
- သား … နေကောင်းလား …
- အေးကွာ … အဖေနေကောင်းတယ်။ မင်းအမေလည်း နေကောင်းပါတယ်ကွာ …
- သားလည်း ကျန်းမာရေးဂရုစိုက်နော် …
- အေးပါ သားရယ် …
- ငါ့သားကြီး ပိန်သွားသလိုပဲကွာ …
- အေးကွာ … အလုပ်လုပ်ရတာ တော်တော်ပင်ပန်းတယ်ထင်တယ် …
- စားသောက်ပြီးကြပြီလား သားရဲ့ …
- ဘယ်အချိန်ရှိနေပြီလဲသားရယ် … အခု ဒီမှာ ၂-နာရီခွဲဆိုတော့ အဲဒီမှာ ၇-နာရီလောက်ရှိပြီပေါ့ …
- သားညီလေးနဲ့ရော တွေ့ဖြစ်ရဲ့လား …
- တကယ်လို့ တွေ့ရင်လည်း အဖေတို့ဆီ ဖုန်းပြောပါဦးလို့ ပြောပေးပါသားရယ် …
- အေးပါ … အဖေတို့လည်းအဆင်ပြေပါတယ် …
- အဖေတို့အတွက် ဘာမှ မပူနဲ့ကွာ … သားတို့သာ အလုပ်လုပ်ရတဲ့ပိုက်ဆံကို စုကြကွာ …
- အဖေတို့က အဆင်ပြေပါတယ် ….
- နောက်ဆို သားတို့ ကိုယ်ပိုင်အခန်းလေး ၀ယ်နိုင်အောင် လုပ်ကြကွ …
- သားတို့ ကုသိုလ်တော်တော်ရမယ် သိလား …
- အခု နွေရာသီရောက်လာတော့ ရေတော်တော်သောက်နိုင်လာကြတယ်ကွ …
- ဆိုင်မှာလည်း အဆင်ပြေတယ်ကွာ … အခုတောင် ဆိုင်မှာ လူပြည့်နေတယ် …
- ဒီမှာ … သားတို့ အမေလည်းရှိတယ် … သူလည်းပြောဦးမယ်တဲ့ကွာ …
- သားတို့ အမေနဲ့ပြောလိုက်ဦးနော် သား …
- x x x x x x x x x x x
- အေး … အမေ အဲဒါပြောမလို့သားရဲ့ …
- ကောင်းပါတယ် အလှူလုပ်တာ … ဘုန်းကြီးကျောင်းရှိတယ်မဟုတ်လား …
- ကျောင်းမှာ ရေစက်ချပြီး လှူလိုက်ပေါ့သားရယ် …
- ဟုတ်လား … သမီးရော အခုရှိလား …
- အေးပါသားရယ် … ကိုယ့်မိဘလိုပဲ သဘောထား …
- နှစ်ဘက်မိဘတွေကို ရိုသေကြ … ဒီမိဘတွေက မွေးလာလို့ သားတို့လူဖြစ်လာရတာ …
- ဟုတ်လား … ဒါဆို သားတို့က ဘယ်လိုလုပ်မယ် စိတ်ကူးထားတာလဲ …
- ဆိုင်မှာ ကျွေးရင် ပိုက်ဆံ ပိုကုန်တာပေါ့သားရယ် …
- ဘဲကင် ၅-ကောင်လောက်နဲ့ အချိုရည်ဝယ်ပြီး အိမ်မှာပဲ ကျွေးလိုက်ပါလား သားရဲ့ …
- အဲဒါဆို ၁၀၀-လောက်နဲ့ ရတယ် … ဆိုင်မှာ ကျွေးရင် ၃၀၀-လောက် ကုန်မယ် …
- အားလုံး ကုန်အောင် စားနိုင်ကြရင်တော့ ဘာမှမဖြစ်ပါဘူး …
- မစားနိုင်ကြရင် သက်သက်ပိုက်ဆံကုန်တယ် သားရယ် …
- အေးပါသားရယ် … သားတို့ အဆင်ပြေသလို လုပ်ပါ …
- အေးပါသားရယ် … သားတို့ပဲ ပိုက်ဆံစုကြ …
- အမေတို့က ပိုက်ဆံတွေ အကုန်ခံပြီး သားတို့လင်မယား ၂-ယောက်လုံးကို ပို့ပေးတာက သားတို့ကောင်းစားဖို့အတွက်ပါ ….
- အမေတို့အတွက် ဘာမှ ပြန်မလိုဘူး …
- သားတို့ပဲ စုကြ … နော် သား ….
- အေး အေး ….
- သားညီလေးကိုလည်းပြောဦး … အမေတို့ဆီ ဖုန်းခေါ်ဦးလို့ …
- အမေတို့ကို သတိရပါဦးလို့ ပြောပေးပါဦး ….
- အေးပါသားရယ် … သားတို့ လိမ်လိမ်မာမာနေကြနော် …
x x x x x x x x x x x
- အေးကွာ သားရေ … ဆိုင်မှာ လူကျလာလို့ သားအမေ စက်သွားဖွင့်ပေးနေတာကွ …
- သမီးနဲ့လည်း ချစ်ချစ်ခင်ခင်နေကြကွာ … ရန်မဖြစ် စကားမများကြနဲ့ …
- သား … အဖေတို့ကို မမြင်ရတော့ဘူးလား … အဖေက သားကို မြင်ရတယ် …
- သြော် … အကွက်လေးပေါ်လာပြီ … သားအဖေတို့ကို မြင်ရတော့မယ်ထင်တယ် …
- မမြင်ရတော့ဘူးလား …
- အေးကွာ … ဟုတ်တယ်ကွ …
- ဒီမှာ ၁-ရက်နေ့ election ရှိတယ် … အဲဒါပြီးရင် ပိုကောင်းလာမှာပါ …
- သားရေ … နောက်နေ့တွေလည်း ခေါ်ဦးကွာ …
- သားညီလေးကိုလည်း ပြောပါဦး … အဖေတို့ဆီ ဖုန်းခေါ်ပါဦးလို့ပြောပါဦး …
- ဟုတ်ပြီသားရေ … ဂရုစိုက်ကွာ …
- သမီးရေ အန်ကယ်လ်နှုတ်ဆက်တယ်ကွာ … ဂရုစိုက်ကြနော် … သားရော ဂရုစိုက်နော် …
- အဲဒါဆိုရင် ဒါပါပဲ သားရေ ……..
x x x x x x x x x x x
မိဘတွေရဲ့မေတ္တာကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ပြောနေတာလေးကို စာတစ်ပုဒ်ရေးလိုက်တာပါ ….
March 15, 2012
No comments:
Post a Comment