အင်တာဗျူးတစ်ခုလုပ်တဲ့နေရာမှာ ဘာတွေလိုအပ်လဲ ဘယ်လိုလုပ်သင့်လဲဆိုတာကို လက်ရှိစာတွေရေးနေတဲ့ အစ်ကိုတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တာလေးကို လေ့လာလို့ရအောင် ပြန်ရေးလိုက်တာပါ …..
အင်တာဗျူးတစ်ခုလုပ်တော့မယ်ဆို …. အဓိကကတော့ ကိုယ်အင်တာဗျူးလုပ်မယ့်လူကို အဓိက မေးချင်တဲ့ Topic နဲ့ပတ်သက်တဲ့အချက်အလက်တွေ ကြိုစုံစမ်းထားဖို့လိုပါတယ်။ သူ့ကိုမမေးခင် သူ့အကြောင်းကြိုသိထားရင် ပိုကောင်းပါတယ်။
တစ်ခါတစ်ခါ သူ့ဆီက ကိုယ်မေးတဲ့အကြောင်းအရာကို ကိုယ်က သိပ်မကျွမ်းကျင်ရင် သူပြောသမျှနားထောင်နေလိုက်ရတာမျိုး ဖြစ်တတ်တယ်။ ကြိုသိထားတော့ အရင်ကတည်းက မေးစရာအကွက်တွေ ကိုယ့်မှာကြိုရှိနေတတ်တယ်။
တစ်ခါတုန်းက ပညာနဲ့ပတ်သက်တဲ့အင်တာဗျူးတစ်ခုလုပ်ဖူးတယ်။ အဲဒီတုန်းကတော့ ပညာနဲ့ပတ်သက်တာတွေကို အကုန်လေ့လာလိုက်ရတယ်။ ပြီးတော့မှ အချက်လေးတွေချရေးတယ်။ အဲဒီတုန်းကတော့ ပညာရေးကို ကိုယ်ပုံဖော်ထားတဲ့လမ်းကြောင်းထဲကပဲ ဆရာတွေကို မေးလိုက်တယ်။ တစ်ခါတစ်လေ သူဖြေတတ်တဲ့အဖြေမျိုးကို ကြိုက်လို့ တမင်ဖြေစေချင်လို့ ပို့ပြီးမေးရတာမျိုးလည်းရှိတတ်တယ်။
နောက်ပြီး သူများအင်တာဗျူးတွေ နည်းနည်းလိုက်ဖတ်ရင် အိုင်ဒီယာပိုရပါတယ်။
အတ္ထုပ္ပတ္တိအင်တာဗျူးနဲ့ ဘာသာရပ်တစ်ခုခုကို ဆွေးနွေးမေးမြန်းတဲ့အင်တာဗျူးကွာတယ်။
ဘာသာရပ်ကိစ္စကျတော့ နည်းနည်းခက်တယ်။ ကိုယ်က အကုန်မသိနိုင်ပေမယ့် သိနိုင်သလောက်တော့ လိုက်ဖတ်ထားရတယ်။
တချို့ ဂီတအကြောင်းမေးရင် သူဆိုခဲ့တဲ့သီချင်းတွေ စီးရီးနာမည်တွေ တေးရေးတွေ ၀ိုင်းနာမည်တွေ ဂီတအမျိုးအစားတွေ ခေတ်ပြိုင်တွေ အားလုံးကို မေးမယ့်သူကလေ့လာထားရတာမျိုးရှိတယ်။
စာရေးဆရာတစ်ယောက်ကို အင်တာဗျူးမယ်ဆိုရင်တော့ သူရေးထားတဲ့စာအုပ်တွေ အကုန်ဖတ်ထားရတယ်။ ဒါမှ မေးခွန်းလှလှလေးတွေထွက်လာတယ်။
ဥပမာ - ဆရာဦးမင်းနိုင်(၀ါးခယ်မမောင်မင်းနိုင်)လိုလူမျိုးကိုမေးမယ်ဆိုရင် သူကာတွန်းရေးခဲ့တာ၊ ကဗျာရေးခဲ့တာ၊ ၀တ္ထု၊ သရော်စာ၊ ပြဇာတ်၊ ဓမ္မတေး၊ ၀ါနှိုး၊ နာမည်ကျော်ကြားခဲ့တဲ့စာအုပ်တွေ၊ ဘာသာပြန်၊ ပင်ကိုရေး၊ ဟောပြောမှု သင်တန်းပို့ချမှု စသဖြင့်အကုန်သိထားတော့ လိုင်းခွဲပြီးမေးရတာကောင်းတယ်။
အဓိကကတော့ ကိုယ်အင်တာဗျူးလုပ်မယ့်လူကို အဓိက မေးချင်တဲ့ Topic နဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ သူ့အကြောင်းတွေ ကြိုစုံစမ်းထားဖို့လိုပါတယ်။
အင်တာဗျူးတစ်ခုလုပ်မယ်ဆိုရင် လိုအပ်ချက်လေးတွေကို ပြောပြပေးတဲ့ ကျွန်တော့်အစ်ကို ကို ကျေးဇူးအများကြီးတင်ပါတယ်။

x x x x x x x x x x x x x x x
အင်တာဗျူးတစ်ခုလုပ်မယ်ဆိုရင် လိုအပ်ချက်လေးတွေကို ပြောပြပေးတဲ့ ကျွန်တော့်အစ်ကို ကို ကျေးဇူးအများကြီးတင်ပါတယ်။
No comments:
Post a Comment