လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။
- ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံသဘောတရားများကို ဖော်ထုတ်ပါ။
- ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင် စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။
- လှည့်လည်ခေါင်းဆောင်မှုနည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။
- မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ။ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။
- သူတို့သာလျှင် သင်၏ ပစ်မှတ်ဖြစ်သည်။
- အမြင်ကိုဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့် ပေါင်းကူးပေးပါ။
- ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမန်ကို ဖြည့်တည်းပေးနိုင်ကြောင်း သဘောပေါက်ပါ။
* မောင်ပေါ်ထွန်း၏ စံပြခေါင်းဆောင်၊ စံပြခေါင်းဆောင်မှု … မှ ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment