Wednesday, January 05, 2011

သူငယ်ချင်းတစ်ယောက်ရဲ့ပေးစာ

"အဝေဖန်ခံနိုင်သောသူ လိမ္မာ၏။ လူတိုင်းရဲ့ဘဝမှာ ဝေဖန်မှုတွေကို အနည်းအများ၊ မလွဲမသွေကြုံရပါတယ်။ တကယ်တော့ အောင်မြင်သူတစ်ဦးဟာ အောင်မြင်လေလေ အဝေဖန်ခံရလေလေပါပဲ” လို့ Carnegie ကပြောခဲ့တယ်။

တကယ့်သတ္တိဆိုတာ တစ်ခြားလူ ဘယ်လိုပြောပြော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတာကိုခေါ်တယ်။ ရေက လှေကိုထမ်းထားနိုင်သလို လှေကိုလည်း မှောက်ပစ်နိုင်တယ်။ ဒါပေမယ့် လှေထဲရေမဝင်ရင် လှေဘယ်တော့မှ မမြှုပ်နိုင်ပါဘူး။ တစ်ခုမှတ်ထားရမှာက ကိုယ်မှန်တယ်ဆိုရင် ကိုယ့်ယုံကြည်မှုကို ကိုယ်ကြံ့ကြံ့ခံထားရမယ်။ မတရားတဲ့ဝေဖန်မှုနဲ့ ကိုယ့်ယုံကြည်မှုကို မပျက်ပြားစေသင့်ဘူး။

“လင်ကွန်း”သာ ဝေဖန်ဆဲဆိုဒဏ်ကို မခံနိုင်ခဲ့ရင် အစောကြီးကတည်းက ပြည်တွင်းစစ်ရဲ့ ဖိအားကြောင့် သူရှုံးနိမ့်ခဲ့ပြီးဖြစ်တယ်။ လင်ကွန်းရေးခဲ့တဲ့ ဝေဖန်မှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့စာက စာပေလောကမှာ အဖိုးတန်တဲ့ စာဖြစ်ခဲ့တယ်။

x x x x x x x x x x x x x x x


ဒုတိယကမ္ဘာစစ်မှာ စစ်သူကြီး MacArthur က အဲဒီစာကို ကူးပြီး တပ်မမှာ ချိတ်ဆွဲခဲ့တယ်။ Churchill က လည်း ဒီစာကို မှန်ဘောင်သွင်းပြီး စာကြည့်ခန်းထဲ ချိတ်ဆွဲခဲ့တယ်။ စာက ဒီလိုရေးထားပါတယ်။

“တကယ်လို့ ကိုယ့်ကိုထိခိုက်စေတဲ့ ဝေဖန်စကားတွေကို ကျွန်တော် နားထောင်မယ်၊ ဖြေရှင်းမယ်ဆိုရင် ကျွန်တော်ဘာမှ လုပ်စရာမလိုတော့ဘူး။ ကျွန်တော်သိတာနဲ့ ကျွန်တော်တတ်တာကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်တယ်။ အလုပ်ကိုပြီးအောင် ကျွန်တော်လုပ်မယ်။ နောက်ဆုံးမှာ ကျွန်တော်မှန်ခဲ့တယ်၊ ကျွန်တော်လုပ်တာမှန်တယ်ဆိုရင် လူတွေဘာပြောခဲ့ပြောခဲ့ ကျွန်တော်မမှုတော့ဘူး။ နောက်ဆုံးမှာ ကျွန်တော်မှားခဲ့ရင် ကျွန်တော်မှန်ပါတယ်လို့ အင်အားဆယ်ဆနဲ့ ပြောခဲ့လည်း အရာရောက်တော့မှာ မဟုတ်ဘူး”

x x x x x x x x x x x x x x x

ဒီအကြောင်းအရာလေးတွေ ကျွန်မကို ပြောပြပေးပို့တာက ကျွန်မရဲ့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်ပါ။ gmail start bar မှာ ကျွန်မ ရေးသားလိုက်တဲ့စာသားလေးတွေကို သူက အမြဲတမ်းလိုက်ပြီး ဝေဖန်သုံးသပ် ပြလေ့ရှိတဲ့သူတစ်ယောက်ပါ။ ဒီစာသားလေးတွေကိုလည်း ကျွန်မ သဘောကျနှစ်ခြိုက်လို့ ပြန်လည်ရေးသားလိုက်တာပါ။

No comments:

Post a Comment