Monday, December 28, 2015

သူမ ရေးတဲ့ အမှတ်တရတချို့

သူမ ရေးတဲ့ အမှတ်တရတချို့
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~






သူနဲ့သူမ နှစ်ယောက်အတူလက်တွဲပြီး ဘ၀တစ်ခုကို တည်ထောင်ခဲ့တဲ့ ဒီကာလအတွင်းမှာ သူနဲ့သူမတို့အတွက် အမှတ်တရများစွာကို ဖြတ်သန်း ကြုံတွေ့ခဲ့ကြရတယ်။
.
* ငါ့ကို စွာတယ်, ရိုင်းတယ်လို့ တချို့ပြောကြတယ်လေ အဲ့ဒါမျိုးတွေအတွက် နင်နဲ့ဖြစ်ပါ့မလားလို့ နင်မစဉ်းစားမိဘူးလားလို့ သူမပြောတော့ နင် အဲ့လိုဖြစ်နေတာက နင်လုပ်ဆောင်နေရတဲ့ အခြေအနေတွေကြောင့်ဖြစ်နေရတာ နင့်ရဲ့ ပင်ကိုယ်စိတ်ကို ငါမြင်တယ်လို့ သူပြောတယ်။
.
* နင်ကျတော့ရောဘာထူးလဲ လူတွေက ငါ့ဆို အကောင်းမြင်တာနည်းတယ်၊ နင်ဘာလို့ ငါ့ကို လက်ခံခဲ့တာလဲလို့ သူမေးလာတော့ နင်နဲ့ အပြင်မှာဆုံဖူးပြီး စကားပြောဖူးပြီးကတည်းက နင့်စိတ်က မယုတ်မာဘူး၊ နင့်စိတ်ထဲရှိတာကို နင်ပြောမယ်၊ သူများကို ကောင်းကျိုးမဆောင်ပေးရင်တောင် ဆိုးကျိုးဖြစ်အောင် မလုပ်ဘူးဆိုတာ ငါသိခဲ့တယ်၊ ဒါကြောင့် ငါ့စိတ်နဲ့တူလို့ ငါလက်ခံတာလို့ သူမ ပြန်ဖြေတယ်။

Tuesday, June 09, 2015

Facebook ခေတ်ကာလ

ဘယ်နာမည်ကြီး တစ်ယောက်ကတော့ မွတ်စလင်ကနေ ဗုဒ္ဓဘာသာဖြစ်သွားတယ်ဆိုပြီး FB မှာ တက်လာတော့လည်း ဗုဒ္ဓဘာသာဝင်တွေ ဘာမှ စဉ်းစားတွေးတော့ မနေပဲ အဲ့ဒီပို့စ်ကို ဂုဏ်ယူပြီး share လိုက်ကြတာ သောက်သောက်လဲ .... ။


အဲ့လိုပဲ ... ဘယ်နာမည်ကြီးတစ်ယောက်ကနေ ဗုဒ္ဓဘာသာကနေ မွတ်စလင်အဖြစ်ကူးပြောင်းသွားတယ်ဆိုပြီး သတင်းတက်လာတော့လည်း မွတ်စလင်တွေကလည်း ဘာမှ စဉ်းစားတွေးတော့ မနေပဲ share လိုက်ကြ၊ ဂုဏ်ယူလိုက်ကြတာ သောက်သောက်လဲ .... ။

ဘာသာခြားတစ်ယောက်က ကိုယ့်ဘာသာထဲ ၀င်လာပြီဆို ပျော်ပြီး ၀မ်းသာ ဂုဏ်ယူကြတယ်။ ကိုယ့်ဘာသာထဲကနေ အခြားဘာသာကို ကူးပြောင်းသွားပြီဆိုရင်တော့ အဲ့ဒီလူက သာသနာမရှိဘူး၊ သာသနာဖျက်၊ ဘယ်လို ဘယ်ညာ ဘယ်ချမ်းသာဆိုပြီး ရစရာမရှိအောင် ပြောဆိုပြီး ဆဲဆိုမှုတွေကအစ ပါလာတော့တယ်။

သွားခဲ့ဖူးသည် သန္နီမြို့နယ်ဘက်ဆီ

ဟိုတစ်ချိန်တုန်းကပေါ့ ....

(ဂျင်းဘောင်းဘီရယ်၊ တီရှပ်ရယ်၊ မိုးကာအင်္ကျီရယ်၊ နေကာမျက်မှန်ရယ်၊ ကျောပိုးအိတ်ရယ်နဲ့ သွားလာခဲ့ရတဲ့ဘ၀လေး)

ရှေ့က ဆိုင်ကယ်တွေ မောင်းသွားလို့ တစ်လမ်းလုံး ဖုံတွေထောင်းထောင်းနေတဲ့ကြားထဲသွားရတော့ ဒီလိုပုံစံနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်မှု ယူရတယ်။

အဲ့ဒီအချိန်ကတော့ အဲ့ဒီနေရာက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာပေါ့။ အခုကတော့ စစ်ပွဲတွေဖြစ်ပြီး ဒုက္ခသည်တွေ များပြားနေတဲ့ နေရာတစ်ခု ဖြစ်နေပြီလေ။ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ထဲက တခြားသောရွာတွေနဲ့ အလှမ်းဝေးလွန်းလှပြီး ဟိုးတောင်ပေါ်မှာ ရှိနေတဲ့ ရွာငယ်လေးတွေပေါ့။

အဲ့ဒီနေရာတွေကို သွားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတင် ခွင့်တောင်းပြီး ခွင့်ပြုချက် စာယူရတယ်။ ပြည်သူ့စစ်ဆိုတာနဲ့အတူ သွားဖို့ သူ့ခွင့်ပြုချက်စာကို ကိုင်ပြီး ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ သူကြီးတွေဆီ အဆင့်ဆင့် ခွင့်တောင်းပြီး မှ သွားရတယ်။

တောင်ပေါ်တက်ဖို့က ခြေကျင်လျှောက်တက်ရင် နေ့ဝက်နီးပါးကုန်မယ်၊ ကားလမ်းမရှိဘူး။ ဒါကြောင့် ဆိုင်ကယ်ကယ်ရီ (အဲ့မှာတော့ ဆိုင်ကယ်တက္ကစီမရှိဘူး။) တွေငှားစီးပြီး လမ်းမရှိတဲ့ တောင်ကမ်းပါးစွန်းမှာ ခဲရာခဲဆစ်ခရီးကို သူတို့က ကျွမ်းကျွမ်းကျင်ကျင် မောင်းပို့ပေးတယ်။ လုံးဝ မတ်စောက်နေတဲ့ တောင်ပေါ်ကိုတက်တော့ ဆိုင်ကယ်နောက်ကနေ ပက်လက်ပြုတ်ကျသွားမှာစိုးလို့ ဆိုင်ကယ်ဖင်ထိုင်ခုံကို လက်ပြုတ်မတတ် စွဲကိုင်ထားပြီးလိုက်ရတယ်။ ကျောက်ခဲတစ်လုံးကို တက်နင်းမိလို့ ဆိုင်ကယ်တစ်ချက် ချော်သွားတာနဲ့ ဘေးက ချောက်ထဲ ထိုးဆင်းသွားနိုင်တဲ့ ဆိုင်ကယ် နောက်ကထိုင်လိုက်ရင်း တစ်လမ်းလုံး ဘုရားစာရွတ်လို့ပေါ့။
တောင်ပေါ်ရွာလေးမှာတော့ ဘိန်းအစားထိုး လ္ဘက်ပင်တွေ အများကြီးစိုက်ထားပေမယ့် တောထဲကခူးထားကြတဲ့ ဘိန်းသီးတွေကိုတော့ အိမ်ရှေ့ကွင်းပြင်တွေမှာ နေပူလှန်းထားကြတယ်။

Sunday, March 29, 2015

ငှက်အခွင့်အရေး


စင်္ကာပူကို ရောက်စ တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ လမ်းလျှောက်ထွက်ရင်းနဲ့ foodcourt တစ်ခုအနားက ဖြတ်တဲ့အချိန် 'ကျလိ ကျလိ ... ကျိကျိ' ဆိုတဲ့ ငှက်အော်သံတွေ ကြားရတာနဲ့ မျက်လုံးဝေ့၀ဲ စူးစမ်းမိတော့ ငှက်လှောင်အိမ်တွေ တန်းစီချိတ်ထားတာ တွေ့လိုက်ရတယ်။

ငှက်ရောင်းတဲ့ဆိုင်လား ဒါမှမဟုတ် ငှက်တွေမွေးထားပြီး အလှပြထားတာလား မသိဘူးလို့ ထင်လိုက်တယ်။ အဲဒီကနေ ဆက်လျှောက်လာရင်းနဲ့ တချို့လည်း လမ်းလျှောက်၊ တစ်ချို့လည်း စက်ဘီးလေးနဲ့ ငှက်လှောင်အိမ်လေးတွေကို အပေါ်က cover လေးတွေနဲ့ အုပ်ပြီး ယူလာနေကြတာ မြင်ရတယ်။ သြော် ... ငှက်ပြပွဲ ဒါမှမဟုတ် ငှက်ရောင်းတဲ့နေရာ သွားကြတာဖြစ်မယ်။ ဒါပေမယ့် လူအများစုက တစ်ချိန်တည်းမှာ ယူသွားနေကြတာဆိုတော့ ထူးဆန်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိတယ်။

Wednesday, March 25, 2015

ချစ်ခြင်းတွေ ထာဝစဉ်တည်လို့ ရိုးမြေကျ ဘ၀လက်တွဲဖော် ဖြစ်ခွင့်ရစေသား


ဒီကမ္ဘာလောကကြီးပေါ်မှာ ပင်လယ် တောတောင်ခြားပြီး တစ်နေရာစီမှာ ရှိနေကြတဲ့ လူ ၂ -ယောက် အမှတ်တမဲ့ ဆုံတွေ့ဖို့ဆိုတာ တကယ်တမ်းမှာ မလွယ်ကူလှပါဘူး။

ဒီလိုပါပဲ … အကြောင်းကိစ္စရပ်တစ်ခုကြောင့် အမှတ်မထင် အခိုက်အတန့် ဆုံဖြစ်ကြတဲ့ သူနဲ့ ကျမတို့ ၂-နှစ်ယောက်ဟာလည်း ဘ၀တစ်လျှောက်လုံးစာ ထာဝရလက်တွဲဖော်အဖြစ် လက်တွဲခဲ့ကြသူတွေ ဖြစ်လာလိမ့်မယ်လို့ တွေးထင်မထားခဲ့မိဘူးလေ ….. ။


* * * * * * * * *

မလေးရှားမှာနေတဲ့ သူငယ်ချင်းတစ်ယောက်က နှစ်တစ်နှစ်ရဲ့ နှစ်ဆန်းတစ်ရက်မှာ ပြောလာတယ်။
“ငါ့သူငယ်ချင်းတစ်ယောက် စင်္ကာပူမှာနေတာ၊ သူမြန်မာပြည်ကို ခဏပြန်ဖို့ရှိတယ်။ နင်တို့ စာကြည့်တိုက်အတွက် စာအုပ်တွေ လာလှူလိမ့်မယ်၊ နင့်ဖုန်းနံပါတ် ပေးထားတယ်”လို့ပြောလာတော့ အင်း … သူငယ်ချင်းပြောတဲ့ နာမည်တော့မြင်ဖူး သိဖူးနေတာ လူတော့ မရင်းနှီးဘူး။ ရတယ် ပေးလိုက်ပါလို့ပြောလိုက်တယ်။
နောက်တော့ သူ(သူငယ်ချင်းရဲ့ သူငယ်ချင်း) မြန်မာပြည်ရောက်ပြီး စာကြည့်တိုက်အတွက် စာအုပ်တွေလာပေးတော့ မိတ်ဆက်ရင်း၊ visiting card တွေ အပြန်အလှန်ပေးရင်း စာကြည့်တိုက်အကြောင်း စကားတွေပြောဖြစ်ကြရင်း ခင်မင်သွားခဲ့တယ်။

Friday, March 20, 2015

မိတ္ထီလာအကြမ်းဖက်မှု ၂-နှစ်ပြည့်သော်လည်း မေ့မရနိုင်ပါ

 

လွန်ခဲ့တဲ့ (၂)နှစ်သောကာလ ၂၀၁၃-ခုနှစ် ဒီနေ့လို မတ်လ (၂၀)ရက်နေ့ တစ်ရက် နေ့လည်ပိုင်းမှာ သတင်းတစ်ခု စကြားရတယ်။

“မိတ္ထီလာမှာ ပြဿနာဖြစ်နေတယ်၊ ဘာသာရေးပြဿနာဖြစ်ဖို့ ပွဲဆူအောင် လုပ်နေတဲ့ပုံစံ ဖြစ်နေတယ်။”
ဒါနဲ့ ကျွန်မလည်း မိတ္ထီလာမှာရှိတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဆီ ဖုန်းတွေခေါ်ပြီး ဖြစ်စဉ်ကို မေးမြန်းစူးစမ်းရတော့တာပေါ့။

“ဘာမှ ထူးထူးခြားခြားဖြစ်တာမဟုတ်ပါဘူး။ ဈေးရောင်းဈေးဝယ် စကားများကြတာ။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတော့ အဲ့ဒါကို ပြဿနာပိုကြီးအောင် တမင်လုပ်နေသလို ဖြစ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ”ဆိုတော့ ကျွန်မ စိတ်ပူနေတာ လျော့ကျသွားခဲ့တယ်။

ခဏနေကျ ဖုန်းတစ်ခုခေါ်လာပြန်တယ်။ “ပြဿနာက မပြီးသေးဘူး။ အခုက မွတ်စလင်ပိုင် ဆိုင်ကို လူစုလူဝေးနဲ့ ၀ိုင်းဖျက်ဆီးနေပြီ၊ အဲ့ဒီနားတစ်ဝိုက်လည်း လူတွေ တအားရှုပ်နေပြီး ပြဿနာ တော်တော်ကြီးနေပြီ၊ အဲ့ဒီနားသွားပြီး ဓါတ်ပုံရိုက်တဲ့ မွတ်စလင်တစ်ယောက်လည်း တော်တော်ထိသွားတယ်။”ဆိုတာနဲ့ အဲ့ဒီ ထိခိုက်ခံရတဲ့ မျက်မြင်တစ်ယောက်ကို ဖုန်းရအောင်ဆက်ပြီး အခြေအနေမေးမြန်းတော့ တော်တော် စိုးရိမ်ပူပန်ရတဲ့ အခြေအနေကို ရောက်နေမှန်း ထပ်သိလိုက်ရတယ်။

Sunday, March 01, 2015

လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်

လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်

ဘာသာပြန် - နုရည်ထွန်း



လုပ်ငန်းခွင်သွား အချိန်သုံးထား
လုပ်ငန်းခွင်အသွား (ရထား၊ လိုင်းကား၊ ကိုယ်ပိုင်ကား) ခရီးတလျှောက်မှာ အလဟသ အချိန်ကုန်မခံဘဲ စိတ်အားတက်ဖွယ် သီချင်းမျိုး၊ ဒါမှမဟုတ် တစ်ကိုယ်ရည် တိုးတက်ရေးဆိုင်ရာ အသံလွှင့် အစီအစဉ်များကို နားထောင်ရင်း သွားပါ။

အချိန်စောရောက် အကျိုးမောက်
လုပ်ငန်းခွင်ကို အချိန်မှန် စောစောရောက်အောင် သွားပါ။ တစ်နေ့တာအတွက် ဦးစားပေးလုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာများအပေါ်ကို အာရုံစူးစိုက်ပါ။

အီးမေးစစ်ကြ အလေ့အထ
လုပ်ငန်းခွင် ရောက်လျင်ရောက်ချင်း အီးမေးကြည့်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ လုပ်ဖို့ကျန်နေတဲ့ လက်ထဲရှိနေတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်ပါ။ ပြီးနောက်မှ ပုံမှန်ဆိုသလို အီးမေးစစ်ပါ။

Friday, February 20, 2015

ထိရောက်စွာ ပြောဆိုဆက်သွယ်မှု ၇-ဆင့်


စကားပြောခြင်းနဲ့ စာရေးသားခြင်းတို့ဟာ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း သင်ယူနိုင်တဲ့ အရေးကြီးတဲ့စွမ်းရည်ဖြစ်ပြီး ထိရောက်စွာ  ပြောဆိုဆက်သွယ်မှုအတွက် အောင်မြင်ဖို့ ကိရိယာတစ်ခုဖြစ်တယ်။ ပြောဆိုခြင်းနဲ့ ရေးသားခြင်းတို့ကို ကျောင်းတွေမှာ နည်းနည်းလောက်သာ ထိတွေ့မှု  ရှိခဲ့ကြတယ်။ ဆက်သွယ်ပြောဆိုခြင်းအပေါ် အဓိကထားဖို့ ရှင်းလင်းတဲ့ အတွေး၊ စိတ်ကူးတွေရှိရမယ့်အစား ဆက်သွယ်ပြောဆိုခြင်းကို ကျောင်းတွေမှာ အင်္ဂလိပ်စာ၊ အခြားသောဘာသာစကားများနှင့် လူထုကြား ပြောဆိုမှုသာ ရှိခဲ့တယ်။ သဒ္ဒါ၊ သတ်ပုံတွေ၊ လူထုရှေ့မှာ တည်ငြိမ်စေဖို့ အာရုံထားတာတွေထက် ထိရောက်တဲ့ဆက်သွယ် ပြောဆိုခြင်းက ပိုပြီး လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ပြောဆိုဆက်သွယ်ခြင်းက ကျွမ်းကျင်စေဖို့ ခက်ခဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် အတော်လေး ရိုးရှင်းပါတယ်။ ကောင်းမွန်တဲ့ ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ရှိနေရင် အရာအားလုံးကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ပြောဆိုမှုစွမ်းရည် တိုးတက်လာစေဖို့ ဖော်ပြပါ လွယ်ကူတဲ့ နည်းလမ်းတချို့နဲ့ စတင်နိုင်ပါတယ်။

Monday, February 02, 2015

အက်ဆေးကောင်းတစ်ပုဒ် ရေးနိုင်ဖို့ လိုက်နာဖွယ် (၁၀)ချက်

အက်ဆေးကောင်းတစ်ပုဒ် ရေးနိုင်ဖို့အတွက် ရက်သတ္တပတ်များစွာ စိတ်ပူပန်နေမယ့်အစား ဒီအချက် (၁၀) ချက်ကို လေ့လာဖတ်ရှုဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်ပြီး ဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည်မှု ထားရှိဖို့ သင့်ကလေးကို အကြံပေးလိုက်ပါ။
၁။ အက်ဆေး(ရဲ့ ) မေးခွန်း "essay question" ကို သေသေချာချာ (ဂရုတစိုက်) ဖတ်ပါ။

၂။ အက်ဆေးရဲ့  နောက်ခံအကြောင်းအရာ "background to the essay" အတွက် လိုအပ်တာမှန်သမျှကို ဖတ်ရှုပါ၊ လေ့လာ(သုတေသနပြု)ပါ။

၃။ မေးခွန်းကို (တုံ့ပြန်)ရေးသားဖြေဆိုနိုင်ဖို့ "response to the question" အကြံဉာဏ်(အိုင်ဒီယာ)များ ရရှိလာအောင် စဉ်းစား(ဦးနှောက်ကိုခိုင်း) "Brainstorm" ပါ။

၎။ မေးခွန်းအတွက် (စဉ်းစားပြီး ရရှိလာတဲ့) (တုံ့ပြန်ချက်) အဖြေကို (ခိုင်မာစေမယ့်/ပံ့ပိုးပေးမယ့်) သုတေသန/ရှာဖွေတွေ့ချက် "thesis" (အကြံဉာဏ်/ချေပတုံ့ပြန်ချက်) နဲ့ ဝန်းရံပံ့ပိုးနိုင်စေဖို့ "encapsulates" ကြံဆတီထွင်(ဖန်တီးယူ) "Develop" ပါ။

၅။ (မေးခွန်းကို) (တုံ့ပြန်)ရေးသားဖြေဆိုနိုင်ဖို့ "response" (လုပ်နိုင်ဖို့)အတွက် အစီအစဉ် ရေးဆွဲပါ။


Friday, January 30, 2015

Some say Love Lyrics

Some say Love Lyrics 

- LeAnn Rimes
 
Some say love, it is a river,
 That drowns, the tender reed.
 Some say love, it is a razor,
 that leaves, your soul to bleed.
 Some say love, it is a hunger,
 An endless aching need.
 I say love, it is a flower,
 And you it's only seed.
 
It's the heart, afraid of breaking,
 That never, learns to dance.
 It's the dream, afraid of waking,
 That never, takes the chance.
 It's the one, who won't be taken,
 Who cannot, seem to give.
 And the soul, afraid of dying,
 That never, learns to live.
 
When the night, has been too lonely,
 And the road, has been too long.
 And you feel, that love is only,
 for the lucky, and the strong.
 Just remember, in the winter,
 Far beneath, the bitter snow,
 Lies a seed, that with the sun's love,
 In the spring, becomes a rose...

သမားရိုးကျ မနက်ခင်းကနေ ထပ်ဆင့်တက်လှမ်းသင့်တဲ့ အမူအကျင့် ၁၅-ချက်

index                
အားကောင်းတဲ့ အသေးအဖွဲ အမူအကျင့်တွေကနေ မင်းရဲ့ ကြီးမားအောင်မြင်တဲ့ တစ်နေ့တာကို တစ်ဆင့်ပြီးတစ်ဆင့် စတင်ပါ။

၁။ ပိုပြီး စောစောထပါ။ အိပ်ယာထနေကျအချိန်ထက် နေ့စဉ် ၅-မိနစ် ပိုစောထပါ။
1

၂။ အိပ်ယာထပြီးတာနဲ့ အိပ်ယာသိမ်းပါ။
2

၃။ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ် အညောင်းဆန့်ပါ။
????????????????????????????????????????????????????

Sunday, January 11, 2015

အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး (၁၂) မျိုး

အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး (၁၂) မျိုး
ဘာသာပြန် - နုရည်ထွန်း

နေ့စဉ် လူမှုဘ၀မှာ လူအမျိုးမျိုးအဖုံဖုံနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ အဲဒီအထဲမှာမှ လုပ်ငန်းခွင်မှာ မလွဲမသွေ ကြုံတွေ့ရတဲ့ သူတွေကတော့ အလုပ်ရှင် သူဌေးတွေ ဖြစ်ပါတယ်။ အလုပ်ရှင်ကောင်းနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိတကိုယ်ရည်အတွက်ရော မိမိလုပ်ငန်းခွင်အတွက်ပါ ပိုမိုတိုးတက်စေနိုင်တဲ့ အခွင့်အလမ်းများ ရရှိနိုင်သလို အလုပ်ရှင်ဆိုးနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိပင်ကိုယ် အရည်အချင်းကို ထုတ်ဖော်ပြသခွင့် မရနိုင်တဲ့အပြင် မိမိတကိုယ်ရည်နဲ့ လုပ်ငန်းခွင်ရဲ့ အရည်အသွေးတွေလည်း ဆုတ်ယုတ်သွားစေတတ်ပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်တစ်ခုမှာ ၀န်ထမ်းကောင်းဖြစ်ဖို့ အရေးကြီးသလို မိမိကိုယ်တိုင် အလုပ်ရှင် ဖြစ်လာတဲ့အခါမှာလည်း အလုပ်ရှင် သူဋ္ဌေးဆိုးတစ်ယောက် မဖြစ်ဖို့ အရေးကြီးပါတယ်။ အလုပ်ရှင်ဆိုး တစ်ယောက်မှာ ရှိတတ်တဲ့ အမူအကျင့်တွေထဲက များသောအားဖြင့် တွေ့ရလေ့ရှိတတ်တဲ့ (၁၂) မျိုးကို ဖော်ပြလိုက်ပါတယ်။