သူငယ်ချင်းဆိုတာ
နင် … အခု ဘာလုပ်နေလဲ …
ဟင် … အိပ်ပျော်နေပြီ ဟုတ်လား …
ဒါကြောင့် အသံက အိပ်ချင်မူးတူးသံဖြစ်နေတာကိုး …
ဘယ်အချိန်ရှိသေးလို့လဲ …
သြော် ၁၁-နာရီခွဲ ရှိနေပြီပဲ …
ငါ … အိပ်လို့မပျော်တာနဲ့
လမ်းထလျှောက်နေတာ …
တာဘောင်ပေါ်မှာလေ …
အေးပါ … တာဘောင်ပေါ်ဆိုပေမယ့် …
မပူပါနဲ့ … လမ်းက အကျယ်ကြီးလေ …
ငါ … အခု တာဘောင်ပေါ်မှာရပ်ပြီး …
ဆည်ဘက်ကို မျက်နှာမူထားတယ် …
ကောင်းကင်မှာ ကြယ်လေးတွေ အများကြီးပဲ …
အဲဒီမှာရော … ကြယ်တွေရှိနေလား … မိုးအုံ့နေလား …
အခုမြင်နေရတာ … ကောင်းကင်ပေါ်က ကြယ်လေးတွေရယ် …
မြေပေါ်က ရေပြင်ကျယ်ကြီးရယ် …
တအားလိုက်ဖက်တာပဲ …
နင် … လာလည်ပါလား …
ဒီမှာ ငါ တစ်ယောက်တည်း …
တစ်ယောက်တည်းဆိုတာ …
သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု တွေ မရှိကြတာလေ …
တစ်ခြားသူတွေတော့ ရှိတာပေါ့ …
ငါ … အခုနေတဲ့နေရာက
ဂန့်ဂေါမြို့ရဲ့ ဟိုးဘက် တောထဲမှာ …
နင် … လာလည်မယ်ဆိုရင် ငါ ဂန့်ဂေါထိလာကြိုပေးမယ် …
ဒီဒေသ နေရာရှုခင်း တအားလှတယ် …
ငါ … သူငယ်ချင်းတွေကို တအားသတိရတယ် …
နင် … လည်း သတိရတဲ့အခါ ငါ့ကို ဖုန်းဆက်ပါဟာ
ဘာ ! ... အဆင်ပြေရင် ဆက်မယ်ဟုတ်လား … အေးပါ
ငါ … ကတော့ သတိရတဲ့အခါတိုင်းဆက်မယ် …
တခြားသူငယ်ချင်းတွေကိုလည်း ငါ့ဆီ ဖုန်းဆက်ဖို့ပြောပေးဦး …
မိုးလည်းချုပ်နေပြီ နင်လည်း ပြန်အိပ်တော့နော် …..
နင် ... အိပ်မက်လှလှမက်ပါစေ …..
သူငယ်ချင်းလေးနဲ့ဖုန်းပြောရင်း 'ကဗျာမမှီ … စာမပီ'တဲ့ စာလေးတစ်ပုဒ် သူငယ်ချင်းအတွက် အမှတ်တရပါ ....
ပန်းတစ်ပွင့်
(10.9.2012 – 11:40 pm)
No comments:
Post a Comment