Friday, August 24, 2012

အွန်လိုင်းပေါ်မှာ အလုပ်လျှောက်လွှာရေးမယ်


အလုပ်တွေများပြားလာတဲ့ခေတ် ကြီးထဲမှာ ကိုယ့်အလုပ်လျှောက်လွှာက လျှောက်နေကျပုံစံအတိုင်းဆိုရင် အလုပ် ရှင်က သတိမထားမိဘဲ သူလိုကိုယ်လို မထူးမခြားဖြစ်သွားပါလိမ့်မယ်။ အဲဒီ အတွက် အလုပ်လျှောက်လွှာတင်တဲ့အခါမှာ အလုပ်လျှောက်လွှာကို သူများထက် တစ်မူထူးခြားတဲ့ဒီဇိုင်းမျိုးနဲ့တင်ပြမှ အဆင်ပြေမှာပါ။

သူများထက် ထူးခြား တဲ့ ဒီဇိုင်းမျိုးရဖို့ကလည်း ကိုယ့်ဘာသာကိုယ် စဉ်းစားနေရင်လည်း အချိန်ကုန်သွား နိုင်ပြီး International Style ဖြစ်၊ မဖြစ် ဆိုတာ လည်း စဉ်းစားဖို့ခက်ခဲပါတယ်။ အဲဒီအတွက် အလုပ်လျှောက်လွှာ ဖောင် ကို အင်တာနက်ပေါ်မှာပဲ နိုင်ငံတကာပုံစံ အတိုင်း တစ်ခါတည်းရေးပြီးတော့ တင် လို့ရပါတယ်။
အခုညွှန်ပြပေးချင်တဲ့ ဆိုက်မှာက Basic Information ၊ Work Experience ၊ Qualification၊ Education၊ Interests၊ References ဆိုပြီးပါ ရှိပြီး Basic Information မှာဆိုရင် Full name၊ Email Address၊ Phone Number ၊ Website၊ Address စတာတွေကို ထည့်ခိုင်းပြီးတော့ ကျန်တဲ့နေရာတွေ မှာလည်း သူ့လိုမျိုးပဲ တစ်ခုချင်းထည့် ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။



အဲဒီအတွက် Words တို့၊ PageMaker တို့မကျွမ်းကျင်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ပြီးတာနဲ့ Save ကိုနှိပ်ပြီးတော့ Download လုပ်လိုက် တာနဲ့ အများနဲ့မတူဘဲ ထူးခြားတဲ့အသွင် ပုံစံနဲ့ International Standard အတိုင်း အလုပ် လျှောက်လွှာတစ်စောင်ကို ရရှိနိုင်မှာပါ။ အဲဒါကို www.cvmkr.com မှာ ဝင်ရောက်ပြုလုပ်နိုင်မှာပါ။

သူက Format တစ်ခုတည်းဖြစ်တဲ့အတွက် နောက် တစ်မျိုး ကိုယ့်စိတ်ကြိုက်ဒီဇိုင်းပုံစံတွေ ရွေးပြီး International အသုံးပြုနေတဲ့ ဒီဇိုင်းတွေနဲ့ CV form တစ်ခုပြုလုပ် ချင်တယ်ဆိုရင်တော့ http://www.resume-now.com မှာ ပြုလုပ်လို့ရပါ လိမ့်မယ်။

မူရင်းလင့် --> ဒီနေရာလေးကနေ ပြန်မျှတာပါ။

No comments:

Post a Comment