Thursday, August 25, 2011

ဘယ်သူ ပိုခံစားရသလဲ ... ?

အရင်က ဆရာတစ်ယောက်ပြောခဲ့ဖူးတာကို ပြန်သတိရလာလို့ပါ။

၂၀၀၆-ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျွန်တော် အလုပ်ဝင်ခဲ့တဲ့ ပထမဦးဆုံး NGO ရဲ့ Project (မန္တလေးနဲ့မူဆယ်) မှာ PM (Project Manager) အပါအ၀င် Team member ၃၅ ယောာက်ရှိခဲ့တယ်။ မန္တလေးက ၂၀၊ မူဆယ်က ၁၅ယောက်။ PM က Team တစ်ခုလုံးကို မိသားစုပုံစံနဲ့ပဲ လုပ်ကိုင်နေထိုင်တယ်။ ဆရာက ဗုဒ္ဒဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေအားလုံးကို လက်ဆောင်ပေးရင် သက်ဆိုင်ရာဘာသာဝင်အလိုက် ဘာသာရေးစာအုပ်လေးတွေကိုပဲ ပေးတတ်တယ်။ ကျွန်တော့်ကိုပေးမယ်ဆိုရင် သမီးဆီမှာ မရှိသေးတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်ကိုပြောဆိုပြီး ၀ယ်ပြီးလက်ဆောင်ပေးလေ့ရှိတယ်။

တပည့်တွေကိုလည်း အမြဲတမ်း ကိုယ့်သားသမီးလိုသဘောထားပြီး ပြောဆိုဆုံးမလေ့ရှိတယ်။ ကျွန်တော်တို့မန္တလေးteam မူဆယ်သွားတော့လည်း မူဆယ်Team က လိုလေသေးမရှိဧည့်ဝတ်ကျေပြီးကူညီပေးတယ်။ PM ကလည်း သားသမီးတွေလိုသဘောထားပြီး စီမံကွက်ကဲတော့ တစ်ယောက်နဲ့တစ်ယောက်က မောင်နှမတွေလို ချစ်ခင်ရင်းနှီးသွားကြတယ်။

မူဆယ် Team မန္တလေးလာတော့လည်း ကျွန်တော်တို့မန္တလေးကလူတွေက ရုံးဆင်းချိန်ရောက်ရင် သူတို့ကို မန္တလေးမြို့ထဲ သူတို့မရောက်ဖူး၊ မသွားဖူးသေးတဲ့နေရာမှန်သမျှလိုက်ပို့ပေးကြနဲ့ တအားကို ခင်မင်သွားကြတယ်။ မူဆယ်အဖွဲ့ ပြန်မယ့်နေ့မှာ PM နဲ့ဆုံပြီး Discuss လုပ်ကြတယ်။ discussion လည်းပြီးရော ဆရာက ထုံးစံအတိုင်း ဆုံးမစကားတွေပြောတယ်။ အခုလို မိသားစုပုံစံနဲ့ စည်းလုံးမှုရှိတာကို ၀မ်းသာကြောင်းပြောတယ်။ ပြီးတော့ အားလုံးကို မေးခွန်းတစ်ခုမေးတယ်။ (ဆရာအကျင့်က မေးခွန်းတစ်ခုကို အားလုံးဖြေစေတယ်။ မဖြေရင် မဖြေသေးတဲ့လူကို အဖြေရတဲ့အထိစောင့်ပေးတတ်တယ်။) အဲဒီမေးခွန်းကတော့ 'ထွက်သွားတဲ့သူနဲ့ ကျန်နေခဲ့တဲ့သူ ဘယ်သူ ပိုခံစားရသလဲ'တဲ့။



တစ်ချို့က ထွက်သွားသူ၊ တစ်ချို့က ကျန်ခဲ့တဲ့သူ ဆိုပြီး အားလုံးဖြေကြတယ်။ ကျွန်တော်ကတော့ ပိုပြီးခံစားတတ်သူသာ ပိုခံစားရတယ်လို့ ဖြေလိုက်တယ်။ ဆရာကပြောတယ် ဟုတ်တယ် … ကျွန်တော်ဖြေတာ မှန်တယ်တဲ့။ ဆရာကဘာကြောင့် ကျွန်တော် အဲလိုပြောတာလဲလို့ ထပ်ရှင်းပြခိုင်းတယ်။ ကျွန်တော်လည်း ဆရာ့ကိုရှင်းပြလိုက်တယ်။

ကဲ …. သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ ….. ?

No comments:

Post a Comment