပေးတဲ့ ညီမလေး ခင်သူဇာ၊ ကြယ်စင်ချို၊ ဟိန်းလတ်နဲ့ ကျွန်တော့်သူငယ်ချင်းသော်ဇင်ထွန်း ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း .......

No comments:

Post a Comment